အမေရိကန်မှာ အသက် (၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦးက လက်နက်မျိုးစုံအသုံးပြုပြီး မိဘတွေကိုသတ်ဖြတ်မှုဖြစ်ပွား

2257
ရောင်နီ(NP News) - ဒီဇင်ဘာ ၃ဝ
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရက်နို ကောင်တီ၊ ကျေးလက်အသိုက်အဝန်းရှိ နေအိမ်တစ်ခုမှာ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက် အမျိုးသားတစ်ဦးက မိဘတွေကို လက်နက်သုံး သတ်ဖြတ်ပြီး ၁၁ နှစ်အရွယ် ညီမငယ်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ ဆယ်ကျော်သက်ကို ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။ ပထမတော့ ဆယ်ကျော်သက်က ရဲအရာရှိရုံးကို ဖုန်းဆက်ပြီး သူတို့အိမ်ကို တစ်စုံ တစ်ဦး ဖောက်ထွင်းဝင်ရောက်ကာ မိသားစုကို သတ်ဖြတ်သွားခဲ့ကြောင်း၊ သူကတော့ အဲဒီလူရဲ့လွတ်ရာကို ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း တိုင်ချက်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း စုံထောက်တွေက စစ်ဆေးကြည့်ရာမှာ အဆိုပါ ဆယ်ကျော်သက်ပြောတဲ့အချက်တွေနဲ့ သက်သေတွေ မကိုက်ညီတာကို သတိပြုမိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူပြောတဲ့ အိမ်တွင်းဖောက်ထွင်းဇာတ်လမ်းဟာ လုပ်ကြံဖန်တီးခြင်းသာဖြစ်ပြီး လက်နက်မျိုးစုံသုံးကာ သူ့အမေ၊ သူ့အဖေနဲ့ ညီမဖြစ်သူတို့ကို တိုက်ခိုက်ခဲ့တယ်ဆိုတာ သက်သေတွေက ဖော်ပြနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဆယ်ကျော်သက်ကလေးငယ်ဟာ ၎င်းရဲ့ အသက် ၃၇ နှစ်အရွယ် ဖခင် လူယန်းနဲ့ မိခင်ဖြစ်သူ ဆီဗန်း နှစ်ဦးစလုံးကို အိမ်ထဲမှာတင် ပွဲချင်းပြီး သတ်ခဲ့ပြီး ညီမဖြစ်သူကိုတော့ ဒဏ်ရာအပြင်းအထန်နဲ့ ဆေးခန်းရောက်အောင် ပြုမူခဲ့ပါတယ်။ နောက်ထပ် ၇ နှစ်အရွယ် ညီဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရခြင်း မရှိဘူးလို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူ ဆယ်ကျော်သက်ကလေးငယ်ဟာ လူသတ်မှု စွဲချက် နှစ်ခု၊ လူသတ်မှု ကျူးလွန်ဖို့ ကြိုးပမ်းမှု စွဲချက် နှစ်ခုနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ရဲမှူးရုံးက သောကြာနေ့ (ဒီဇင်ဘာလ ၂၉ ရက်) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအမှုကို Fresno County ခရိုင်ရှေ့နေရုံးက စစ်ဆေးနေပါတယ်။ သတ်ဖြတ်ရခြင်း အကြောင်းအရင်းကိုလည်း အာဏာပိုင်တွေက စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
