အလွန်အမင်း စပါးဈေးကျဆင်းခြင်းကြောင့် တောင်သူလယ်သမားများ (၅)နှစ်အတွင်း အဆိုးဆုံးအရှုံးပေါ်

411

သန့်ဇင် (NP News) - စက်တင်ဘာ ၃ဝ
ယခုနှစ်စပါးဈေးနှုန်းသည် အရှိန်အဟုန် မြင့်ကျဆင်းလာခြင်းကြောင့် တောင်သူလယ်သမားများ (၅)နှစ်အတွင်း အဆိုးဆုံးအရှုံးပေါ်သည့်နှစ် ဖြစ်ကြောင်း တောင်သူလယ်သမားများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ယခုအခါ မိုးစပါးအချို့ရိတ်သိမ်းနေကြပြီး စပါးစက်ကျ(အစို)ဈေးနှုန်းသည် ကျပ်(၈)သိန်းသာ ပေါက်ဈေးရှိကြောင်း သိရသည်။
ထို့ပြင် ရိတ်သိမ်းခ၊ သွင်းအားစုနှင့် အခြားသော အထွေထွေကုန်ကျစရိတ်များသည်လည်း မြင့် တက်လာပြီး ကျပ်(၈)သိန်းသာ ပေါက်ဈေးရှိသော စပါးဈေးကြောင့် တောင်သူလယ်သမားများ(၅)နှစ် အတွင်း အဆိုးဆုံးအရှုံးပေါ်သော နှစ်ဖြစ်ကြောင်း လည်း ဧရာဝတီတိုင်းမှ လယ်သမားတစ်ဦးက ဆို သည်။ “စပါးဈေးက လက်ရှိစက်ကျကို (၈)သိန်း ဈေး။ စပါးတင်း(၁၀ဝ)ကို အစို(၈)သိန်း ဈေးရောင်းရ တယ်။ ရိတ်ခက တစ်ဧကကို ကျပ်(၁၄၀ဝဝဝ) လောက်ရှိတာကိုး။ အဲဒီမှာမှတစ်ခါ ကားပေါ်အရောက် တင်ပေးတဲ့ ထမ်းခတွေလည်းရှိတယ်။အခုနှစ် အတိုင်းအတာဆိုရင်တော့ အဆိုးဆုံးနှစ်လို့ပြောရမယ်။ (၄)၊ (၅)နှစ်အတွင်းကို အဆိုးဆုံးနှစ်လို့ပြောရမှာပေါ့နော်။ အရင်နှစ်က စပါးတင်း(၁၀ဝ)ကို (၂၃)သိန်း၊ (၂၄)သိန်းနဲ့ (၂၄)သိန်းခွဲအထိရောင်းရတယ် လေ။ အခုနှစ်နဲ့ယှဉ်လိုက်တော့ အရမ်းကွာဟနေ တာပေါ့” ဟု ၎င်းကပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာရှိ စပါးဈေးကွက်တွင်လည်း ပျမ်းမျှ စပါးတင်း(၁၀ဝ)လျှင် ငွေ ကျပ် (၁၀)သိန်း ဝန်းကျင်သာရှိကြောင်း သိရသည်။ ယင်းဈေးနှုန်းသည် တစ်ဧက စပါးတင်း (၇၀)ထွက်ပါက အရင်းကျေသည့်အဆင့်သာရှိပြီး အကယ်၍ တင်း(၇၀)အောက်လျော့ထွက်လျှင် အရှုံးနှင့်ရင် ဆိုင်ရပြီဖြစ်ကြောင်း ပဲခူးတိုင်းမှလယ်သမားတစ်ဦးက ရှင်းပြသည်။
