ပြည်တွင်း၌ ဖိနပ်ဝယ်လိုအား တစ်နှစ်လျှင် သန်း(၄၀) ကျော် ရှိသော်လည်း လိုအပ်ချက်ပြည်မီရန် မထုတ်လုပ်နိုင်သေး

353

Peral (NP News ) - စက်တင်ဘာလ ၃
ပြည်တွင်း ၌ဖိနပ်ဝယ်လိုအား တစ်နှစ်လျှင် သန်း(၄၀)ကျော်ခန့်ရှိသော်လည်း လိုအပ် ချက်ပြည့် မီရန် မထုတ်လုပ်နိုင်သေးကြောင်း ဖိနပ်လုပ်ငန်း ရှင်များထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၌ ဖိနပ်လုပ်ငန်းရှင် (၄)သောင်းကျော်ရှိသော်လည်း ပြည်တွင်း၌ ဖိနပ်ဝယ်လိုအားမှာ သန်း(၄၀)ကျော်ဖြစ် ပြီး လက်ရှိတွင် (၂၅)ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်သေး ကြောင်း သိရသည်။
" လုပ်ငန်းရှင်ပေါင်းက ရန်ကုန်တိုင်း တစ်တိုင်းလုံးမှာတင် (၄)သောင်းကျော်ရှိတယ်။ ဖိနပ်ဆိုတာက တိုင်းပြည်မှာ(၃)နှစ်သားကနေ သေတဲ့အထိ စီးကြတာ။ သေရင်တောင် ကိုယ်တွေ လူမျိုးတွေက အခေါင်းထဲထည့်ပေးလိုက်တယ်။ ဖိနပ် က မရှိမဖြစ်။ အဲဒီတော့ ဒီတိုင်းပြည်မှာ ဖိနပ်ဝယ်လို အားက သန်း (၄၀)ကျော်ရှိတယ်။ သန်း (၄၀)ကျော် ရှိတဲ့အတွက် ထုတ်လုပ်မှုအားက ဝယ်လိုအားကို အပြည့်မထုတ်ပေးနိုင်သေးဘူး ။ ဘာဖြစ်လို့လဲဆိုရင် ရန်ကုန်မှာက အိမ်ငှားနေတဲ့ လူတွေကျတော့ ဘေး အိမ်တွေက ညပိုင်းအလုပ်လုပ်ရင် ပြဿနာရှာတယ်။ သဲကြိုးတွေ ဘာတွေချုပ်လို့ အသံမြည်ရင်လည်း ဘေးမှာအလုပ်သမားရှိတယ်။ ဝန်ထမ်းရှိမယ်။ သက်ကြီးရွယ်အိုရှိမယ်။ သူတို့က အိပ်လို့ မရဘူးလေ။ အဲဒီတော့ ပြဿနာဖြစ်မယ်” ဟု ဖိနပ်လုပ်ငန်းရှင် တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ဖိနပ်လုပ်ငန်းရှင် အချို့ အနေဖြင့် နေရာအခက်အခဲ အပါအဝင် အခက်အခဲ အချို့ရှိနေသည့်အတွက် ဝယ်လိုအား၏(၂၅)ရာခိုင် နှုန်းသာ ထုတ်လုပ်နိုင်ခြင်းဖြစ်ကြောင်းလည်း သိရ သည်။ ထို့ကြောင့် ဖိနပ်လုပ်ငန်းရှင်များအနေဖြင့် လို အပ်ချက်ပြည်မီစွာထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံ တော်မှ ဖိနပ်လုပ်ငန်းရှင်များအတွက် စက်မှုရပ်ကွက် ဖော်ဆောင်ပေးစေလိုကြောင်းလည်း ထည့်သွင်း ပြောကြားထားသည်။
" ပြည်တွင်းမှာက (၂၅)ရာခိုင်နှုန်းပဲ ထုတ်နိုင်သေးတာလေ။ တချို့က စည်ပင်ရုံးတိုင်လိုက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတိုင်လိုက်ဆိုတော့ အလုပ် မဖြစ်တော့ဘူးလေ။ အဲဒီလိုမဖြစ်အောင် စက်မှုရပ် ကွက်လေး ဖြစ်စေချင်တာ။ လုပ်ငန်းအသေးလေးတွေ ကို ပံ့ပိုးကူညီဖို့တော့ လိုတာပေါ့။ အဲဒါမှပိုပြီး လုပ် နိုင်မှာလေ။ ဖိနပ်ဆိုတာ ကိုယ့်ပြည်တွင်းမှာ ကိုယ် ဖြစ်နေတာလေ။ စိတ်မကောင်းတာတစ်ခုက ယိုး ဒယားဖိနပ်ဆိုပြီး စီးနေတာတွေက မြန်မာက လုပ်တာ။ ဒါပေမဲ့ လူတွေက အထင်သေးတယ်။ ဗမာ ဖြစ်ဆိုပြီးတော့ လူတွေက မသွင်းတော့ဘူး။ ရင်နာ ဖို့သိပ်ကောင်းတယ်။ အဲဒီတော့ ဘာတံဆိပ်ရိုက်ရလဲ ဆိုတော့ ထိုင်ဝမ်တို့ ၊ ဘာတို့ လျှောက်ပြီးတော့ တင်ရတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ျပည္တြင္း၌ ဖိနပ္ဝယ္လိုအား တစ္ႏွစ္လွ်င္ သန္း(၄၀) ေက်ာ္ ရွိေသာ္လည္း လိုအပ္ခ်က္ျပည္မီရန္ မထုတ္လုပ္ႏိုင္ေသး
