ယူကရိန်းသမ္မတက သဘောတူညီချက်တစ်ခုလုပ်သင့်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

288

Pika (NP News) - သြဂုတ်လ ၁၇
ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှား-ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အတွက် သဘောတူညီချက်တစ်ခုကို လုပ်သင့်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အလက်စကာပြည်နယ်မှာ ပူတင်နဲ့ သုံးနာရီကြာတွေ့ဆုံမှုလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ပူတင်နဲ့တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့တွေ့ဆုံမှုတစ်ခုဖြစ်ပြီး ယူကရိန်းပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ အလွန်နီးကပ်နေပြီလို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ပြီးတော့ ယူကရိန်းဟာ ငြိမ်းချမ်းရေးရရှိဖို့အတွက် တွန်းအားပေးမှုတွေနဲ့အတူ လိုက်ပါဆောင်ရွက်သင့်တယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က”ဒါကို အောင်မြင်စွာဖြေရှင်းနိုင်ဖို့ ဇီလန်စကီးအပေါ်မှာပဲ မူတည်ပါတယ်။ပြီးတော့ ဥရောပနိုင်ငံတွေအနေနဲ့လည်း နည်းနည်းလေးတော့ပါဝင်လုပ်ဆောင်သင့်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ပူတင်နဲ့ဇီလန်စကီးကြား တိုက်ရိုက်ဆွေးနွေးမှုတွေအတွက် ကြားဝင်စေ့စပ်ပေးသူအဖြစ် လုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "သူတို့သာလိုအပ်တယ်ဆိုရင် လာမယ့်အစည်းအဝေးမှာ ကျွန်တော်ရှိနေမှာပါ။ရုရှား-ယူကရိန်းပဋိပက္ခ ပြီးဆုံးသွားတယ်ဆိုတာကို ကျွန်တော်သေချာအောင်လုပ်ချင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
zawgyiversion
ယူကရိန္းသမၼတက သေဘာတူညီခ်က္တစ္ခုလုပ္သင့္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ၾသဂုတ္လ ၁၇
ယူကရိန္းသမၼတဇီလန္စကီးဟာ ႐ုရွား-ယူကရိန္းပဋိပကၡကို ေျဖရွင္းႏိုင္ဖို႔အတြက္ သေဘာတူညီခ်က္တစ္ခုကို လုပ္သင့္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ အလက္စကာျပည္နယ္မွာ ပူတင္နဲ႔ သုံးနာရီၾကာေတြ႕ဆုံမႈလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ ပူတင္နဲ႔ေတြ႕ဆုံမႈဟာ ေကာင္းမြန္တဲ့ေတြ႕ဆုံမႈတစ္ခုျဖစ္ၿပီး ယူကရိန္းပဋိပကၡကိုေျဖရွင္းႏိုင္ဖို႔ အလြန္နီးကပ္ေနၿပီလို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ၿပီးေတာ့ ယူကရိန္းဟာ ၿငိမ္းခ်မ္းေရးရရွိဖို႔အတြက္ တြန္းအားေပးမႈေတြနဲ႔အတူ လိုက္ပါေဆာင္႐ြက္သင့္တယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က”ဒါကို ေအာင္ျမင္စြာေျဖရွင္းႏိုင္ဖို႔ ဇီလန္စကီးအေပၚမွာပဲ မူတည္ပါတယ္။ၿပီးေတာ့ ဥေရာပႏိုင္ငံေတြအေနနဲ႔လည္း နည္းနည္းေလးေတာ့ပါဝင္လုပ္ေဆာင္သင့္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ပူတင္နဲ႔ဇီလန္စကီးၾကား တိုက္႐ိုက္ေဆြးေႏြးမႈေတြအတြက္ ၾကားဝင္ေစ့စပ္ေပးသူအျဖစ္ လုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က "သူတို႔သာလိုအပ္တယ္ဆိုရင္ လာမယ့္အစည္းအေဝးမွာ ကြၽန္ေတာ္ရွိေနမွာပါ။႐ုရွား-ယူကရိန္းပဋိပကၡ ၿပီးဆုံးသြားတယ္ဆိုတာကို ကြၽန္ေတာ္ေသခ်ာေအာင္လုပ္ခ်င္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။
လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)