အဆိုတော်ချမ်းချမ်းခိုင်းထားသော တရားမဝင် Online Shop ရောင်းကာ PDF ထောက်ပံ့သူများအား ဖမ်းမိ

 3155

သန့်ဇင် (NP News) - ဇွန် ၂

ရန်ကုန်နှင့်မန္တလေးတွင် အဆိုတော်ချမ်းချမ်းခိုင်းထားသော တရားမဝင် Online Shop ရောင်းကာ PDF ထောက်ပံ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၁x၈၂ လမ်းကြား၊ ၃၃ လမ်းနေ Treasure Hnin Online Shop လုပ်ငန်းလုပ်ကိုင်သူ ဖြူဖြူနှင်း နှင့် မေလ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၄ ရပ်ကွက်၊ ချယ်ရီ ၁ လမ်းနှင့် ရွှေသပြေလမ်းထောင့်၊ အမှတ်(၃/က)နေထိုင်သည့် ဘုန်းမြင့်အောင်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့ ၂ ဦးသည် နိုင်ငံ့ဝန်ထမ်းများ (Disloyalty Civil Servant DCS) လှုပ်ရှားမှုတွင်ပါဝင်ရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်ရန် Social Media များမှတစ်ဆင့် Post တင်ရေးသားခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ချမ်းမြငြိမ်း(ခ)ချမ်းချမ်း(အဆိုတော်)၏ ခိုင်းစေချက်အရ ၎င်းပြည်ပမှ တရားမဝင်တင်ပို့လိုက်သော နိုင်ငံခြားဖြစ်ပစ္စည်းများအား အခကြေးငွေဖြင့် ထပ်ဆင့် ဖြန့်ဝေရောင်းချခြင်း၊ ငွေကြေးကောက်ခံပေးခြင်းနှင့် ချမ်းမြငြိမ်း(ခ)ချမ်းချမ်း ပေးပို့စေလိုသော အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ရသူများဖြစ်ကြောင်း သိရသည်။
အဆိုတော်ချမ်းချမ်း(ခ)ချမ်းမြငြိမ်းသည် Shop Me အမည်ဖြင့် Facebook Page အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလိုင်စင် မရှိဘဲ နိုင်ငံခြားဖြစ် လက်ကိုင်အိတ်၊ နာရီ၊ ခါးပတ်နှင့် အင်္ကျီ စသော အသုံးအဆောင်ပစ္စည်းများအား အွန်လိုင်းမှတစ်ဆင့် ရောင်းချ၍ ပြည်တွင်းသို့ တရားမဝင်တင်သွင်းကာ ဖြန့်ဖြူးရောင်းချနေသူ ဖြစ်ကြောင်း သိရသည်။

