ပိတ်ရက်မရှိဖြေဆိုရမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်စာမေးပွဲအချိန်စာရင်းကို ပြောင်းလဲသွားမည်မဟုတ်ကြောင်း စာစစ်ဦးစီးဌာနဆို

3469

ယွန်း (NP News) - ဒီဇင်ဘာ ၂၃
ပိတ်ရက်မရှိဖြေဆိုရမည့် ၂၀၂၄ခုနှစ် တက္ကသိုလ်စာမေးပွဲအချိန်စာရင်းကို ပြောင်းလဲသွားမည်မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးပြောကြားသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာ(၁၅)ရက်နေ့က အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါအချိန်စာရင်းအရ ကျောင်းသားများအနေဖြင့် စာမေးပွဲကို ပိတ်ရက်မရှိ ဆက်တိုက်ဖြေဆိုရမည်ဖြစ်ရာ ၎င်းအချိန်စာရင်းသည် ကျောင်းသားများအတွက် အခက်အခဲများရှိနေကြောင်း ကျောင်းသားမိဘများ၏ ဖွင့်ဟပြောဆိုမှုများ ရှိနေသည်။
သို့သော် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် အချိန်စာရင်းကို ပြောင်းလဲသွားမည်မဟုတ်ဘဲ ယခင်ထုတ်ပြန်ထားသည့်အတိုင်းသာ ဖြေဆိုခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
“တစ်နှစ်နဲ့ တစ်နှစ်ကတော့ မတူဘူး။ ဒီနှစ်မှာတော့ ဆက်တိုက်တော့ဖြစ်သွားတယ်။ ဒါကြောင့်လည်း ကြိုပြီးတော့ ကြေညာတာပါ။ လုံလောက်တဲ့ အချိန်လည်း ရှိပါတယ်။ တစ်နေ့ကို နှစ်ဘာသာဖြေရတာလည်းမဟုတ်ဘူး။ တစ်ဘာသာပဲ ဖြေရတာလေ။ သေချာကြိုးစားပြီး ပြင်ဆင်ထားတဲ့ကလေးကတော့ တစ်နေ့ တစ်ဘာသာဖြေရလည်း အဆင်ပြေမှာပါ။ စာကို စောစောစီးစီးတော့ ပိုပြီးကြိုးစားထားဖို့တော့လိုပါတယ်။ ကြိုးစားတဲ့ကလေးအတွက်ကတော့ တစ်စုံ တစ်ရာပြဿနာမရှိနိုင်ပါဘူး။ ဒီအချိန်ဇယားအတိုင်းပဲဖြေရမှာပါ” ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
၂၀၂၄ ခုနှစ်၌ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်နေ့မှစတင်၍ ရောင်းချပေးခဲ့ပြီး လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခွင့်လျှောက်လွှာတင်ရန် နောက်ကျနေသူများကိုလည်း လက်ခံပေးနေကြောင်း သိရသည်။
ထို့ပြင် စနစ်ဟောင်း နဝမတန်း(Grade-10)အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade-11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပေးမည်ဟု စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်တွင် ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅ဝ)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version
ပိတ္ရက္မရွိေျဖဆိုရမည့္ ၂၀၂၄ ခုႏွစ္ တကၠသိုလ္စာေမးပြဲအခ်ိန္စာရင္းကို ေျပာင္းလဲသြားမည္မဟုတ္ေၾကာင္း စာစစ္ဦးစီးဌာနဆို
