ဗြိတိန် ကုန်စုံဆိုင်တွေမှာ ၂ဝ၂၃ ခုနှစ်အတွင်း Vaping ထုတ်ကုန်များ ရောင်းချဝယ်ယူမှု များပြားနေ

728

ရောင်နီ(NP News) - ဒီဇင်ဘာ ၁၇
ဗြိတိန်မှာ ဆေးလိပ်၊ ဆေးပြင်းလိပ်နဲ့ ဆေးရွက်ကြီးရောင်းအား သိသိသာသာကျဆင်းသွားခဲ့ပေမယ့် Vape ရောင်းဝယ်မှုတွေကတော့ ၂ဝ၂၃ ခုနှစ်အတွင်း နိုင်ငံရဲ့ကုန်ခြောက်၊ကုန်စုံဆိုင်တွေမှာ အလျင်မြန်ဆုံး ကြီးထွားလာ နေတယ်လို့ စက်မှုလုပ်ငန်းဆိုင်ရာအချက်အလက်များအရ သိရပါတယ်။
အောက်တိုဘာလက ဗြိတိန်အစိုးရဟာ လူငယ်မျိုးဆက်သစ်တွေကို ဆေးလိပ်ဝယ်ခြင်းမှ တားမြစ်ဖို့ အဆိုပြုခဲ့ပြီး နောက် Vape ရောင်းဝယ်မှုတွေ ပိုမြင့်တက်လာတာပါ။ ဒီဇင်ဘာ ၁၄ ရက်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အစိုးရကို အီး-စီးကရက်(vape) တွေကိုလည်း ဆေးရွက်ကြီးနဲ့ ထပ်တူ တားမြစ်ဖို့ သတိပေးထားပေမယ့် Vaping ထုတ်ကုန်တွေဟာ ဗြိတိန်မှာ ၂ဝ၂၃ ခုနှစ်အတွင်း ယူရို ၈၉၇.၄ သန်းထိ ရောင်းအား ကောင်းခဲ့တယ်လို့ စျေးကွက် သုတေသီ NIQ နဲ့ The Grocer မှ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်တဲ့အချက်အလက်များအရ သိရပါတယ်။
တရုတ် vaping ကုမ္ပဏီ Heaven Gifts မှ ပိုင်ဆိုင်တဲ့ Lost Mary အမှတ်တံဆိပ်ဟာ ယမန်နှစ်က ရောင်းအား ပေါင် ၃၁ဝ.၆ သန်းနဲ့ ဗြိတိန်ရဲ့အလျင်မြန်ဆုံးကြီးထွားလာတဲ့ ထတ်ကုန်ဖြစ်ခဲ့တယ်လို့ အချက်အလက်များက ဖော်ပြခဲ့ပါတယ်။
ဆေးလိပ်နဲ့ ဆေးပြင်းလိပ်၊ ဆေးရွက်ကြီးရောင်းအားကတော့ ပေါင် ၈၄၉.၁ သန်းနဲ့ ရောင်းအားတန်ဖိုးအရ ပေါင် ၃၉၃.၁ သန်းထိ အသီးသီး ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် နို့၊ ဒိန်ခဲ၊ အသား၊ အဆာပြေ အစားအစာများ၊ ချောကလက်နဲ့ ဘီစကွတ် ရောင်းချမှုမှာလည်း ဝယ်ယူပမာဏ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ၿဗိတိန္ ကုန္စုံဆိုင္ေတြမွာ ၂ဝ၂၃ ခုႏွစ္အတြင္း Vaping ထုတ္ကုန္မ်ား ေရာင္းခ်ဝယ္ယူမႈ မ်ားျပားေန
ေရာင္နီ(NP News) - ဒီဇင္ဘာ ၁၇
ၿဗိတိန္မွာ ေဆးလိပ္၊ ေဆးျပင္းလိပ္နဲ႔ ေဆး႐ြက္ႀကီးေရာင္းအား သိသိသာသာက်ဆင္းသြားခဲ့ေပမယ့္ Vape ေရာင္းဝယ္မႈေတြကေတာ့ ၂ဝ၂၃ ခုႏွစ္အတြင္း ႏိုင္ငံရဲ႕ကုန္ေျခာက္၊ကုန္စုံဆိုင္ေတြမွာ အလ်င္ျမန္ဆုံး ႀကီးထြားလာ ေနတယ္လို႔ စက္မႈလုပ္ငန္းဆိုင္ရာအခ်က္အလက္မ်ားအရ သိရပါတယ္။
ေအာက္တိုဘာလက ၿဗိတိန္အစိုးရဟာ လူငယ္မ်ိဳးဆက္သစ္ေတြကို ေဆးလိပ္ဝယ္ျခင္းမွ တားျမစ္ဖို႔ အဆိုျပဳခဲ့ၿပီး ေနာက္ Vape ေရာင္းဝယ္မႈေတြ ပိုျမင့္တက္လာတာပါ။ ဒီဇင္ဘာ ၁၄ ရက္ကလည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က အစိုးရကို အီး-စီးကရက္(vape) ေတြကိုလည္း ေဆး႐ြက္ႀကီးနဲ႔ ထပ္တူ တားျမစ္ဖို႔ သတိေပးထားေပမယ့္ Vaping ထုတ္ကုန္ေတြဟာ ၿဗိတိန္မွာ ၂ဝ၂၃ ခုႏွစ္အတြင္း ယူ႐ို ၈၉၇.၄ သန္းထိ ေရာင္းအား ေကာင္းခဲ့တယ္လို႔ ေစ်းကြက္ သုေတသီ NIQ နဲ႔ The Grocer မွ ဒီဇင္ဘာ ၁၆ ရက္မွာ ထုတ္ျပန္တဲ့အခ်က္အလက္မ်ားအရ သိရပါတယ္။
တ႐ုတ္ vaping ကုမၸဏီ Heaven Gifts မွ ပိုင္ဆိုင္တဲ့ Lost Mary အမွတ္တံဆိပ္ဟာ ယမန္ႏွစ္က ေရာင္းအား ေပါင္ ၃၁ဝ.၆ သန္းနဲ႔ ၿဗိတိန္ရဲ႕အလ်င္ျမန္ဆုံးႀကီးထြားလာတဲ့ ထတ္ကုန္ျဖစ္ခဲ့တယ္လို႔ အခ်က္အလက္မ်ားက ေဖာ္ျပခဲ့ပါတယ္။
ေဆးလိပ္နဲ႔ ေဆးျပင္းလိပ္၊ ေဆး႐ြက္ႀကီးေရာင္းအားကေတာ့ ေပါင္ ၈၄၉.၁ သန္းနဲ႔ ေရာင္းအားတန္ဖိုးအရ ေပါင္ ၃၉၃.၁ သန္းထိ အသီးသီး က်ဆင္းသြားခဲ့ပါတယ္။ ဒါ့အျပင္ ႏို႔၊ ဒိန္ခဲ၊ အသား၊ အဆာေျပ အစားအစာမ်ား၊ ေခ်ာကလက္နဲ႔ ဘီစကြတ္ ေရာင္းခ်မႈမွာလည္း ဝယ္ယူပမာဏ က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။