ရန်ကုန်မြို့၌ ကွန်တိန်နာယာဉ်နှင့် သုံးဘီးဆိုင်ကယ်တို့ တိုက်မိခဲ့ရာ ကလေးငယ်အပါအဝင် (၂)ဦး သေဆုံး

 4210

စော (NP News) - ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၌ ကွန်တိန်နာယာဉ်နှင့် သုံးဘီးဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ကလေးငယ် အပါအဝင် (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၁၈ ရက်)၊ ည (၈)နာရီခွဲအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင်နောင်လမ်းမကြီးနှင့် ကံကော်လမ်းမကြီးထိပ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြတ်ကုသိုလ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ကွန်တိန်နာနဲ့ သုံးဘီးနဲ့ မျက်နှာချင်းဆိုင်တိုက်တာ။ ကွန်တိန်နာရပ်ထားတဲ့ပုံစံကတော့ သူလမ်းမကြီးအတိုင်းပါပဲ။ သုံးဘီးကတော့ ကွေ့မဲ့အနေအထားနဲ့ တိုက်မိတာနဲ့တူပါတယ်။ သုံးဘီမောင်းတဲ့လူနဲ့ တစ်နှစ်နဲ့ခြောက်လအရွယ်ကလေးက သေဆုံးသွားတယ်။ ကလေးအမေပါသေးတယ်။ သူကတော့ လက်ဖျံရိုးကျိုးသွားတယ်”ဟု မြတ်ကုသိုလ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သုံးဘီးမောင်းသူ ကိုအောင်ကြီး (၃၅)နှစ်နှင့် မစုရတီထွန်း (၁နှစ်၆လ)တို့သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မစိုးရတီထွန်း၏ မိခင်ဖြစ်သူ မအေးစိုး (၂၄)နှစ်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအား အင်းစိန်ဆေးရုံသို့ ပို့‌‌ဆောင်ထားကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ ကြန္တိန္နာယာဥ္ႏွင့္ သုံးဘီးဆိုင္ကယ္တို႔ တိုက္မိခဲ့ရာ ကေလးငယ္အပါအဝင္ (၂)ဦး ေသဆုံး

ေစာ (NP News) - ဒီဇင္ဘာ ၁၉

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၌ ကြန္တိန္နာယာဥ္ႏွင့္ သုံးဘီးဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ ကေလးငယ္ အပါအဝင္ (၂)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၁၈ ရက္)၊ ည (၈)နာရီခြဲအခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင္ေနာင္လမ္းမႀကီးႏွင့္ ကံေကာ္လမ္းမႀကီးထိပ္၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမတ္ကုသိုလ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“ကြန္တိန္နာနဲ႔ သုံးဘီးနဲ႔ မ်က္ႏွာခ်င္းဆိုင္တိုက္တာ။ ကြန္တိန္နာရပ္ထားတဲ့ပုံစံကေတာ့ သူလမ္းမႀကီးအတိုင္းပါပဲ။ သုံးဘီးကေတာ့ ေကြ႕မဲ့အေနအထားနဲ႔ တိုက္မိတာနဲ႔တူပါတယ္။ သုံးဘီေမာင္းတဲ့လူနဲ႔ တစ္ႏွစ္နဲ႔ေျခာက္လအ႐ြယ္ကေလးက ေသဆုံးသြားတယ္။ ကေလးအေမပါေသးတယ္။ သူကေတာ့ လက္ဖ်ံ႐ိုးက်ိဳးသြားတယ္”ဟု ျမတ္ကုသိုလ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ သုံးဘီးေမာင္းသူ ကိုေအာင္ႀကီး (၃၅)ႏွစ္ႏွင့္ မစုရတီထြန္း (၁ႏွစ္၆လ)တို႔သည္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မစိုးရတီထြန္း၏ မိခင္ျဖစ္သူ မေအးစိုး (၂၄)ႏွစ္မွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎အား အင္းစိန္ေဆး႐ုံသို႔ ပို႔‌‌ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.