ယူကရိန်းအစိုးရက အမျိုးသမီးများအတွက် စစ်ယူနီဖောင်းအစုံရေ(၅)သောင်းကို ဝယ်ယူခဲ့ဟုဆို

 416

Pika (NP News) - ဇန်နဝါရီ ၁၁

ရုရှား-ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားသည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများအတွက် စစ်ယူနီဖောင်းအစုံရေ(၅)သောင်းကို ဝယ်ယူခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းလွှတ်တော်တွင် စစ်သားစုဆောင်းရေးဥပဒေပြင်ဆင်ချက်ဆိုင်ရာ မဲခွဲဆုံးဖြတ်မှုများ မလုပ်ဆောင်မီ တစ်ရက်အလိုတွင် ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov ၏ ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွှတ်တော်တွင် အဆိုပြုတင်သွင်းထားသော စစ်သားစုဆောင်းရေးဆိုင်ရာဥပဒေပြင်ဆင်ချက်များသည် ပြည်သူများကို စိတ်ဆိုးဒေါသဖြစ်စေခဲ့ကြောင်းလည်း သိရသည်။ ပြည်သူအချို့က ယင်းအဆိုပြုချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မကိုက်ညီဘဲ စစ်မှုထမ်းဥပဒေကို ရှောင်ဖယ်သူများအား နှိမ်နှင်းရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ကာကွယ်ရေးဝန်ကြီး Rustem Umerov က "ကာကွယ်ရေးဝန်ကြီးဌာနဟာ အမျိုးသမီးစစ်ယူနီဖောင်းအစုံရေ (၅)သောင်း၊ လျှပ်စစ်အပူပေးစက်(၁)သိန်း နဲ့ စစ်မြေပြင်မှာအသုံးပြုတဲ့ နားကြပ်(၁၅ဝဝဝ) ကို ပထမဆုံးအကြိမ် ဝယ်ယူခဲ့ပါတယ်" ဟု ပြောထားသည်။

ယူကရိန်းအစိုးရအနေဖြင့် လိုအပ်ပါက အမျိုးသမီးများကို စစ်မှုထမ်းစေခိုင်းရန် စဉ်းစားသင့်ကြောင်း ယူကရိန်း လွှတ်တော်အမတ် Inna Sovsun က ပြီးခဲ့သည့်လတွင် ပြောဆိုခဲ့ဖူးသည်။ အဆိုပါအစီအစဉ်ကို အကောင်အထည် ဖော်ရန်အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုအဖြစ် အမျိုးသမီးများအတွက် ယူနီဖောင်းများထားရှိရန် ၎င်းက အကြုံပြုခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ဆေးဘက်ဆိုင်ရာဘွဲ့ရရှိထားသော အမျိုးသမီးများကို စစ်မှုထမ်းစေခိုင်းရန်အတွက် စာရင်းပေးသွင်းရန် လိုအပ်ချက်များ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် စတင် အသက်ဝင်ခဲ့ကြောင်းလည်း သိရသည်။

ယူကရိန်းစစ်တပ်တွင် အမျိုးသမီး(၆)သောင်းကျော် စစ်မှုထမ်းဆောင်နေပြီး လက်နက်ကိုင်တပ်ဖွဲ့များ၏ (၇)ရာခိုင်နှုန်းခန့်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရသည် ရှေ့တန်းစစ်မြေမျက်နှာပြင်သို့ စေလွှတ်ရန်အတွက် အမျိုးသားများကို လုံလုံလောက်လောက် စုဆောင်းနိုင်ရန် ရုန်းကန်နေရကြောင်းလည်း သိရသည်။

ယူကရိန်းစစ်တပ်တွင် တပ်သားသစ်(၄)သိန်းခွဲ မှ (၅)သိန်းကြား လိုအပ်ကြောင်း သမ္မတဇီလန်စကီးက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောခဲ့ဖူးသည်။ ယူကရိန်းအစိုးရသည် ပြီးခဲ့သည့်နှစ် ဇွန်လအစောပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုများအတွင်း သိသာသောရလဒ်များ ရယူနိုင်ခြင်းမျိုး မရှိခဲ့ပြီးနောက် အဆိုပါပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version;
ယူကရိန္းအစိုးရက အမ်ိဳးသမီးမ်ားအတြက္ စစ္ယူနီေဖာင္းအစုံေရ(၅)ေသာင္းကို ဝယ္ယူခဲ့ဟုဆို
Pika (NP News) - ဇန္နဝါရီ ၁၁

႐ုရွား-ယူကရိန္းပဋိပကၡစတင္ျဖစ္ပြားသည့္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အမ်ိဳးသမီးမ်ားအတြက္ စစ္ယူနီေဖာင္းအစုံေရ(၅)ေသာင္းကို ဝယ္ယူခဲ့ေၾကာင္း ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