“တင်း (၈၀) (၁၀ဝ)ထွက်တယ်ဆိုရင်တောင် ကျွန်တော်တို့က ထက်ဝက်ဈေးလောက်ပဲ တွက်ရ တယ်။ တအားသွင်းအားစုမပေးနိုင်တဲ့အခါ မျိုးကျတော့ တင်း(၇၀)နဲ့(၈၀)လောက်အထိပဲ ထွက် တယ်။ စပါး (၇၀)ဖိုးလောက်ပဲ စရိတ်ကုန်မယ်လို့ တောင်သူတွေကမှန်းထားတာ။ အဲဒါ လယ်ပိုင် ယာပိုင်လုပ်တဲ့ လူတွေပေါ့နော်။ ငှားလုပ်တဲ့လူတွေကို ပြောတာမဟုတ်ဘူးနော်။ စပါးတင်း (၇၀)လောက်မှပဲ အရင်းရ တယ်လို့ပြောလို့ရမှာပေါ့။ (၇၀)လောက် မထွက်ရင် ရှုံးပြီ။ (၇၀)အောက်ထွက်တဲ့ လယ်တွေ အများကြီးရှိ တယ်”ဟု ပဲခူးတိုင်းမှလယ်သမား တစ်ဦးက ပြောသည်။
စပါးဈေးကျဆင်းခြင်းသည် နိုင်ငံတကာ ဆန်ဈေးကျခြင်းနှင့် အခြေခံရည်ညွှန်းစပါးဈေးနှုန်း ကြောင့် အပါအဝင် အခြားသောအကြောင်းပြချက် များစွာရှိနေသော်လည်း တောင်သူလယ်သမားများ အတွက်မူ ယခင်ထက်ကျပ်တည်းလာလျက်ရှိနေ သည်။ အလားတူ မြေပဲစိုက်တောင်သူများသည် လည်း ယခုနှစ် မြေပဲလုံးဆံတစ်ပိဿာလျှင်(၇၅၀ဝ)ကျပ်သာရောင်းချရသည့်အတွက် သွင်းအားစုဈေးနှုန်း၊ ထွန် ယက်စိုက်ပျိုးခနှင့် အထွေထွေကုန်ကျ စရိတ်များကြောင့် အရှုံးပေါ်သည့်နှစ်ဖြစ်ကြောင်း မကွေးတိုင်းမှ မြေပဲစိုက်တောင်သူတစ်ဦးက ပြောသည်။ “အခုနှစ်က မြေပဲလုံးဆံတစ်ပိဿာကို (၇၅၀ဝ)ပဲရောင်းရ တယ်။ အစိုဆိုရင် တစ်တင်း (၃၀ဝဝဝ)ကျပ်ဝန်းကျင်ပဲရောင်းရတယ်။ မြေပဲစိုက်ဖို့ ထွန်စက်မောင်းခက တစ်ဧကကို (၁)သိန်းနီးပါးရှိတယ်။ မြေပဲလှန်းရင်လည်း အငှားသမားခေါ်ရတယ်။ နုတ်တာတို့ ဆွတ်တာ တို့လည်း အငှားသမားခေါ်ရ တယ်။ အဲဒီအငှားသမားက တစ်ရက်ကို (၂၀ဝဝဝ)ကျပ်ပေးရတယ်။ ဈေး တက်သွားတာ။ အဲဒီအပြင်ကို သွင်းအားစုတွေဖြစ်တဲ့ အပင်ကောင်းဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ကလည်း ဖျန်းရသေးတယ်။ တခြားအထွေထွေကုန်ကျစရိတ်တွေ ပေါင်းထည့်ရင် အိတ်စိုက်ရပြီး လုပ် အား ပင်ပန်းတာပဲ အဖတ်တင်တယ်”ဟု ၎င်းကပြောသည်။

