ရုရှားအစိုးရက ပင်လယ်နက်ကိုဖြတ်သန်းပြီး သီးနှံတင်ပို့မှုသဘောတူညီချက်ကို သက်တမ်းတိုးရန် စိတ်မဝင်စားဟုဆို

 709

Pika (NP News) - ဒီဇင်ဘာ ၁၈

ရုရှားအစိုးရသည် ပင်လယ်နက်ကို ဖြတ်သန်းပြီး သီးနှံတင်ပို့မှုသဘောတူညီချက်ကို သက်တမ်းတိုးရန် စိတ်မဝင်စား ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီး ဒီမစ်ထရီပက်ထရုရှက်ဗ်၏ ပြောဆိုချက်များကို ကိုးကားပြီး RIA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ရုရှား နှင့် ယူကရိန်းကြား သဘောတူထားသော ပင်လယ်နက်ကိုဖြတ်သန်းပြီး သီးနှံတင်ပို့မှုသဘောတူညီချက်ကို သက်တမ်းတိုးရန်အတွက် ဆုံးဖြတ်ချက်များသည် နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ဒီမစ်ထရီ ပက်ထရုရှက်ဗ်ပ် က ပြောကြားခဲ့သည်။

သို့သော်လည်း ရုရှားအစိုးရသည် ၎င်း၏ ဝယ်သူများထံသို့ သီးနှံတင်ပို့မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒီမစ်ထရီပက်ထရုရှက်ဗ်က ပြောကြားခဲ့သည်။ ဒီမစ်ထရီပက်ထရုရှက်ဗ် က "ပင်လယ်နက်ကို ဖြတ်သန်းပြီး သီးနှံတင်ပို့မှုသဘောတူညီချက်ကို ထည့်သွင်းစဉ်းစားထားတဲ့ ကျွန်တော်တို့ရဲ့သီးနှံတင်ပို့မှု ပမာဏဟာ ကျဆင်းသွားတာမျိုးမရှိခဲ့ဘဲ အနည်းငယ်တောင် ပိုတိုးလာခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လတွင် ရုရှားအစိုးရသည် ယူကရိန်းကို ၎င်း၏ ပင်လယ်နက်ဆိပ်ကမ်းများမှ သီးနှံများအား ဘေးကင်းစွာတင်ပို့ခွင့်ပြုခဲ့သည့် သဘောတူညီချက်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ် သည် အဆင်းရဲဆုံးနိုင်ငံများသို့ သီးနှံတင်ပို့နိုင်ခြင်းမျိုးမရှိခဲ့သည့်အပြင် ၎င်း၏ သီးနှံနှင့် ဓါတ်မြေဩဇာတင်ပို့မှုများ သည် အတားအဆီးများနှင့် ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် သဘောတူညီချက်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ပြောခဲ့သည်။

ထို့အပြင် ရုရှား နှင့် ယူကရိန်းကြား သဘောတူညီထားသော သီးနှံတင်ပို့မှုသဘောတူညီချက်ကို ပြန်လည်ရယူပေး နိုင်ရန် ကြိုးပမ်းနေကြောင်း တူရကီသမ္မတအာဒိုဂန်က ပြီးခဲ့သည့်ဩဂုတ်လတွင် ထုတ်ဖော်ပြောခဲ့သည်။ ရုရှား နှင့် ယူကရိန်းကြား ပင်လက်နက်ကိုဖြတ်သန်း၍ သီးနှံတင်ပို့မှုသဘောတူညီချက်ကို ၂ဝ၂၂ ခုနှစ်တွင် ကုလသမဂ္ဂ နှင့် တူရကီတို့က ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
႐ုရွားအစိုးရက ပင္လယ္နက္ကိုျဖတ္သန္းၿပီး သီးႏွံတင္ပို႔မႈသေဘာတူညီခ်က္ကို သက္တမ္းတိုးရန္ စိတ္မဝင္စားဟုဆို
Pika (NP News) - ဒီဇင္ဘာ ၁၈

