အမြန်လမ်းတွင် လမ်းဖြတ်ကူးသည့် ဆိုင်ကယ်ကို ကားက ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

 1736

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂

ပဲခူတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းဖြတ်ကူးသည့် ဆိုင်ကယ်ကို ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်း ပြီးသေဆုံးသွားခဲ့ကြောင်း အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၁ ရက်)၊ ည ၉ နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၆၆/၇) နှင့် (၆၇)ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်က တရားမဝင်ဖြတ်လမ်းကို လမ်းဖြတ်ကူးတာ။ မိသားစုကားက ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်းလာရင်းနဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိတာ။ အမှန်က အမြန်လမ်းမှာ ဆိုင်ကယ်မောင်းခွင့်မရှိဘူး။ ခုကလည်း တရားမဝင်လမ်းကို ဖြတ်ကူးတာမှာ တိုက်မိခဲ့တာပါ”ဟု အုတ်ရှစ်ကုန်းအမြန်လမ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Wave-100 အမျိုးအစားဆိုင်ကယ်ပေါ်မှ အသက်(၅၀)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ပေါ်က အမျိုးသားတစ်ယောက်က ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တစ်ယောက်လည်း အသက်(၅၀)အရွယ်ပဲသူကတော့ ဒဏ်ရာတွေရတယ်။ အမြန်လမ်းမှာက ဆိုင်ကယ်စီးခွင့်တော့မရှိပေမဲ့ လမ်းကူးမယ်ဆိုရင်တော့ သတိထားပြီးကူးစေချင်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသားအား ဒိုက်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ထိခိုက်ဒဏ်ရာရရှိသူအား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလာတူ ယင်းနေ့ နံနက် ၆နာရီ ၂၅မိနစ် အချိန်ခန့်တွင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၅၉/၅ တွင် ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

zawgyi version
အျမန္လမ္းတြင္ လမ္းျဖတ္ကူးသည့္ ဆိုင္ကယ္ကို ကားက ဝင္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂

ပဲခူတိုင္း၊ ဒိုက္ဦးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ လမ္းျဖတ္ကူးသည့္ ဆိုင္ကယ္ကို ကားတစ္စီးမွ ဝင္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္း ၿပီးေသဆုံးသြားခဲ့ေၾကာင္း အုတ္ရွစ္ကုန္းအျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၁ ရက္)၊ ည ၉ နာရီအခ်ိန္တြင္ ဒိုက္ဦးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ (၆၆/၇) ႏွင့္ (၆၇)ၾကား၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆိုင္ကယ္က တရားမဝင္ျဖတ္လမ္းကို လမ္းျဖတ္ကူးတာ။ မိသားစုကားက ရန္ကုန္ဘက္ကေန ေနျပည္ေတာ္ဘက္ကိုေမာင္းလာရင္းနဲ႔ ဆိုင္ကယ္ကို ဝင္တိုက္မိတာ။ အမွန္က အျမန္လမ္းမွာ ဆိုင္ကယ္ေမာင္းခြင့္မရွိဘူး။ ခုကလည္း တရားမဝင္လမ္းကို ျဖတ္ကူးတာမွာ တိုက္မိခဲ့တာပါ”ဟု အုတ္ရွစ္ကုန္းအျမန္လမ္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ Wave-100 အမ်ိဳးအစားဆိုင္ကယ္ေပၚမွ အသက္(၅၀)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ဆိုင္ကယ္ေပၚက အမ်ိဳးသားတစ္ေယာက္က ပြဲခ်င္းၿပီးဆုံးသြားတယ္။ ေနာက္တစ္ေယာက္လည္း အသက္(၅၀)အ႐ြယ္ပဲသူကေတာ့ ဒဏ္ရာေတြရတယ္။ အျမန္လမ္းမွာက ဆိုင္ကယ္စီးခြင့္ေတာ့မရွိေပမဲ့ လမ္းကူးမယ္ဆိုရင္ေတာ့ သတိထားၿပီးကူးေစခ်င္တယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသားအား ဒိုက္ဦးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး ထိခိုက္ဒဏ္ရာရရွိသူအား ၿမိဳ႕ေခ်ာင္းတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အလာတူ ယင္းေန႔ နံနက္ ၆နာရီ ၂၅မိနစ္ အခ်ိန္ခန္႔တြင္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ ၅၉/၅ တြင္ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ရာ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.