အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်နားမှာ မြန်မာစစ်လေယာဉ်တစ်စီး အက်ဆီးဒန့်ဖြစ်ပွားပြီး အနည်းဆုံး ၆ ဦး ဒဏ်ရာရခဲ့ဟုဆို

1481

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၃
မြန်မာတပ်မတော်သားအချို့ လိုက်ပါလာတဲ့လေယာဉ်ဟာ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက မတော်တဆ အက်ဆီးဒန့်ဖြစ်ပွားကာ မြန်မာတပ်မတော်သားများ ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုကမီဇိုရမ်ပြည်နယ် Lengpui လေဆိပ်နားမှာ မြန်မာ့တပ်မတော်သားတွေ လိုက်ပါသွားတဲ့ လေယာဉ်ဟာ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ပြီး ဒဏ်ရာရခဲ့ကြောင်း ၊ ဒဏ်ရာရသူတွေကို လက်ရှိအချိန်မှာ မီဇိုရမ်ပြည်နယ် ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက လေယာဉ်ဟာ အသေးစားလေယာဥ်ဖြစ်ပြီး လူပေါင်း ၁ ဒါဇင်ကျော်ကို တင်ဆောင်ပျံသန်းသွားခဲ့တာဖြစ်ကြောင်း၊ အဲဒီလေယာဉ်ပေါ်မှာ လေယာဉ်မှူး အပါအဝင် လူပေါင်း ၁၄ ဦးလိုက်ပါသွားခဲ့ကြောင်း ပြောပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေထဲက ၆ ဦးဒဏ်ရာရခဲ့ပြီး ၈ဦး ဘေးကင်းခဲ့ကြောင်း သိရပါတယ်။ လေယာဉ်ပျက်ကျချိန်အတွင်း ဒဏ်ရာရသူတွေကို Lengpui ဆေးရုံကို ပို့ဆောင်ပေးဖို့ ကြိုးပမ်းခဲ့ပြီး လက်ရှိအချိန်မှာ ပြုစုကုသပေးနေကြောင်း၊ အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောပါတယ်။ အဆိုပါစစ်လေယာဉ်ဟာ မြေပြင်ကို ဆင်းသက်ဖို့ ကြိုးပမ်းချိန်မှာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာတပ်မတော်သား ၂၇၆ ဦးဟာ မီဇိုရမ်ပြည်နယ်အတွင်းကို တိမ်းရှောင်ခဲ့ပြီး အဲဒီတပ်မတော်သားတွေထဲက အချို့ကို ဇန်နဝါရီ ၂၃ ရက်မှာ ပြန်ပို့ဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာစစ်သားတွေ လိုက်ပါလာတဲ့လေယာဉ်ဟာ Lengpui လေဆိပ်နားမှာ ပြေးလမ်းချော်ခဲ့ခြင်းမျိုးအဖြစ် အိန္ဒိယသတင်းအရင်းမြစ်တွေကပြောပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် လေဆိပ်သို့ ဆင်းသက်စဉ်အချိန်တွင် ရုတ်တရက် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်ဟု နစကဘက်က သတင်းထုတ်ပြန်ထားသည်။
၎င်းဖြစ်စဉ်အတွင်း လေယာဉ်အရာထမ်း/အမှုထမ်းများအနက် (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နစကမှ ဆိုသည်။
တပ်မတော်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ယနေ့တွင် မြန်မာ-အိန္ဒိယစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ Lengpui ေလဆိပ္နားမွာ ျမန္မာစစ္ေလယာဥ္တစ္စီး အက္ဆီးဒန႔္ျဖစ္ပြားၿပီး အနည္းဆုံး ၆ ဦး ဒဏ္ရာရခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၃