ထို့နောက် ရရှိလာသောငွေကြေးများအနက် အချို့အား ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ အချို့ အား အကြမ်းဖက်အဖွဲ့အစည်းများသို့ ထောက်ပံ့ပေးခြင်းများဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် လိုအပ်သည့်အမိန့်များ ထုတ်ပြန်ပေးလျက်ရှိရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကိုလည်း အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို ညွှန်ကြားချက်နှင့်အညီ ရောင်းချခွင့်မှတ်ပုံတင် လက်မှတ်မရှိဘဲ ပြည်တွင်း/ပြည်ပမှ တရားမဝင်ရောင်းချခြင်း၊ ပြည်ပမှဥပဒေမဲ့တင်သွင်းရောင်းချသူ များနှင့်ချိတ်ဆက်၍ ထပ်ဆင့်ဖြန့်ဝေရောင်းချခြင်းများကြောင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာများ ဆုံးရှုံး စေလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိထားသော ဖြူဖြူနှင်းနှင့် ဘုန်းမြင့်အောင်တို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ NUG/PDF အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုပြုလုပ်နိုင်ရန် လူမှုကွန်ရက်များပေါ်တွင် တရားမဝင် ဈေးရောင်းချနေသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင် အိမ့်ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် အိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် ဇွန်နီလာဌေး၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမ ခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr Chan Chan အကောင့်ပိုင်ရှင် ချမ်းမြမြသော် စသည့် လူမှုကွန်ရက်အကောင့်များနှင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့် ပစ္စည်းများအား ဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်း တစ်ခုခုဖြင့် ကူညီဆောင်ရွက်နေသူများကိုလည်း အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး စိစစ်ဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အချို့သော အကြမ်းဖက်အားပေးအဖွဲ့ များနှင့် ပြည်ပြေးများအနေဖြင့် ဥပဒေမဲ့ စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေ ရှာဖွေ၍ အကြမ်းဖက်အဖွဲ့များ သက်ဆိုးရှည်စေရေးအတွက် ထောက်ပံ့ပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် ၎င်းတို့နှင့်ချိတ်ဆက်ခြင်း၊ ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည် ရောင်းချခြင်းနှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် အားပေးကူညီနေသူများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရနိုင်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်းအကြမ်းဖက်အဖွဲ့ အစည်းများကို အားပေးကူညီရန် ရည်ရွယ်၍ တရားမဝင်အွန်လိုင်းစနစ်ဖြင့် ရောင်းချ နေသူများနှင့် ဝယ်ယူသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုပြုလုပ်နိုင်ရန်အတွက် လူမှု ကွန်ရက်အား အသုံးပြု၍ တရားမဝင်ဈေးရောင်းချလျက်ရှိသည့် လူမှုကွန်ရက်အကောင့်များအား ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
အဆိုေတာ္ခ်မ္းခ်မ္းခိုင္းထားေသာ တရားမဝင္ Online Shop ေရာင္းကာ PDF ေထာက္ပံ့သူမ်ားအား ဖမ္းမိ
သန္႔ဇင္ (NP News) - ဇြန္ ၂

ရန္ကုန္ႏွင့္မႏၲေလးတြင္ အဆိုေတာ္ခ်မ္းခ်မ္းခိုင္းထားေသာ တရားမဝင္ Online Shop ေရာင္းကာ PDF ေထာက္ပံ့သူမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ ဧၿပီလ ၁၃ ရက္က မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕ နယ္၊ ေအာင္နန္းရိပ္သာအေရွ႕ရပ္ကြက္၊ ၈၁x၈၂ လမ္းၾကား၊ ၃၃ လမ္းေန Treasure Hnin Online Shop လုပ္ငန္းလုပ္ကိုင္သူ ျဖဴျဖဴႏွင္း ႏွင့္ ေမလ ၈ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ၅၄ ရပ္ကြက္၊ ခ်ယ္ရီ ၁ လမ္းႏွင့္ ေ႐ႊသေျပလမ္းေထာင့္၊ အမွတ္(၃/က)ေနထိုင္သည့္ ဘုန္းျမင့္ေအာင္တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

