ပအို့ဝ်ဒေသက တိုက်ပွဲများအတွင်း အဆိုးဆုံး မိုင်းထောင်သည့် ပုံစံကို နောင်ဗိုရွာတွင် တွေ့ရပြီး ပြည်သူကို ပစ်မှတ်ထားလာ

618

သုတကျော် (NP News) - သြဂုတ် ၁၈
ပအို့ဝ်ဒေသက တိုက်ပွဲများအတွင်း အဆိုးဆုံးမိုင်းထောင်သည့် ပုံစံကိုဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာတွင်တွေ့ ရပြီး ပြည်သူကို ပစ်မှတ်ထားလာကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် (PNO) မှ တာဝန်ရှိ သူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော အထူးဒေသ (၆) ကို တိုက်ခိုက်လာခဲ့သော လက်နက် ကိုင်အဖွဲ့များကို တပ်မတော်နှင့် PNA တို့က ဟန့်တားတိုက်ခိုက်နိုင်ခဲ့သည့်အတွက် ယင်းဒေသ၏ (၈၅) ရာခိုင်နှုန်း ကျော်မှာ ရန်သူ ကင်းစင်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ (၈) ရက်က မနက် (၅) နာရီအချိန်မှာ တပ်မတော်နဲ့ ကျွန်တော်တို့ PNA ပူးပေါင်းပြီးတော့ နောင်ဗိုရွာက အကြမ်းဖက်သောင်းကျန်းသူ တွေကို ရှင်းလင်းနိုင်ခဲ့တာပေါ့။ (၉)ရက်မှာ ထွက်မပြေးတဲ့ ဒေသခံ ဦးလေးကတစ်ဆင့် ရွာထဲမှာ PNLA အဖွဲ့က မိုင်းတွေအများကြီး ထောင်ထားခဲ့တဲ့အတွက်ကြောင့် စစ်သားတွေဘက်ကရော ပြန် လာမယ့် ဒေသခံတွေရော အန္တရာယ်မရှိအောင် ပြောပြတယ်။ မိုင်းတွေက ကျေးရွာ လမ်းဆုံ၊ လမ်းခွမှာရော ကောင်းတဲ့ အိမ်တွေ နားမှာရော မိုင်းတွေ ထောင်ထားတယ်။ မိုင်းရှင်းလင်းရေးက (၉) ရက်က နေ စတာပေါ့။ စတော့ (၁၁) ရက် အထိ (၃) ရက် အထိဆောင်ရွက်တာမှာ မိုင်းအလုံးရေ (၈၄) လုံး ရှင်းလင်းနိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။
ကျေးရွာကိုလည်း ပျက်စီးစေရန်အတွက် အိမ်ကြီး၊ အိမ်ကောင်းများတွင် မိုင်းထောင်ခဲ့သည့် အပြင် အိမ်အချို့၏ အပေါ်တွင် လောင်စာဆီ လောင်းထားခဲ့ရာ မိုင်းကွဲပါက အလွယ်တကူ မီး လောင်စေရန်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပြောရရင် မိုင်းကသေချာတယ်။ ဒေသခံလူထု ပြန်လာရင် ပေါက်ကွဲမယ်ဆိုတာ ကောင်းကောင်း သိတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ မိုင်းကွဲပြီးမီးလောင်ပါက ကင်းထောက်ဒရုန်းများဖြင့် မှတ်တမ်းယူကာ တပ်မတော်နှင့် KNA တို့က ကျေးရွာကို မီးရှို့သယောင် ပုံမှား ရိုက်ရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ကြုံခဲ့တဲ့ မိုင်းထောင်တဲ့ ဖြစ်စဉ်တွေထဲမှာ ဒီဟာက အဆိုးဆုံးလို့ ပြောလို့ရတယ်။ အရင်က ကြုံခဲ့ တာတွေက စစ်ရေးလာမယ့် လမ်းကိုပဲ မိုင်းထောင်ခဲ့ကြတာ။ လက်ရှိ နောင်ဗို ကျေးရွာမှာ ထောင်တာက အဲဒါ အဓိက မဟုတ်ဘူး။ စစ်လာတဲ့လမ်းကြောင်းကို အဓိကမဟုတ်ဘဲ ဒေသခံ လူထုကို အဓိကပစ်မှတ်ထားလုပ်တာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ပအို႔ဝ္ေဒသက တိုက္ပြဲမ်ားအတြင္း အဆိုးဆုံး မိုင္းေထာင္သည့္ ပုံစံကို ေနာင္ဗို႐ြာတြင္ ေတြ႕ရၿပီး ျပည္သူကို ပစ္မွတ္ထားလာ