႐ုရွားအစိုးရသည္ ပင္လယ္နက္ကို ျဖတ္သန္းၿပီး သီးႏွံတင္ပို႔မႈသေဘာတူညီခ်က္ကို သက္တမ္းတိုးရန္ စိတ္မဝင္စား ေၾကာင္း ႐ုရွားစိုက္ပ်ိဳးေရးဝန္ႀကီး ဒီမစ္ထရီပက္ထ႐ုရွက္ဗ္၏ ေျပာဆိုခ်က္မ်ားကို ကိုးကားၿပီး RIA သတင္း ေအဂ်င္စီက ေဖာ္ျပခဲ့သည္။

႐ုရွား ႏွင့္ ယူကရိန္းၾကား သေဘာတူထားေသာ ပင္လယ္နက္ကိုျဖတ္သန္းၿပီး သီးႏွံတင္ပို႔မႈသေဘာတူညီခ်က္ကို သက္တမ္းတိုးရန္အတြက္ ဆုံးျဖတ္ခ်က္မ်ားသည္ ႏိုင္ငံေရးဆုံးျဖတ္ခ်က္တစ္ခုျဖစ္ေၾကာင္း ဒီမစ္ထရီ ပက္ထ႐ုရွက္ဗ္ပ္ က ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း ႐ုရွားအစိုးရသည္ ၎၏ ဝယ္သူမ်ားထံသို႔ သီးႏွံတင္ပို႔မႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ဒီမစ္ထရီပက္ထ႐ုရွက္ဗ္က ေျပာၾကားခဲ့သည္။ ဒီမစ္ထရီပက္ထ႐ုရွက္ဗ္ က "ပင္လယ္နက္ကို ျဖတ္သန္းၿပီး သီးႏွံတင္ပို႔မႈသေဘာတူညီခ်က္ကို ထည့္သြင္းစဥ္းစားထားတဲ့ ကြၽန္ေတာ္တို႔ရဲ႕သီးႏွံတင္ပို႔မႈ ပမာဏဟာ က်ဆင္းသြားတာမ်ိဳးမရွိခဲ့ဘဲ အနည္းငယ္ေတာင္ ပိုတိုးလာခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

ၿပီးခဲ့သည့္ဇူလိုင္လတြင္ ႐ုရွားအစိုးရသည္ ယူကရိန္းကို ၎၏ ပင္လယ္နက္ဆိပ္ကမ္းမ်ားမွ သီးႏွံမ်ားအား ေဘးကင္းစြာတင္ပို႔ခြင့္ျပဳခဲ့သည့္ သေဘာတူညီခ်က္မွ ႏႈတ္ထြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါအစီအစဥ္ သည္ အဆင္းရဲဆုံးႏိုင္ငံမ်ားသို႔ သီးႏွံတင္ပို႔ႏိုင္ျခင္းမ်ိဳးမရွိခဲ့သည့္အျပင္ ၎၏ သီးႏွံႏွင့္ ဓါတ္ေျမဩဇာတင္ပို႔မႈမ်ား သည္ အတားအဆီးမ်ားႏွင့္ ရင္ဆိုင္ေနရဆဲျဖစ္ေသာေၾကာင့္ သေဘာတူညီခ်က္မွ ႏႈတ္ထြက္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားအစိုးရက ေျပာခဲ့သည္။

ထို႔အျပင္ ႐ုရွား ႏွင့္ ယူကရိန္းၾကား သေဘာတူညီထားေသာ သီးႏွံတင္ပို႔မႈသေဘာတူညီခ်က္ကို ျပန္လည္ရယူေပး ႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း တူရကီသမၼတအာဒိုဂန္က ၿပီးခဲ့သည့္ဩဂုတ္လတြင္ ထုတ္ေဖာ္ေျပာခဲ့သည္။ ႐ုရွား ႏွင့္ ယူကရိန္းၾကား ပင္လက္နက္ကိုျဖတ္သန္း၍ သီးႏွံတင္ပို႔မႈသေဘာတူညီခ်က္ကို ၂ဝ၂၂ ခုႏွစ္တြင္ ကုလသမဂၢ ႏွင့္ တူရကီတို႔က ၾကားဝင္ေစ့စပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.