ထော်ဂျီကိုကျော်တက်သော ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး

 735

ချယ်ရီ (NP News) - ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး အရှေ့မှထော်လာဂျီကိုကျော်တက်ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ၍ ယာဉ်မောင်းတစ်ဦးပွဲချင်းပြီးသေဆုံးသွားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၄ ရက်)၊ နံနက် ၇ နာရီခွဲအချိန်ခန့်က ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ်(၇၇)မိုင်၊ (၇)ဖာလုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျုံပျော်ကနေမောင်းနှင်လာတာ ရန်ကုန်ကိုသွားမှာ။ ရန်ကုန်ကိုသွားရင်း အရှေ့က ထော်လာဂျီကိုကျော်တက်လိုက်တဲ့အချိန်ကျတော့ စတီယာရင်ကိုမနိုင်ဘဲ ကားလမ်းရဲ့ဘယ်ဘက်ခြမ်းလမ်းဘေးချောက်ထဲကိုထိုးကျပြီးတော့ မလေးရှားပိတောက်ပင်ကို ဝင်တိုက်တာပါ” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ခရီးသည် (၃၅)ဦး တင်ဆောင်လာသော ခရီးသည်ယာဉ်တိမ်းမှောက်မှုကြောင့် အသက်(၃၁)နှစ်အရွယ်ရှိ ညောင်တုန်းမြို့နယ်တွင် နေထိုင်သော ယာဉ်မောင်းတစ်ဦးသေဆုံးကာ ခရီးသည် (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ သေဆုံးသူက ဘယ်ဘက်ရင် ချိုင့်ဝင်ဒဏ်ရာ၊ ညာခြေသလုံးကျိုးဒဏ်ရာ၊ ဝဲနံရိုးကျိုးဒဏ်ရာနဲ့ စီယာတိုင်နဲ့ညှပ်ပြီး သေဆုံးသွားတာ။ ထိခိုက်ဒဏ်ရာရရှိသူတွေက ဝဲဘက်နံရိုးကျိုးဒဏ်ရာ၊ ပြတ်ရှ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ထို့ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကျောင်းကုန်းလူငယ်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျောင်းကုန်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ပြီး ကျောင်းကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
ေထာ္လာဂ်ီကိုေက်ာ္တက္ေသာ ခရီးသည္တင္ယာဥ္ တိမ္းေမွာက္ရာ ယာဥ္ေမာင္းပြဲခ်င္းၿပီးေသဆုံး
ခ်ယ္ရီ (NP News) - ဇြန္ ၄
ဧရာဝတီတိုင္းေဒသႀကီး၊ ေက်ာင္းကုန္းၿမိဳ႕နယ္တြင္ ခရီးသည္တင္ယာဥ္တစ္စီး အေရွ႕မွေထာ္လာဂ်ီကိုေက်ာ္တက္ရာ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးထိုးက်၍ ယာဥ္ေမာင္းတစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားသည့္ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ေက်ာင္းကုန္းၿမိဳ႕နယ္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၄ ရက္)၊ နံနက္ ၇ နာရီခြဲအခ်ိန္ခန႔္က ေက်ာင္းကုန္းၿမိဳ႕နယ္၊ သဲကုန္းေက်း႐ြာ၊ မိုင္တိုင္အမွတ္(၇၇)မိုင္၊ (၇)ဖာလုံ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ က်ဳံေပ်ာ္ကေနေမာင္းႏွင္လာတာ ရန္ကုန္ကိုသြားမွာ။ ရန္ကုန္ကိုသြားရင္း အေရွ႕က ေထာ္လာဂ်ီကိုေက်ာ္တက္လိုက္တဲ့အခ်ိန္က်ေတာ့ စတီယာရင္ကိုမႏိုင္ဘဲ ကားလမ္းရဲ႕ဘယ္ဘက္ျခမ္းလမ္းေဘးေခ်ာက္ထဲကိုထိုးက်ၿပီးေတာ့ မေလးရွားပိေတာက္ပင္ကို ဝင္တိုက္တာပါ” ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
ခရီးသည္ (၃၅)ဦး တင္ေဆာင္လာေသာ ခရီးသည္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အသက္(၃၁)ႏွစ္အ႐ြယ္ရွိ ေညာင္တုန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ ယာဥ္ေမာင္းတစ္ဦးေသဆုံးကာ ခရီးသည္ (၇)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
“ ေသဆုံးသူက ဘယ္ဘက္ရင္ ခ်ိဳင့္ဝင္ဒဏ္ရာ၊ ညာေျခသလုံးက်ိဳးဒဏ္ရာ၊ ဝဲနံ႐ိုးက်ိဳးဒဏ္ရာနဲ႔ စီယာတိုင္နဲ႔ညႇပ္ၿပီး ေသဆုံးသြားတာ။ ထိခိုက္ဒဏ္ရာရရွိသူေတြက ဝဲဘက္နံ႐ိုးက်ိဳးဒဏ္ရာ၊ ျပတ္ရွ ေပါက္ၿပဲဒဏ္ရာေတြ ရရွိခဲ့ပါတယ္” ဟု ၎က ေျပာၾကားသည္။
ထို႔ေၾကာင့္ ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေက်ာင္းကုန္းလူငယ္နာေရးကူညီမႈအသင္းယာဥ္ျဖင့္ ေက်ာင္းကုန္းျပည္သူ႔ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ခဲ့ၿပီး ေက်ာင္းကုန္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.