အေမရိကန္မွာ အသက္ (၁၄)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးက လက္နက္မ်ိဳးစုံအသုံးျပဳၿပီး မိဘေတြကိုသတ္ျဖတ္မႈျဖစ္ပြား
ေရာင္နီ(NP News) - ဒီဇင္ဘာ ၃ဝ
အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဖရက္ႏို ေကာင္တီ၊ ေက်းလက္အသိုက္အဝန္းရွိ ေနအိမ္တစ္ခုမွာ အသက္ ၁၄ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္ အမ်ိဳးသားတစ္ဦးက မိဘေတြကို လက္နက္သုံး သတ္ျဖတ္ၿပီး ၁၁ ႏွစ္အ႐ြယ္ ညီမငယ္ကို ဒဏ္ရာျပင္းျပင္းထန္ထန္ရေစခဲ့တယ္လို႔ သိရပါတယ္။
ျပစ္မႈက်ဴးလြန္သူ ဆယ္ေက်ာ္သက္ကို ဖမ္းဆီးထားၿပီ ျဖစ္ပါတယ္။ ပထမေတာ့ ဆယ္ေက်ာ္သက္က ရဲအရာရွိ႐ုံးကို ဖုန္းဆက္ၿပီး သူတို႔အိမ္ကို တစ္စုံ တစ္ဦး ေဖာက္ထြင္းဝင္ေရာက္ကာ မိသားစုကို သတ္ျဖတ္သြားခဲ့ေၾကာင္း၊ သူကေတာ့ အဲဒီလူရဲ႕လြတ္ရာကို ထြက္ေျပးလြတ္ေျမာက္ႏိုင္ခဲ့ေၾကာင္း တိုင္ခ်က္ဖြင့္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္း စုံေထာက္ေတြက စစ္ေဆးၾကည့္ရာမွာ အဆိုပါ ဆယ္ေက်ာ္သက္ေျပာတဲ့အခ်က္ေတြနဲ႔ သက္ေသေတြ မကိုက္ညီတာကို သတိျပဳမိခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ သူေျပာတဲ့ အိမ္တြင္းေဖာက္ထြင္းဇာတ္လမ္းဟာ လုပ္ႀကံဖန္တီးျခင္းသာျဖစ္ၿပီး လက္နက္မ်ိဳးစုံသုံးကာ သူ႔အေမ၊ သူ႔အေဖနဲ႔ ညီမျဖစ္သူတို႔ကို တိုက္ခိုက္ခဲ့တယ္ဆိုတာ သက္ေသေတြက ေဖာ္ျပေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ဆယ္ေက်ာ္သက္ကေလးငယ္ဟာ ၎ရဲ႕ အသက္ ၃၇ ႏွစ္အ႐ြယ္ ဖခင္ လူယန္းနဲ႔ မိခင္ျဖစ္သူ ဆီဗန္း ႏွစ္ဦးစလုံးကို အိမ္ထဲမွာတင္ ပြဲခ်င္းၿပီး သတ္ခဲ့ၿပီး ညီမျဖစ္သူကိုေတာ့ ဒဏ္ရာအျပင္းအထန္နဲ႔ ေဆးခန္းေရာက္ေအာင္ ျပဳမူခဲ့ပါတယ္။ ေနာက္ထပ္ ၇ ႏွစ္အ႐ြယ္ ညီျဖစ္သူကေတာ့ ထိခိုက္ဒဏ္ရာရျခင္း မရွိဘူးလို႔ သိရပါတယ္။
ျပစ္မႈက်ဴးလြန္သူ ဆယ္ေက်ာ္သက္ကေလးငယ္ဟာ လူသတ္မႈ စြဲခ်က္ ႏွစ္ခု၊ လူသတ္မႈ က်ဴးလြန္ဖို႔ ႀကိဳးပမ္းမႈ စြဲခ်က္ ႏွစ္ခုနဲ႔ ရင္ဆိုင္ရဖြယ္ ရွိတယ္လို႔ ရဲမႉး႐ုံးက ေသာၾကာေန႔ (ဒီဇင္ဘာလ ၂၉ ရက္) မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒီအမႈကို Fresno County ခ႐ိုင္ေရွ႕ေန႐ုံးက စစ္ေဆးေနပါတယ္။ သတ္ျဖတ္ရျခင္း အေၾကာင္းအရင္းကိုလည္း အာဏာပိုင္ေတြက စုံစမ္းေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။