ကမ္ဘာကျော် အဆိုတော်တေလာဆွစ်ဖ် Midnights အယ်လ်ဘမ်နဲ့ ဂရမ်မီဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု ရရှိ

668
ရောင်နီ (NP News) - ဇန်နဝါရီ ၆
ကမ္ဘာကျော် အဆိုတော်တေလာဆွစ်ဖ်ဟာ သူမရဲ့ Midnights အယ်လ်ဘမ်နဲ့ Album of the year Grammy Awards ဆု ရရှိခဲ့ပြီး Album of the year Grammy Award ၄ ကြိမ် ရရှိမှုနဲ့ စံချိန်တင်ခဲ့ပါတယ်။
တေလာက သူမရဲ့ထုတ်လုပ်သူနဲ့ သူငယ်ချင်း ဂျက်ခိအန်တိုနော့ဖ်ကို ကျေးဇူးတင်စကား ဆိုခဲ့ပြီး "ဒါဟာ ကျွန်မ ဘဝရဲ့အပျော်ရွှင်ဆုံးအခိုက်အတန့်ပဲ" လို့ ပြောကြားခဲ့ပါတယ်။ ဒီတစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု (Album of the year) အတွက် လာနာဒဲလ်ရေး၊ အိုလီဗီရာ ရိုဒရီကို တို့လည်း စံကာတင်စာရင်းထဲ ဝင်ခဲ့ပါတယ်။
တစ်နှစ်တာ အကောင်းဆုံးသီချင်းဆုကိုတော့ ဘယ်လ်လာအက်ဒစ်က "What was I made for" သီချင်းနဲ့ ရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး Pop Solo performance ဆုကိုတော့ မိုင်လေဆိုင်းရစ်ရဲ့ "Flowers" သီချင်းက ဆွတ်ခူး ရရှိခဲ့ပါတယ်။
တေလာရဲ့ဂရမ်မီဆု ဆွတ်ခူးမှုအတွက် မကျေနပ်သူတွေက "ဆုကို ဝယ်ယူထားခြင်းသာဖြစ်တယ်" လို့ ပြောဆိုကြ တာရှိပါတယ်။ ဒါပေမယ့်လည်း တေလာဆွဖ်ဟာ အမှန်တကယ် အရည်အချင်းရှိပြီး ဆုနဲ့ထိုက်တန်သူဆိုတာကို သူမ ရရှိခဲ့တဲ့ ဂုဏ်သရေရှိ ဆုတံဆိပ်ပေါင်းများစွာက သက်သေပြနေပါတယ်။

Zawgyi Version;
ကမာၻေက်ာ္ အဆိုေတာ္ေတလာဆြစ္ဖ္ Midnights အယ္လ္ဘမ္နဲ႔ ဂရမ္မီဆုေပးပြဲမွာ တစ္ႏွစ္တာ အေကာင္းဆုံး အယ္လ္ဘမ္ဆု ရရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၆
ကမာၻေက်ာ္ အဆိုေတာ္ေတလာဆြစ္ဖ္ဟာ သူမရဲ႕ Midnights အယ္လ္ဘမ္နဲ႔ Album of the year Grammy Awards ဆု ရရွိခဲ့ၿပီး Album of the year Grammy Award ၄ ႀကိမ္ ရရွိမႈနဲ႔ စံခ်ိန္တင္ခဲ့ပါတယ္။
ေတလာက သူမရဲ႕ထုတ္လုပ္သူနဲ႔ သူငယ္ခ်င္း ဂ်က္ခိအန္တိုေနာ့ဖ္ကို ေက်းဇူးတင္စကား ဆိုခဲ့ၿပီး "ဒါဟာ ကြၽန္မ ဘဝရဲ႕အေပ်ာ္႐ႊင္ဆုံးအခိုက္အတန႔္ပဲ" လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီတစ္ႏွစ္တာ အေကာင္းဆုံး အယ္လ္ဘမ္ဆု (Album of the year) အတြက္ လာနာဒဲလ္ေရး၊ အိုလီဗီရာ ႐ိုဒရီကို တို႔လည္း စံကာတင္စာရင္းထဲ ဝင္ခဲ့ပါတယ္။
တစ္ႏွစ္တာ အေကာင္းဆုံးသီခ်င္းဆုကိုေတာ့ ဘယ္လ္လာအက္ဒစ္က "What was I made for" သီခ်င္းနဲ႔ ရရွိခဲ့ၿပီး တစ္ႏွစ္တာ အေကာင္းဆုံး Pop Solo performance ဆုကိုေတာ့ မိုင္ေလဆိုင္းရစ္ရဲ႕ "Flowers" သီခ်င္းက ဆြတ္ခူး ရရွိခဲ့ပါတယ္။
ေတလာရဲ႕ဂရမ္မီဆု ဆြတ္ခူးမႈအတြက္ မေက်နပ္သူေတြက "ဆုကို ဝယ္ယူထားျခင္းသာျဖစ္တယ္" လို႔ ေျပာဆိုၾက တာရွိပါတယ္။ ဒါေပမယ့္လည္း ေတလာဆြဖ္ဟာ အမွန္တကယ္ အရည္အခ်င္းရွိၿပီး ဆုနဲ႔ထိုက္တန္သူဆိုတာကို သူမ ရရွိခဲ့တဲ့ ဂုဏ္သေရရွိ ဆုတံဆိပ္ေပါင္းမ်ားစြာက သက္ေသျပေနပါတယ္။