စိစစ္ေဖာ္ထုတ္ခ်က္မ်ားအရ ၎တို႔ ၂ ဦးသည္ ႏိုင္ငံ့ဝန္ထမ္းမ်ား (Disloyalty Civil Servant DCS) လႈပ္ရွားမႈတြင္ပါဝင္ရန္ လႈံ႕ေဆာ္ျခင္း၊ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစရန္ ႏွင့္ ဆူပူအုံႂကြမႈျဖစ္ေပၚရန္ Social Media မ်ားမွတစ္ဆင့္ Post တင္ေရးသားခဲ့ျခင္းတို႔ေၾကာင့္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္လွစ္ခံခဲ့ရၿပီး ျပည္ပသို႔ ထြက္ေျပးတိမ္းေရွာင္လ်က္ရွိသည့္ ခ်မ္းျမၿငိမ္း(ခ)ခ်မ္းခ်မ္း(အဆိုေတာ္)၏ ခိုင္းေစခ်က္အရ ၎ျပည္ပမွ တရားမဝင္တင္ပို႔လိုက္ေသာ ႏိုင္ငံျခားျဖစ္ပစၥည္းမ်ားအား အခေၾကးေငြျဖင့္ ထပ္ဆင့္ ျဖန႔္ေဝေရာင္းခ်ျခင္း၊ ေငြေၾကးေကာက္ခံေပးျခင္းႏွင့္ ခ်မ္းျမၿငိမ္း(ခ)ခ်မ္းခ်မ္း ေပးပို႔ေစလိုေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအား ေငြေၾကးေထာက္ပံ့ေပးျခင္းမ်ား ေဆာင္႐ြက္ရသူမ်ားျဖစ္ေၾကာင္း သိရသည္။
အဆိုေတာ္ခ်မ္းခ်မ္း(ခ)ခ်မ္းျမၿငိမ္းသည္ Shop Me အမည္ျဖင့္ Facebook Page အား ၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး အြန္လိုင္းစနစ္ျဖင့္ ေရာင္းခ်ျခင္းလုပ္ငန္းလိုင္စင္ မရွိဘဲ ႏိုင္ငံျခားျဖစ္ လက္ကိုင္အိတ္၊ နာရီ၊ ခါးပတ္ႏွင့္ အက်ႌ စေသာ အသုံးအေဆာင္ပစၥည္းမ်ားအား အြန္လိုင္းမွတစ္ဆင့္ ေရာင္းခ်၍ ျပည္တြင္းသို႔ တရားမဝင္တင္သြင္းကာ ျဖန႔္ျဖဴးေရာင္းခ်ေနသူ ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ရရွိလာေသာေငြေၾကးမ်ားအနက္ အခ်ိဳ႕အား ကိုယ္က်ိဳးအတြက္ သုံးစြဲျခင္း၊ အခ်ိဳ႕ အား အၾကမ္းဖက္အဖြဲ႕အစည္းမ်ားသို႔ ေထာက္ပံ့ေပးျခင္းမ်ားေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ကုန္စည္ႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအား ဥပေဒႏွင့္အညီ ျဖစ္ေစေရးအတြက္ လိုအပ္သည့္အမိန႔္မ်ား ထုတ္ျပန္ေပးလ်က္ရွိရာ အြန္လိုင္းစနစ္ျဖင့္ ေရာင္းခ်ျခင္းလုပ္ငန္းကိုလည္း အေရးႀကီးဝန္ေဆာင္မႈလုပ္ငန္းအျဖစ္ အမိန႔္ထုတ္ျပန္သတ္မွတ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

အြန္လိုင္းစနစ္ျဖင့္ ေရာင္းခ်ျခင္းလုပ္ငန္းမ်ားကို ၫႊန္ၾကားခ်က္ႏွင့္အညီ ေရာင္းခ်ခြင့္မွတ္ပုံတင္ လက္မွတ္မရွိဘဲ ျပည္တြင္း/ျပည္ပမွ တရားမဝင္ေရာင္းခ်ျခင္း၊ ျပည္ပမွဥပေဒမဲ့တင္သြင္းေရာင္းခ်သူ မ်ားႏွင့္ခ်ိတ္ဆက္၍ ထပ္ဆင့္ျဖန႔္ေဝေရာင္းခ်ျခင္းမ်ားေၾကာင့္ ႏိုင္ငံေတာ္၏ အခြန္ဘ႑ာမ်ား ဆုံးရႈံး ေစလ်က္ရွိေၾကာင္း သိရသည္။