သုတေက်ာ္ (NP News) - ၾသဂုတ္ ၁၈
ပအို႔ဝ္ေဒသက တိုက္ပြဲမ်ားအတြင္း အဆိုးဆုံးမိုင္းေထာင္သည့္ ပုံစံကိုဆီဆိုင္ၿမိဳ႕နယ္ ေနာင္ဗိုေက်း႐ြာတြင္ေတြ႕ ရၿပီး ျပည္သူကို ပစ္မွတ္ထားလာေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူ ပအို႔ဝ္အမ်ိဳးသား အဖြဲ႕ခ်ဳပ္ (PNO) မွ တာဝန္ရွိ သူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ပအို႔ဝ္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသျဖစ္ေသာ အထူးေဒသ (၆) ကို တိုက္ခိုက္လာခဲ့ေသာ လက္နက္ ကိုင္အဖြဲ႕မ်ားကို တပ္မေတာ္ႏွင့္ PNA တို႔က ဟန႔္တားတိုက္ခိုက္ႏိုင္ခဲ့သည့္အတြက္ ယင္းေဒသ၏ (၈၅) ရာခိုင္ႏႈန္း ေက်ာ္မွာ ရန္သူ ကင္းစင္သြားခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
“ၿပီးခဲ့တဲ့ (၈) ရက္က မနက္ (၅) နာရီအခ်ိန္မွာ တပ္မေတာ္နဲ႔ ကြၽန္ေတာ္တို႔ PNA ပူးေပါင္းၿပီးေတာ့ ေနာင္ဗို႐ြာက အၾကမ္းဖက္ေသာင္းက်န္းသူ ေတြကို ရွင္းလင္းႏိုင္ခဲ့တာေပါ့။ (၉)ရက္မွာ ထြက္မေျပးတဲ့ ေဒသခံ ဦးေလးကတစ္ဆင့္ ႐ြာထဲမွာ PNLA အဖြဲ႕က မိုင္းေတြအမ်ားႀကီး ေထာင္ထားခဲ့တဲ့အတြက္ေၾကာင့္ စစ္သားေတြဘက္ကေရာ ျပန္ လာမယ့္ ေဒသခံေတြေရာ အႏၲရာယ္မရွိေအာင္ ေျပာျပတယ္။ မိုင္းေတြက ေက်း႐ြာ လမ္းဆုံ၊ လမ္းခြမွာေရာ ေကာင္းတဲ့ အိမ္ေတြ နားမွာေရာ မိုင္းေတြ ေထာင္ထားတယ္။ မိုင္းရွင္းလင္းေရးက (၉) ရက္က ေန စတာေပါ့။ စေတာ့ (၁၁) ရက္ အထိ (၃) ရက္ အထိေဆာင္႐ြက္တာမွာ မိုင္းအလုံးေရ (၈၄) လုံး ရွင္းလင္းႏိုင္တာေပါ့” ဟု ၎က ဆိုသည္။
ေက်း႐ြာကိုလည္း ပ်က္စီးေစရန္အတြက္ အိမ္ႀကီး၊ အိမ္ေကာင္းမ်ားတြင္ မိုင္းေထာင္ခဲ့သည့္ အျပင္ အိမ္အခ်ိဳ႕၏ အေပၚတြင္ ေလာင္စာဆီ ေလာင္းထားခဲ့ရာ မိုင္းကြဲပါက အလြယ္တကူ မီး ေလာင္ေစရန္အတြက္ ျဖစ္ေၾကာင္း ၎က ဆိုသည္။
“ေျပာရရင္ မိုင္းကေသခ်ာတယ္။ ေဒသခံလူထု ျပန္လာရင္ ေပါက္ကြဲမယ္ဆိုတာ ေကာင္းေကာင္း သိတယ္” ဟု ၎က ဆိုသည္။
ထိုသို႔ မိုင္းကြဲၿပီးမီးေလာင္ပါက ကင္းေထာက္ဒ႐ုန္းမ်ားျဖင့္ မွတ္တမ္းယူကာ တပ္မေတာ္ႏွင့္ KNA တို႔က ေက်း႐ြာကို မီးရႈိ႕သေယာင္ ပုံမွား ႐ိုက္ရန္အတြက္ ရည္႐ြယ္ထားျခင္း ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ကြၽန္ေတာ္တို႔ ႀကဳံခဲ့တဲ့ မိုင္းေထာင္တဲ့ ျဖစ္စဥ္ေတြထဲမွာ ဒီဟာက အဆိုးဆုံးလို႔ ေျပာလို႔ရတယ္။ အရင္က ႀကဳံခဲ့ တာေတြက စစ္ေရးလာမယ့္ လမ္းကိုပဲ မိုင္းေထာင္ခဲ့ၾကတာ။ လက္ရွိ ေနာင္ဗို ေက်း႐ြာမွာ ေထာင္တာက အဲဒါ အဓိက မဟုတ္ဘူး။ စစ္လာတဲ့လမ္းေၾကာင္းကို အဓိကမဟုတ္ဘဲ ေဒသခံ လူထုကို အဓိကပစ္မွတ္ထားလုပ္တာ ေတြ႕ရတယ္” ဟု ၎က ေျပာသည္။