စဥ့်ကိုင်မြို့အနီးကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့

765

ယွန်း (NP News) - ဒီဇင်ဘာ ၃၁
မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါမြေငလျင်သည် ယနေ့ နေ့လည်(၁၂)နာရီ၊ (၇)မိနစ်အချိန်ခန့်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၁၆) မိုင်ခန့်ကွာဝေးသော စဥ့်ကိုင်မြို့၏ အရှေ့မြောက်ဘက်(၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ် သည်။
“မန္တလေးဘက်မှာတော့ နည်းနည်းလှုပ်တယ် နှစ်ခါလှုပ်သွားတာ။ (၁၂ နာရီ ၇ မိနစ်)နဲ့ (၁၂ နာရီ ၈ မိနစ်)ပေါ့။ ဒုတိယတစ်ခါလှုပ်တာက နည်းနည်းသိသာ တယ်။ စစ်ကိုင်းဘက်မှာလည်း လှုပ်တယ်ကြားတယ်။ အရမ်းကြီး မသိသာဘူးလို့တော့ ပြောတယ်” ဟု မန္တလေးမြို့တွင်နေထိုင်သူတစ်ဦးက NP News ကိုပြောသည်။
၎င်းငလျင်သည် စဥ့်ကိုင်မြို့၏(၄)မိုင်ခန့်အကွာ မြောက်တ္တီတွဒ်(၂၁ ဒသမ ၇၈)ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၁၃) ဒီဂရီ၊ အနက်(၁ဝ) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၅) အဆင့်ရှိသော အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးဇလမှဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကလည်း တံတားဦးမြို့ကို ဗဟိုပြု၍ အင်အား(၅ ဒသမ ၂)အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ရာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက်မဏိရတနာ ကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော် မြေခခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

Zawgyi Version;
စဥ့္ကိုင္ၿမိဳ႕အနီးကိုဗဟိုျပဳ၍ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္လႈပ္ခတ္ခဲ့
ယြန္း (NP News) - ဒီဇင္ဘာ ၃၁
မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕အနီးကို ဗဟိုျပဳ၍ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တစ္ခုလႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။
အဆိုပါေျမငလ်င္သည္ ယေန႔ ေန႔လည္(၁၂)နာရီ၊ (၇)မိနစ္အခ်ိန္ခန႔္တြင္ မႏၲေလးေျမငလ်င္စခန္းမွ ေတာင္ဘက္ (၁၆) မိုင္ခန႔္ကြာေဝးေသာ စဥ့္ကိုင္ၿမိဳ႕၏ အေရွ႕ေျမာက္ဘက္(၄)မိုင္ခန႔္အကြာကို ဗဟိုျပဳ၍ လႈပ္ခတ္ခဲ့ျခင္းျဖစ္ သည္။
“မႏၲေလးဘက္မွာေတာ့ နည္းနည္းလႈပ္တယ္ ႏွစ္ခါလႈပ္သြားတာ။ (၁၂ နာရီ ၇ မိနစ္)နဲ႔ (၁၂ နာရီ ၈ မိနစ္)ေပါ့။ ဒုတိယတစ္ခါလႈပ္တာက နည္းနည္းသိသာ တယ္။ စစ္ကိုင္းဘက္မွာလည္း လႈပ္တယ္ၾကားတယ္။ အရမ္းႀကီး မသိသာဘူးလို႔ေတာ့ ေျပာတယ္” ဟု မႏၲေလးၿမိဳ႕တြင္ေနထိုင္သူတစ္ဦးက NP News ကိုေျပာသည္။
၎ငလ်င္သည္ စဥ့္ကိုင္ၿမိဳ႕၏(၄)မိုင္ခန႔္အကြာ ေျမာက္တၱီတြဒ္(၂၁ ဒသမ ၇၈)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၆ ဒသမ ၁၃) ဒီဂရီ၊ အနက္(၁ဝ) ကီလိုမီတာကို ဗဟိုျပဳ၍ လႈပ္ခတ္ခဲ့ၿပီး အင္အားရစ္(ခ္)တာစေကး (၃ ဒသမ ၅) အဆင့္ရွိေသာ အင္အားအနည္းငယ္ရွိသည့္ ေျမငလ်င္တစ္ခုျဖစ္ေၾကာင္း မိုးဇလမွဆိုထားသည္။
ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလကလည္း တံတားဦးၿမိဳ႕ကို ဗဟိုျပဳ၍ အင္အား(၅ ဒသမ ၂)အဆင့္ရွိ ေျမငလ်င္ လႈပ္ခတ္ခဲ့ရာ မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ခေႏၲာတိုက္မဏိရတနာ ေက်ာင္းဝန္းအတြင္းရွိ ပတၱျမားေစတီ စိန္ဖူးေတာ္ေျမခခဲ့ၿပီး ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့သည္။