Zawgyi Version:
အလြန္အမင္း စပါးေဈးက်ဆင္းျခင္းေၾကာင့္ ေတာင္သူလယ္သမားမ်ား (၅)ႏွစ္အတြင္း အဆိုးဆုံးအရႈံးေပၚ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၃ဝ
ယခုႏွစ္စပါးေဈးႏႈန္းသည္ အရွိန္အဟုန္ ျမင့္က်ဆင္းလာျခင္းေၾကာင့္ ေတာင္သူလယ္သမားမ်ား (၅)ႏွစ္အတြင္း အဆိုးဆုံးအရႈံးေပၚသည့္ႏွစ္ ျဖစ္ေၾကာင္း ေတာင္သူလယ္သမားမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ယခုအခါ မိုးစပါးအခ်ိဳ႕ရိတ္သိမ္းေနၾကၿပီး စပါးစက္က်(အစို)ေဈးႏႈန္းသည္ က်ပ္(၈)သိန္းသာ ေပါက္ေဈးရွိေၾကာင္း သိရသည္။
ထို႔ျပင္ ရိတ္သိမ္းခ၊ သြင္းအားစုႏွင့္ အျခားေသာ အေထြေထြကုန္က်စရိတ္မ်ားသည္လည္း ျမင့္ တက္လာၿပီး က်ပ္(၈)သိန္းသာ ေပါက္ေဈးရွိေသာ စပါးေဈးေၾကာင့္ ေတာင္သူလယ္သမားမ်ား(၅)ႏွစ္ အတြင္း အဆိုးဆုံးအရႈံးေပၚေသာ ႏွစ္ျဖစ္ေၾကာင္း လည္း ဧရာဝတီတိုင္းမွ လယ္သမားတစ္ဦးက ဆို သည္။ “စပါးေဈးက လက္ရွိစက္က်ကို (၈)သိန္း ေဈး။ စပါးတင္း(၁၀ဝ)ကို အစို(၈)သိန္း ေဈးေရာင္းရ တယ္။ ရိတ္ခက တစ္ဧကကို က်ပ္(၁၄၀ဝဝဝ) ေလာက္ရွိတာကိုး။ အဲဒီမွာမွတစ္ခါ ကားေပၚအေရာက္ တင္ေပးတဲ့ ထမ္းခေတြလည္းရွိတယ္။အခုႏွစ္ အတိုင္းအတာဆိုရင္ေတာ့ အဆိုးဆုံးႏွစ္လို႔ေျပာရမယ္။ (၄)၊ (၅)ႏွစ္အတြင္းကို အဆိုးဆုံးႏွစ္လို႔ေျပာရမွာေပါ့ေနာ္။ အရင္ႏွစ္က စပါးတင္း(၁၀ဝ)ကို (၂၃)သိန္း၊ (၂၄)သိန္းနဲ႔ (၂၄)သိန္းခြဲအထိေရာင္းရတယ္ ေလ။ အခုႏွစ္နဲ႔ယွဥ္လိုက္ေတာ့ အရမ္းကြာဟေန တာေပါ့” ဟု ၎ကေျပာသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာရွိ စပါးေဈးကြက္တြင္လည္း ပ်မ္းမွ် စပါးတင္း(၁၀ဝ)လွ်င္ ေငြ က်ပ္ (၁၀)သိန္း ဝန္းက်င္သာရွိေၾကာင္း သိရသည္။ ယင္းေဈးႏႈန္းသည္ တစ္ဧက စပါးတင္း (၇၀)ထြက္ပါက အရင္းေက်သည့္အဆင့္သာရွိၿပီး အကယ္၍ တင္း(၇၀)ေအာက္ေလ်ာ့ထြက္လွ်င္ အရႈံးႏွင့္ရင္ ဆိုင္ရၿပီျဖစ္ေၾကာင္း ပဲခူးတိုင္းမွလယ္သမားတစ္ဦးက ရွင္းျပသည္။
