မိုးကောင်းမြို့နယ်၌ (၁၂)ဘီးကားပေါ်ရှိ ဆီပီပါများ‌အတွင်း ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားရာ ကားတစ်စီးလုံး မီးလောင်ဆုံးရှုံး

 874

သန့်ဇင်(NP News) - ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ TOP STAR စက်သုံးဆီဆိုင်၌ (၁၂)ဘီးကားပေါ်ရှိ ဆီပီပါများအတွင်း ဆီဖြည့်နေစဉ် အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားရာ ကားတစ်စီးလုံး မီးလောင် ဆုံးရှုံးသွားခဲ့ကြောင်း မိုးကောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်)၊ ညနေ ၃ နာရီခွဲအချိန်ခန့်က မိုးကောင်းမြိုနယ်၊ အုန်းဘောင် ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တာက ကားပေါ်က ဆီပီပါတွေကို ဆီဘောက်ဆာကနေ ဆီဖြည့်နေရင်းနဲ့ အပူလွန်ကဲပြီးလောင်တာပေါ့။ အဲဒီကနေမှ ကားကိုကူးဆက်လောက်ကျွမ်းသွားတာပါ” ဟု မိုးကောင်းမြို့ နယ်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း (၁၂)ဘီးကားပေါ်မှ ဆီပီပါအနည်းငယ် နှင့် (၁၂)ဘီးကားတစ်စီးလုံး မီးလာင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“လူထိခိုက်တာလည်းမရှိခဲ့ပါဘူး။ ဆီဆိုင်ကိုမီးဟတ်သွားတာတော့ရှိတယ်။ ပြီးတော့အများကြီးလောင်တာလည်းမဟုတ်ပါဘူး။ ဆီဖြည့်ပေးတဲ့ကားကတော့ မီးလောင်တာနဲ့တန်းမောင်းပြေးတော့လွတ်သွားတယ်။ ဆီပီပါတွေမီးကူးတာတော့ရှိပေမဲ့ အကုန်လောင်တာမျိုးတော့ မရှိပါဘူး။ ဒီဇယ်ဆိုတော့ အများကြီးမလောင်ပါဘူး။ လူအားနဲ့ ကားပေါ်ကဆီပီပါတွေ ချပြီး အအေးပေးလိုက်တော့ မလောင်ခဲ့ပါဘူး။ ဆီယိုဖိတ်တာတော့ရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းမီးလာင်မှုဖြစ်စဉ်အား မိုးကောင်းမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များမှပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ(၄) နာရီအချိန်တွင် မီးငြှိမ်းနိုင်ခဲ့ပြီး ငွေကျပ်သိန်း(၁၀၀၀) ဖိုးဝန်း ကျင် မီးလောင်ပျက်ဆီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
မိုးေကာင္းၿမိဳ႕နယ္၌ (၁၂)ဘီးကားေပၚရွိ ဆီပီပါမ်ား‌အတြင္း ဆီျဖည့္ေနစဥ္ မီးေလာင္မႈျဖစ္ပြားရာ ကားတစ္စီးလုံး မီးေလာင္ ဆုံးရႈံး

သန႔္ဇင္(NP News) - ဇန္နဝါရီ ၁၇

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္ရွိ TOP STAR စက္သုံးဆီဆိုင္၌ (၁၂)ဘီးကားေပၚရွိ ဆီပီပါမ်ားအတြင္း ဆီျဖည့္ေနစဥ္ အပူလြန္ၿပီး မီးေလာင္မႈျဖစ္ပြားရာ ကားတစ္စီးလုံး မီးေလာင္ ဆုံးရႈံးသြားခဲ့ေၾကာင္း မိုးေကာင္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါ မီးေလာင္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၁၆ ရက္)၊ ညေန ၃ နာရီခြဲအခ်ိန္ခန႔္က မိုးေကာင္းၿမိဳနယ္၊ အုန္းေဘာင္ ေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တာက ကားေပၚက ဆီပီပါေတြကို ဆီေဘာက္ဆာကေန ဆီျဖည့္ေနရင္းနဲ႔ အပူလြန္ကဲၿပီးေလာင္တာေပါ့။ အဲဒီကေနမွ ကားကိုကူးဆက္ေလာက္ကြၽမ္းသြားတာပါ” ဟု မိုးေကာင္းၿမိဳ႕ နယ္မီးသတ္စခန္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း (၁၂)ဘီးကားေပၚမွ ဆီပီပါအနည္းငယ္ ႏွင့္ (၁၂)ဘီးကားတစ္စီးလုံး မီးလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

“လူထိခိုက္တာလည္းမရွိခဲ့ပါဘူး။ ဆီဆိုင္ကိုမီးဟတ္သြားတာေတာ့ရွိတယ္။ ၿပီးေတာ့အမ်ားႀကီးေလာင္တာလည္းမဟုတ္ပါဘူး။ ဆီျဖည့္ေပးတဲ့ကားကေတာ့ မီးေလာင္တာနဲ႔တန္းေမာင္းေျပးေတာ့လြတ္သြားတယ္။ ဆီပီပါေတြမီးကူးတာေတာ့ရွိေပမဲ့ အကုန္ေလာင္တာမ်ိဳးေတာ့ မရွိပါဘူး။ ဒီဇယ္ဆိုေတာ့ အမ်ားႀကီးမေလာင္ပါဘူး။ လူအားနဲ႔ ကားေပၚကဆီပီပါေတြ ခ်ၿပီး အေအးေပးလိုက္ေတာ့ မေလာင္ခဲ့ပါဘူး။ ဆီယိုဖိတ္တာေတာ့ရွိပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

၎မီးလာင္မႈျဖစ္စဥ္အား မိုးေကာင္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားအသင္းအဖြဲ႕မ်ားမွပူးေပါင္းမီးျငႇိမ္းသတ္ခဲ့ရာ ညေန(၄) နာရီအခ်ိန္တြင္ မီးျငႇိမ္းႏိုင္ခဲ့ၿပီး ေငြက်ပ္သိန္း(၁၀၀၀) ဖိုးဝန္း က်င္ မီးေလာင္ပ်က္ဆီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.