ထို့ကြောင့် ဖမ္းဆီးရမိထားေသာ ျဖဴျဖဴႏွင္းႏွင့္ ဘုန္းျမင့္ေအာင္တို႔အား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ NUG/PDF အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအား ေထာက္ပံ့မႈျပဳလုပ္ႏိုင္ရန္ လူမႈကြန္ရက္မ်ားေပၚတြင္ တရားမဝင္ ေဈးေရာင္းခ်ေနသည့္ ပန္ဆယ္လို အေကာင့္ပိုင္ရွင္ အိမ့္ပိုးဥ၊ Ma Irene အေကာင့္ပိုင္ရွင္ အိုင္ရင္း၊ ShweNadi အေကာင့္ပိုင္ရွင္ သင္းသင္းႏြယ္၊ Zune Nilar Htay အေကာင့္ပိုင္ရွင္ ဇြန္နီလာေဌး၊ Aung Thaw အေကာင့္ပိုင္ရွင္ ေအာင္ေသာ္၊ Khaing Su Lwin အေကာင့္ပိုင္ရွင္ DCS ဆရာမ ခိုင္စုလြင္၊ P&H Fashion အေကာင့္ပိုင္ရွင္ ထက္နီနီသန္း၊ Tr Chan Chan အေကာင့္ပိုင္ရွင္ ခ်မ္းျမျမေသာ္ စသည့္ လူမႈကြန္ရက္အေကာင့္မ်ားႏွင့္ ခ်ိတ္ဆက္ျခင္း၊ ေရာင္းခ်သည့္ ပစၥည္းမ်ားအား ဝယ္ယူျခင္း၊ တစ္ဆင့္ခံျပန္လည္ေရာင္းခ်ျခင္းႏွင့္ ထိုသို႔ေဆာင္႐ြက္ႏိုင္ရန္ နည္းလမ္း တစ္ခုခုျဖင့္ ကူညီေဆာင္႐ြက္ေနသူမ်ားကိုလည္း အၾကမ္းဖက္ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္ႏိုင္ေရး စိစစ္ေဖာ္ထုတ္လွ်က္ရွိေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေသာ္လည္း NUG ၊ PDF အၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ ျပည္သူလူထု အထိတ္တလန႔္ျဖစ္ေစရန္ ေဖာက္ခြဲဖ်က္ဆီးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိရာ အခ်ိဳ႕ေသာ အၾကမ္းဖက္အားေပးအဖြဲ႕ မ်ားႏွင့္ ျပည္ေျပးမ်ားအေနျဖင့္ ဥပေဒမဲ့ စီးပြားေရးလုပ္ငန္းမ်ားမွ ဝင္ေငြ ရွာေဖြ၍ အၾကမ္းဖက္အဖြဲ႕မ်ား သက္ဆိုးရွည္ေစေရးအတြက္ ေထာက္ပံ့ေပးလ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ထို႔ေၾကာင့္ ၎တို႔ႏွင့္ခ်ိတ္ဆက္ျခင္း၊ ကုန္ပစၥည္းမ်ား ဝယ္ယူျခင္း၊ တစ္ဆင့္ခံျပန္လည္ ေရာင္းခ်ျခင္းႏွင့္ ထိုသို႔ေဆာင္႐ြက္ႏိုင္ရန္ နည္းလမ္းတစ္ခုခုျဖင့္ အားေပးကူညီေနသူမ်ားသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူခံရႏိုင္ေၾကာင္းႏွင့္ မိဘျပည္သူမ်ားအေနျဖင့္လည္းအၾကမ္းဖက္အဖြဲ႕ အစည္းမ်ားကို အားေပးကူညီရန္ ရည္႐ြယ္၍ တရားမဝင္အြန္လိုင္းစနစ္ျဖင့္ ေရာင္းခ် ေနသူမ်ားႏွင့္ ဝယ္ယူသူမ်ားအား သိရွိပါက သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕အစည္းမ်ားထံသို႔ လွ်ိဳ႕ဝွက္စြာ သတင္းေပးပို႔ႏိုင္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။

အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအား ေထာက္ပံ့မႈျပဳလုပ္ႏိုင္ရန္အတြက္ လူမႈ ကြန္ရက္အား အသုံးျပဳ၍ တရားမဝင္ေဈးေရာင္းခ်လ်က္ရွိသည့္ လူမႈကြန္ရက္အေကာင့္မ်ားအား ဆက္လက္ေဖာ္ထုတ္၍ ထိေရာက္စြာအေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.