ယူကရိန္းလႊတ္ေတာ္တြင္ စစ္သားစုေဆာင္းေရးဥပေဒျပင္ဆင္ခ်က္ဆိုင္ရာ မဲခြဲဆုံးျဖတ္မႈမ်ား မလုပ္ေဆာင္မီ တစ္ရက္အလိုတြင္ ယူကရိန္းကာကြယ္ေရးဝန္ႀကီး Rustem Umerov ၏ ေၾကညာခ်က္ထြက္ေပၚလာျခင္း ျဖစ္သည္။

လႊတ္ေတာ္တြင္ အဆိုျပဳတင္သြင္းထားေသာ စစ္သားစုေဆာင္းေရးဆိုင္ရာဥပေဒျပင္ဆင္ခ်က္မ်ားသည္ ျပည္သူမ်ားကို စိတ္ဆိုးေဒါသျဖစ္ေစခဲ့ေၾကာင္းလည္း သိရသည္။ ျပည္သူအခ်ိဳ႕က ယင္းအဆိုျပဳခ်က္မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္မကိုက္ညီဘဲ စစ္မႈထမ္းဥပေဒကို ေရွာင္ဖယ္သူမ်ားအား ႏွိမ္ႏွင္းရန္ ရည္႐ြယ္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကသည္။

ကာကြယ္ေရးဝန္ႀကီး Rustem Umerov က "ကာကြယ္ေရးဝန္ႀကီးဌာနဟာ အမ်ိဳးသမီးစစ္ယူနီေဖာင္းအစုံေရ (၅)ေသာင္း၊ လွ်ပ္စစ္အပူေပးစက္(၁)သိန္း နဲ႔ စစ္ေျမျပင္မွာအသုံးျပဳတဲ့ နားၾကပ္(၁၅ဝဝဝ) ကို ပထမဆုံးအႀကိမ္ ဝယ္ယူခဲ့ပါတယ္" ဟု ေျပာထားသည္။

ယူကရိန္းအစိုးရအေနျဖင့္ လိုအပ္ပါက အမ်ိဳးသမီးမ်ားကို စစ္မႈထမ္းေစခိုင္းရန္ စဥ္းစားသင့္ေၾကာင္း ယူကရိန္း လႊတ္ေတာ္အမတ္ Inna Sovsun က ၿပီးခဲ့သည့္လတြင္ ေျပာဆိုခဲ့ဖူးသည္။ အဆိုပါအစီအစဥ္ကို အေကာင္အထည္ ေဖာ္ရန္အတြက္ လိုအပ္သည့္ႀကိဳတင္ျပင္ဆင္မႈအျဖစ္ အမ်ိဳးသမီးမ်ားအတြက္ ယူနီေဖာင္းမ်ားထားရွိရန္ ၎က အႀကဳံျပဳခဲ့ေၾကာင္းလည္း သိရသည္။

ထို႔အျပင္ ေဆးဘက္ဆိုင္ရာဘြဲ႕ရရွိထားေသာ အမ်ိဳးသမီးမ်ားကို စစ္မႈထမ္းေစခိုင္းရန္အတြက္ စာရင္းေပးသြင္းရန္ လိုအပ္ခ်က္မ်ား ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလတြင္ စတင္ အသက္ဝင္ခဲ့ေၾကာင္းလည္း သိရသည္။

ယူကရိန္းစစ္တပ္တြင္ အမ်ိဳးသမီး(၆)ေသာင္းေက်ာ္ စစ္မႈထမ္းေဆာင္ေနၿပီး လက္နက္ကိုင္တပ္ဖြဲ႕မ်ား၏ (၇)ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ ယူကရိန္းအစိုးရသည္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္သို႔ ေစလႊတ္ရန္အတြက္ အမ်ိဳးသားမ်ားကို လုံလုံေလာက္ေလာက္ စုေဆာင္းႏိုင္ရန္ ႐ုန္းကန္ေနရေၾကာင္းလည္း သိရသည္။

ယူကရိန္းစစ္တပ္တြင္ တပ္သားသစ္(၄)သိန္းခြဲ မွ (၅)သိန္းၾကား လိုအပ္ေၾကာင္း သမၼတဇီလန္စကီးက ၿပီးခဲ့သည့္လတြင္ ထုတ္ေဖာ္ေျပာခဲ့ဖူးသည္။ ယူကရိန္းအစိုးရသည္ ၿပီးခဲ့သည့္ႏွစ္ ဇြန္လအေစာပိုင္းတြင္ စတင္လုပ္ေဆာင္ခဲ့ေသာ တန္ျပန္ထိုးစစ္ဆင္မႈမ်ားအတြင္း သိသာေသာရလဒ္မ်ား ရယူႏိုင္ျခင္းမ်ိဳး မရွိခဲ့ၿပီးေနာက္ အဆိုပါေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.