ျမန္မာတပ္မေတာ္သားအခ်ိဳ႕ လိုက္ပါလာတဲ့ေလယာဥ္ဟာ ဇန္နဝါရီ ၂၃ ရက္ နံနက္ပိုင္းက မေတာ္တဆ အက္ဆီးဒန႔္ျဖစ္ပြားကာ ျမန္မာတပ္မေတာ္သားမ်ား ဒဏ္ရာရခဲ့ေၾကာင္း အိႏၵိယအေျခစိုက္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္အေျခစိုက္သတင္းဌာနတစ္ခုကမီဇိုရမ္ျပည္နယ္ Lengpui ေလဆိပ္နားမွာ ျမန္မာ့တပ္မေတာ္သားေတြ လိုက္ပါသြားတဲ့ ေလယာဥ္ဟာ ဇန္နဝါရီ ၂၃ ရက္ နံနက္ပိုင္းက ပ်က္က်ခဲ့ၿပီး ဒဏ္ရာရခဲ့ေၾကာင္း ၊ ဒဏ္ရာရသူေတြကို လက္ရွိအခ်ိန္မွာ မီဇိုရမ္ျပည္နယ္ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။
မီဇိုရမ္ျပည္နယ္ ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက ေလယာဥ္ဟာ အေသးစားေလယာဥ္ျဖစ္ၿပီး လူေပါင္း ၁ ဒါဇင္ေက်ာ္ကို တင္ေဆာင္ပ်ံသန္းသြားခဲ့တာျဖစ္ေၾကာင္း၊ အဲဒီေလယာဥ္ေပၚမွာ ေလယာဥ္မႉး အပါအဝင္ လူေပါင္း ၁၄ ဦးလိုက္ပါသြားခဲ့ေၾကာင္း ေျပာပါတယ္။
ေလယာဥ္ေပၚမွာ လိုက္ပါသြားသူေတြထဲက ၆ ဦးဒဏ္ရာရခဲ့ၿပီး ၈ဦး ေဘးကင္းခဲ့ေၾကာင္း သိရပါတယ္။ ေလယာဥ္ပ်က္က်ခ်ိန္အတြင္း ဒဏ္ရာရသူေတြကို Lengpui ေဆး႐ုံကို ပို႔ေဆာင္ေပးဖို႔ ႀကိဳးပမ္းခဲ့ၿပီး လက္ရွိအခ်ိန္မွာ ျပဳစုကုသေပးေနေၾကာင္း၊ အိႏၵိယအစိုးရတာဝန္ရွိသူမ်ားက ေျပာပါတယ္။ အဆိုပါစစ္ေလယာဥ္ဟာ ေျမျပင္ကို ဆင္းသက္ဖို႔ ႀကိဳးပမ္းခ်ိန္မွာ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း အိႏၵိယသတင္းေတြမွာ ေဖာ္ျပထားပါတယ္။
ျမန္မာနယ္စပ္မွာ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ျမန္မာတပ္မေတာ္သား ၂၇၆ ဦးဟာ မီဇိုရမ္ျပည္နယ္အတြင္းကို တိမ္းေရွာင္ခဲ့ၿပီး အဲဒီတပ္မေတာ္သားေတြထဲက အခ်ိဳ႕ကို ဇန္နဝါရီ ၂၃ ရက္မွာ ျပန္ပို႔ဖို႔ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ျမန္မာစစ္သားေတြ လိုက္ပါလာတဲ့ေလယာဥ္ဟာ Lengpui ေလဆိပ္နားမွာ ေျပးလမ္းေခ်ာ္ခဲ့ျခင္းမ်ိဳးအျဖစ္ အိႏၵိယသတင္းအရင္းျမစ္ေတြကေျပာပါတယ္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တပ္မေတာ္၏ သယ္ယူပို႔ေဆာင္ေရးေလယာဥ္သည္ ေလဆိပ္သို႔ ဆင္းသက္စဥ္အခ်ိန္တြင္ ႐ုတ္တရက္ စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ေလယာဥ္ေျပးလမ္းေခ်ာ္မႈျဖစ္ပြားခဲ့သည္ဟု နစကဘက္က သတင္းထုတ္ျပန္ထားသည္။
၎ျဖစ္စဥ္အတြင္း ေလယာဥ္အရာထမ္း/အမႈထမ္းမ်ားအနက္ (၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု နစကမွ ဆိုသည္။
တပ္မေတာ္၏ သယ္ယူပို႔ေဆာင္ေရးေလယာဥ္သည္ ယေန႔တြင္ ျမန္မာ-အိႏၵိယစစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရး လုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ မီဇိုရမ္ျပည္နယ္သို႔ သြားေရာက္ျခင္းျဖစ္ေၾကာင္း သိရသည္။