ဖားအောက်တောရဆရာတော် နှလုံးအထူးကုသမှု အောင်မြင်

 976

ကျော် (NP News) - နိုဝင်ဘာ ၁၅

ဖားအောက်တောရဆရာတော်ကြီးသည် နှလုံးကျန်းမာရေးမကောင်းသဖြင့် စင်ကာပူနိုင်ငံတွင် ယနေ့ (နိုဝင်ဘာလ ၁၅ ရက်)၊ နေ့လည် ၁၂ နာရီက နှလုံးအထူးကုသမှုခံယူခဲ့ရသည်။

ထိုသို့ နှလုံးအထူးကုသမှုခံယူရာ၌ ဖားအောက်တောရဆရာတော်ကြီးအား စင်ကာပူနိုင်ငံရှိ ဆေးရုံမှဆရာဝန်များက AV Node Ablation ကုထုံးဖြင့် ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

AV Node Ablation ကုထုံးဖြင့်ကုသမှုခံယူရာ အောင်မြင်မှုရှိခဲ့ပြီး ဆရာတော်ကြီး၏ကျန်းမာရေးအခြေအနေအရ လုံလောက်စွာအနားယူရန်လိုအပ်သဖြင့် ဧည့်တွေ့ဖူးမြှော်ခြင်းကို ဆေးအဖွဲ့ကခွင့်ပြုပေးခြင်းမရှိသေးကြောင်း သိရသည်။

ဆရာတော်ကြီး လုံလောက်စွာအနားယူပြီး၍ ကျန်းမာရေးအခြေအနေအလုံးစုံပြန်လည်ကောင်းမွန်လာမှသာ အချိန်အကန့်အသတ်ဖြင့် ဧည့်တွေ့ဖူးမြှော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဖားအောက်တောရဆရာတော်ကြီးသည် ဆေးကုသမှုခံယူရန် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာလ ၉ ရက်က ကြွရောက်၍ သီတင်းသုံးနေတော်မူခဲ့ရာမှ ယနေ့တွင် နှလုံးအထူးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

ဖားအောက်တောရဆရာတော်ကြီး နှလုံးအထူးကုသမှုခံယူနေစဥ် ဖားအောက်တောရစာသင်တိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များက ဆုတောင်းမေတ္တာပို့သခြင်း၊ ဆရာတော်ကြီးဘွဲ့အမည်ပါ သည့် ဗောဇ္စျင်သုတ်တရားတော်ဖြင့် ပူဇော်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

zawgyi version
ဖားေအာက္ေတာရဆရာေတာ္ ႏွလုံးအထူးကုသမႈ ေအာင္ျမင္
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၅

ဖားေအာက္ေတာရဆရာေတာ္ႀကီးသည္ ႏွလုံးက်န္းမာေရးမေကာင္းသျဖင့္ စင္ကာပူႏိုင္ငံတြင္ ယေန႔ (ႏိုဝင္ဘာလ ၁၅ ရက္)၊ ေန႔လည္ ၁၂ နာရီက ႏွလုံးအထူးကုသမႈခံယူခဲ့ရသည္။

ထိုသို႔ ႏွလုံးအထူးကုသမႈခံယူရာ၌ ဖားေအာက္ေတာရဆရာေတာ္ႀကီးအား စင္ကာပူႏိုင္ငံရွိ ေဆး႐ုံမွဆရာဝန္မ်ားက AV Node Ablation ကုထုံးျဖင့္ ကုသေပးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

AV Node Ablation ကုထုံးျဖင့္ကုသမႈခံယူရာ ေအာင္ျမင္မႈရွိခဲ့ၿပီး ဆရာေတာ္ႀကီး၏က်န္းမာေရးအေျခအေနအရ လုံေလာက္စြာအနားယူရန္လိုအပ္သျဖင့္ ဧည့္ေတြ႕ဖူးေျမႇာ္ျခင္းကို ေဆးအဖြဲ႕ကခြင့္ျပဳေပးျခင္းမရွိေသးေၾကာင္း သိရသည္။

ဆရာေတာ္ႀကီး လုံေလာက္စြာအနားယူၿပီး၍ က်န္းမာေရးအေျခအေနအလုံးစုံျပန္လည္ေကာင္းမြန္လာမွသာ အခ်ိန္အကန္႔အသတ္ျဖင့္ ဧည့္ေတြ႕ဖူးေျမႇာ္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဖားေအာက္ေတာရဆရာေတာ္ႀကီးသည္ ေဆးကုသမႈခံယူရန္ စင္ကာပူႏိုင္ငံသို႔ ႏိုဝင္ဘာလ ၉ ရက္က ႂကြေရာက္၍ သီတင္းသုံးေနေတာ္မူခဲ့ရာမွ ယေန႔တြင္ ႏွလုံးအထူးကုသမႈခံယူခဲ့ျခင္းျဖစ္သည္။

ဖားေအာက္ေတာရဆရာေတာ္ႀကီး ႏွလုံးအထူးကုသမႈခံယူေနစဥ္ ဖားေအာက္ေတာရစာသင္တိုက္အသီးသီးမွ ဆရာေတာ္၊ သံဃာေတာ္မ်ားက ဆုေတာင္းေမတၱာပို႔သျခင္း၊ ဆရာေတာ္ႀကီးဘြဲ႕အမည္ပါ သည့္ ေဗာဇၥ်င္သုတ္တရားေတာ္ျဖင့္ ပူေဇာ္ျခင္းတို႔ကိုျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.