ယြန္း (NP News) - ဒီဇင္ဘာ ၂၃
ပိတ္ရက္မရွိေျဖဆိုရမည့္ ၂၀၂၄ခုႏွစ္ တကၠသိုလ္စာေမးပြဲအခ်ိန္စာရင္းကို ေျပာင္းလဲသြားမည္မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက အသိေပးေျပာၾကားသည္။
၂၀၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို လာမည့္ မတ္လ(၁၁)ရက္ေန႔မွ မတ္လ(၁၉)ရက္ေန႔အထိ ေျဖဆိုရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ၿပီးခဲ့သည့္ ဒီဇင္ဘာ(၁၅)ရက္ေန႔က အသိေပးထုတ္ျပန္ထားၿပီးျဖစ္သည္။
အဆိုပါအခ်ိန္စာရင္းအရ ေက်ာင္းသားမ်ားအေနျဖင့္ စာေမးပြဲကို ပိတ္ရက္မရွိ ဆက္တိုက္ေျဖဆိုရမည္ျဖစ္ရာ ၎အခ်ိန္စာရင္းသည္ ေက်ာင္းသားမ်ားအတြက္ အခက္အခဲမ်ားရွိေနေၾကာင္း ေက်ာင္းသားမိဘမ်ား၏ ဖြင့္ဟေျပာဆိုမႈမ်ား ရွိေနသည္။
သို႔ေသာ္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနအေနျဖင့္ အခ်ိန္စာရင္းကို ေျပာင္းလဲသြားမည္မဟုတ္ဘဲ ယခင္ထုတ္ျပန္ထားသည့္အတိုင္းသာ ေျဖဆိုခြင့္ျပဳမည္ ျဖစ္ေၾကာင္း သိရသည္။
“တစ္ႏွစ္နဲ႔ တစ္ႏွစ္ကေတာ့ မတူဘူး။ ဒီႏွစ္မွာေတာ့ ဆက္တိုက္ေတာ့ျဖစ္သြားတယ္။ ဒါေၾကာင့္လည္း ႀကိဳၿပီးေတာ့ ေၾကညာတာပါ။ လုံေလာက္တဲ့ အခ်ိန္လည္း ရွိပါတယ္။ တစ္ေန႔ကို ႏွစ္ဘာသာေျဖရတာလည္းမဟုတ္ဘူး။ တစ္ဘာသာပဲ ေျဖရတာေလ။ ေသခ်ာႀကိဳးစားၿပီး ျပင္ဆင္ထားတဲ့ကေလးကေတာ့ တစ္ေန႔ တစ္ဘာသာေျဖရလည္း အဆင္ေျပမွာပါ။ စာကို ေစာေစာစီးစီးေတာ့ ပိုၿပီးႀကိဳးစားထားဖို႔ေတာ့လိုပါတယ္။ ႀကိဳးစားတဲ့ကေလးအတြက္ကေတာ့ တစ္စုံ တစ္ရာျပႆနာမရွိႏိုင္ပါဘူး။ ဒီအခ်ိန္ဇယားအတိုင္းပဲေျဖရမွာပါ” ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
၂၀၂၄ ခုႏွစ္၌ က်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားကို ၿပီးခဲ့သည့္ စက္တင္ဘာလ(၁)ရက္ေန႔မွစတင္၍ ေရာင္းခ်ေပးခဲ့ၿပီး လက္ရွိတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျဖဆိုခြင့္ေလွ်ာက္လႊာတင္ရန္ ေနာက္က်ေနသူမ်ားကိုလည္း လက္ခံေပးေနေၾကာင္း သိရသည္။
ထို႔ျပင္ စနစ္ေဟာင္း နဝမတန္း(Grade-10)ေအာင္ျမင္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စနစ္ေဟာင္းတကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆိုျခင္း မရွိခဲ့သူမ်ားႏွင့္ စနစ္ေဟာင္း ဒသမတန္း (Grade-11) တကၠသိုလ္ဝင္စာေမးပြဲ က်ရႈံးသူမ်ားကို ျပင္ပေျဖအျဖစ္ ေျဖဆိုခြင့္ေပးမည္ဟု စာစစ္ဦးစီးဌာနက ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္တြင္ က်င္းပခဲ့ရာ ဝင္ေရာက္ေျဖဆိုသူ စုစုေပါင္း(၁၆၁၈၅ဝ)ဦး ရွိခဲ့ၿပီး ေအာင္ျမင္သူ (၁ဝ၉၈၅၁)ဦး ရွိခဲ့ေၾကာင္း သိရသည္။