Peral (NP News ) - စက္တင္ဘာလ ၃
ျပည္တြင္း ၌ဖိနပ္ဝယ္လိုအား တစ္ႏွစ္လွ်င္ သန္း(၄၀)ေက်ာ္ခန႔္ရွိေသာ္လည္း လိုအပ္ ခ်က္ျပည့္ မီရန္ မထုတ္လုပ္ႏိုင္ေသးေၾကာင္း ဖိနပ္လုပ္ငန္း ရွင္မ်ားထံမွ သိရသည္။ ရန္ကုန္တိုင္းေဒသႀကီး၌ ဖိနပ္လုပ္ငန္းရွင္ (၄)ေသာင္းေက်ာ္ရွိေသာ္လည္း ျပည္တြင္း၌ ဖိနပ္ဝယ္လိုအားမွာ သန္း(၄၀)ေက်ာ္ျဖစ္ ၿပီး လက္ရွိတြင္ (၂၅)ရာခိုင္ႏႈန္းသာ ထုတ္လုပ္ႏိုင္ေသး ေၾကာင္း သိရသည္။
" လုပ္ငန္းရွင္ေပါင္းက ရန္ကုန္တိုင္း တစ္တိုင္းလုံးမွာတင္ (၄)ေသာင္းေက်ာ္ရွိတယ္။ ဖိနပ္ဆိုတာက တိုင္းျပည္မွာ(၃)ႏွစ္သားကေန ေသတဲ့အထိ စီးၾကတာ။ ေသရင္ေတာင္ ကိုယ္ေတြ လူမ်ိဳးေတြက အေခါင္းထဲထည့္ေပးလိုက္တယ္။ ဖိနပ္ က မရွိမျဖစ္။ အဲဒီေတာ့ ဒီတိုင္းျပည္မွာ ဖိနပ္ဝယ္လို အားက သန္း (၄၀)ေက်ာ္ရွိတယ္။ သန္း (၄၀)ေက်ာ္ ရွိတဲ့အတြက္ ထုတ္လုပ္မႈအားက ဝယ္လိုအားကို အျပည့္မထုတ္ေပးႏိုင္ေသးဘူး ။ ဘာျဖစ္လို႔လဲဆိုရင္ ရန္ကုန္မွာက အိမ္ငွားေနတဲ့ လူေတြက်ေတာ့ ေဘး အိမ္ေတြက ညပိုင္းအလုပ္လုပ္ရင္ ျပႆနာရွာတယ္။ သဲႀကိဳးေတြ ဘာေတြခ်ဳပ္လို႔ အသံျမည္ရင္လည္း ေဘးမွာအလုပ္သမားရွိတယ္။ ဝန္ထမ္းရွိမယ္။ သက္ႀကီး႐ြယ္အိုရွိမယ္။ သူတို႔က အိပ္လို႔ မရဘူးေလ။ အဲဒီေတာ့ ျပႆနာျဖစ္မယ္” ဟု ဖိနပ္လုပ္ငန္းရွင္ တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ဖိနပ္လုပ္ငန္းရွင္ အခ်ိဳ႕ အေနျဖင့္ ေနရာအခက္အခဲ အပါအဝင္ အခက္အခဲ အခ်ိဳ႕ရွိေနသည့္အတြက္ ဝယ္လိုအား၏(၂၅)ရာခိုင္ ႏႈန္းသာ ထုတ္လုပ္ႏိုင္ျခင္းျဖစ္ေၾကာင္းလည္း သိရ သည္။ ထို႔ေၾကာင့္ ဖိနပ္လုပ္ငန္းရွင္မ်ားအေနျဖင့္ လို အပ္ခ်က္ျပည္မီစြာထုတ္လုပ္ႏိုင္ရန္အတြက္ ႏိုင္ငံ ေတာ္မွ ဖိနပ္လုပ္ငန္းရွင္မ်ားအတြက္ စက္မႈရပ္ကြက္ ေဖာ္ေဆာင္ေပးေစလိုေၾကာင္းလည္း ထည့္သြင္း ေျပာၾကားထားသည္။
" ျပည္တြင္းမွာက (၂၅)ရာခိုင္ႏႈန္းပဲ ထုတ္ႏိုင္ေသးတာေလ။ တခ်ိဳ႕က စည္ပင္႐ုံးတိုင္လိုက္၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးတိုင္လိုက္ဆိုေတာ့ အလုပ္ မျဖစ္ေတာ့ဘူးေလ။ အဲဒီလိုမျဖစ္ေအာင္ စက္မႈရပ္ ကြက္ေလး ျဖစ္ေစခ်င္တာ။ လုပ္ငန္းအေသးေလးေတြ ကို ပံ့ပိုးကူညီဖို႔ေတာ့ လိုတာေပါ့။ အဲဒါမွပိုၿပီး လုပ္ ႏိုင္မွာေလ။ ဖိနပ္ဆိုတာ ကိုယ့္ျပည္တြင္းမွာ ကိုယ္ ျဖစ္ေနတာေလ။ စိတ္မေကာင္းတာတစ္ခုက ယိုး ဒယားဖိနပ္ဆိုၿပီး စီးေနတာေတြက ျမန္မာက လုပ္တာ။ ဒါေပမဲ့ လူေတြက အထင္ေသးတယ္။ ဗမာ ျဖစ္ဆိုၿပီးေတာ့ လူေတြက မသြင္းေတာ့ဘူး။ ရင္နာ ဖို႔သိပ္ေကာင္းတယ္။ အဲဒီေတာ့ ဘာတံဆိပ္႐ိုက္ရလဲ ဆိုေတာ့ ထိုင္ဝမ္တို႔ ၊ ဘာတို႔ ေလွ်ာက္ၿပီးေတာ့ တင္ရတယ္" ဟု ၎က ဆက္လက္ေျပာသည္။