“တင္း (၈၀) (၁၀ဝ)ထြက္တယ္ဆိုရင္ေတာင္ ကြၽန္ေတာ္တို႔က ထက္ဝက္ေဈးေလာက္ပဲ တြက္ရ တယ္။ တအားသြင္းအားစုမေပးႏိုင္တဲ့အခါ မ်ိဳးက်ေတာ့ တင္း(၇၀)နဲ႔(၈၀)ေလာက္အထိပဲ ထြက္ တယ္။ စပါး (၇၀)ဖိုးေလာက္ပဲ စရိတ္ကုန္မယ္လို႔ ေတာင္သူေတြကမွန္းထားတာ။ အဲဒါ လယ္ပိုင္ ယာပိုင္လုပ္တဲ့ လူေတြေပါ့ေနာ္။ ငွားလုပ္တဲ့လူေတြကို ေျပာတာမဟုတ္ဘူးေနာ္။ စပါးတင္း (၇၀)ေလာက္မွပဲ အရင္းရ တယ္လို႔ေျပာလို႔ရမွာေပါ့။ (၇၀)ေလာက္ မထြက္ရင္ ရႈံးၿပီ။ (၇၀)ေအာက္ထြက္တဲ့ လယ္ေတြ အမ်ားႀကီးရွိ တယ္”ဟု ပဲခူးတိုင္းမွလယ္သမား တစ္ဦးက ေျပာသည္။
စပါးေဈးက်ဆင္းျခင္းသည္ ႏိုင္ငံတကာ ဆန္ေဈးက်ျခင္းႏွင့္ အေျခခံရည္ၫႊန္းစပါးေဈးႏႈန္း ေၾကာင့္ အပါအဝင္ အျခားေသာအေၾကာင္းျပခ်က္ မ်ားစြာရွိေနေသာ္လည္း ေတာင္သူလယ္သမားမ်ား အတြက္မူ ယခင္ထက္က်ပ္တည္းလာလ်က္ရွိေန သည္။ အလားတူ ေျမပဲစိုက္ေတာင္သူမ်ားသည္ လည္း ယခုႏွစ္ ေျမပဲလုံးဆံတစ္ပိႆာလွ်င္(၇၅၀ဝ)က်ပ္သာေရာင္းခ်ရသည့္အတြက္ သြင္းအားစုေဈးႏႈန္း၊ ထြန္ ယက္စိုက္ပ်ိဳးခႏွင့္ အေထြေထြကုန္က် စရိတ္မ်ားေၾကာင့္ အရႈံးေပၚသည့္ႏွစ္ျဖစ္ေၾကာင္း မေကြးတိုင္းမွ ေျမပဲစိုက္ေတာင္သူတစ္ဦးက ေျပာသည္။ “အခုႏွစ္က ေျမပဲလုံးဆံတစ္ပိႆာကို (၇၅၀ဝ)ပဲေရာင္းရ တယ္။ အစိုဆိုရင္ တစ္တင္း (၃၀ဝဝဝ)က်ပ္ဝန္းက်င္ပဲေရာင္းရတယ္။ ေျမပဲစိုက္ဖို႔ ထြန္စက္ေမာင္းခက တစ္ဧကကို (၁)သိန္းနီးပါးရွိတယ္။ ေျမပဲလွန္းရင္လည္း အငွားသမားေခၚရတယ္။ ႏုတ္တာတို႔ ဆြတ္တာ တို႔လည္း အငွားသမားေခၚရ တယ္။ အဲဒီအငွားသမားက တစ္ရက္ကို (၂၀ဝဝဝ)က်ပ္ေပးရတယ္။ ေဈး တက္သြားတာ။ အဲဒီအျပင္ကို သြင္းအားစုေတြျဖစ္တဲ့ အပင္ေကာင္းေဆး၊ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး ကလည္း ဖ်န္းရေသးတယ္။ တျခားအေထြေထြကုန္က်စရိတ္ေတြ ေပါင္းထည့္ရင္ အိတ္စိုက္ရၿပီး လုပ္ အား ပင္ပန္းတာပဲ အဖတ္တင္တယ္”ဟု ၎ကေျပာသည္။