Centralized e-Pension စနစ်ဖြင့် ပင်စင်ထုတ်ပေးနေသည့် ဘဏ်ခွဲပေါင်း(၅၀)ကျော်ရှိ

1889
ယွန်း (NP News) - ဇန်နဝါရီ ၁၁
အဆင့်မြှင့်တင်ထားသည့် Centralized e-Pension စနစ်ဖြင့် ပင်စင်ထုတ်ပေးနေသည့် ဘဏ်ခွဲပေါင်း(၅၅)ဘဏ်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်က အသိပေးထုတ်ပြန်ထားသည်။

မြန်မာ့စီးပွားရေးဘဏ်က ပြီးခဲ့သည့် ဇန်နဝါရီလ(၉)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာ ထုတ်ပေးခြင်းလုပ်ငန်းကို e-Pension စနစ်မှ Centralized e-Pension စနစ်သို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ယခု(၂၀၂၄ ခုနှစ်)၊ ဇန်နဝါရီလအထိ Centralized e-Pension စနစ် ဆောင်ရွက်နေသည့် ဘဏ်ခွဲပေါင်း (၅၅) ဘဏ်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“အရင်ကတော့ စာအုပ်နဲ့ထုတ်ရတာ။ အခုက ကတ်နဲ့ထုတ်ရတယ်။ ကတ်နဲ့ထုတ်တာက ပိုလည်းမြန်တယ်၊ ပိုလည်းအဆင် ပြေတယ်။ စာအုပ်နဲ့ကတော့ ရေးတာတွေဘာတွေလည်းလုပ်ရတယ် ကြာတာပေါ့။ တချို့လည်းစာအုပ်နဲ့ထုတ်နေတာတွေရှိတယ်။ ကတ်နဲ့ထုတ်တဲ့သူကတော့ ပိုများတယ်”ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် အငြိမ်းစားဝန်ထမ်းတစ်ဦးက NP News ကိုပြောသည်။
သို့ဖြစ်၍ အငြိမ်းစားဝန်ထမ်းများအနေဖြင့် အဆိုပါ ဘဏ်ခွဲ (၅၅)ဘဏ်အတွင်း မည်သည့်ဘဏ်ခွဲတွင်မဆို ပင်စင်လစာများကို e-Pension ကတ်ဖြင့် တစ်ဘဏ်မှ တစ်ဘဏ်သို့ ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်မှုအခမဲ့ဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် ဝန်ဆောင်မှုဘဏ်ခွဲ ထပ်တိုးသည့် ဘဏ်ခွဲစာရင်းများကိုလည်း www.meb.gov.mm တွင် အချိန်နှင့် တစ်ပြေးညီတင်ပြပေးမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
Centralized e-Pension စနစ္ျဖင့္ ပင္စင္ထုတ္ေပးေနသည့္ ဘဏ္ခြဲေပါင္း(၅၀)ေက်ာ္ရွိ
ယြန္း (NP News) - ဇန္နဝါရီ ၁၁
အဆင့္ျမႇင့္တင္ထားသည့္ Centralized e-Pension စနစ္ျဖင့္ ပင္စင္ထုတ္ေပးေနသည့္ ဘဏ္ခြဲေပါင္း(၅၅)ဘဏ္ရွိေၾကာင္း ျမန္မာ့စီးပြားေရးဘဏ္က အသိေပးထုတ္ျပန္ထားသည္။
ျမန္မာ့စီးပြားေရးဘဏ္က ၿပီးခဲ့သည့္ ဇန္နဝါရီလ(၉)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာ့စီးပြားေရးဘဏ္အေနျဖင့္ ပင္စင္လစာ ထုတ္ေပးျခင္းလုပ္ငန္းကို e-Pension စနစ္မွ Centralized e-Pension စနစ္သို႔ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလမွစ၍ အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ယခု(၂၀၂၄ ခုႏွစ္)၊ ဇန္နဝါရီလအထိ Centralized e-Pension စနစ္ ေဆာင္႐ြက္ေနသည့္ ဘဏ္ခြဲေပါင္း (၅၅) ဘဏ္ရွိေနၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
“အရင္ကေတာ့ စာအုပ္နဲ႔ထုတ္ရတာ။ အခုက ကတ္နဲ႔ထုတ္ရတယ္။ ကတ္နဲ႔ထုတ္တာက ပိုလည္းျမန္တယ္၊ ပိုလည္းအဆင္ ေျပတယ္။ စာအုပ္နဲ႔ကေတာ့ ေရးတာေတြဘာေတြလည္းလုပ္ရတယ္ ၾကာတာေပါ့။ တခ်ိဳ႕လည္းစာအုပ္နဲ႔ထုတ္ေနတာေတြရွိတယ္။ ကတ္နဲ႔ထုတ္တဲ့သူကေတာ့ ပိုမ်ားတယ္”ဟု ရန္ကုန္ၿမိဳ႕တြင္ေနထိုင္သည့္ အၿငိမ္းစားဝန္ထမ္းတစ္ဦးက NP News ကိုေျပာသည္။
သို႔ျဖစ္၍ အၿငိမ္းစားဝန္ထမ္းမ်ားအေနျဖင့္ အဆိုပါ ဘဏ္ခြဲ (၅၅)ဘဏ္အတြင္း မည္သည့္ဘဏ္ခြဲတြင္မဆို ပင္စင္လစာမ်ားကို e-Pension ကတ္ျဖင့္ တစ္ဘဏ္မွ တစ္ဘဏ္သို႔ ေျပာင္းေ႐ႊ႕ရန္မလိုဘဲ ဝန္ေဆာင္မႈအခမဲ့ျဖင့္ ထုတ္ယူႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ဝန္ေဆာင္မႈဘဏ္ခြဲ ထပ္တိုးသည့္ ဘဏ္ခြဲစာရင္းမ်ားကိုလည္း www.meb.gov.mm တြင္ အခ်ိန္ႏွင့္ တစ္ေျပးညီတင္ျပေပးမည္ျဖစ္ေၾကာင္း ျမန္မာ့ စီးပြားေရးဘဏ္မွ အသိေပးထုတ္ျပန္ထားသည္။