ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက် သင်္ချိုင်းကို အသိမပေးဘဲဖြိုချရာ သရုပ်ဆောင်နေထူးနိုင်၏ ဖခင်အုတ်ဂူလည်း ပါဝင်

 4530

Pearl (NP News) - ဇန်နဝါရီ ၂၈

ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက် သင်္ချိုင်းကို အသိမပေးဘဲ ဖြိုချရာ ဖခင် နှင့် အစ်ကိုဖြစ်လသူတို့၏ အုတ်ဂူများ ပါဝင်သွားခဲ့ကြောင်း ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်က NP News သို့ပြောသည်။
“အစ်ကို့ရဲ့အစ်ကိုအကြီးဆုံးက ပြီးခဲ့တဲ့တစ်နှစ်ကျော်က ဆုံးတာ။ အဖေက ဆုံးတာ တစ်လကျော်။ အဖေနဲ့အစ်ကိုနဲ့ ခြေရင်းခေါင်းရင်းလေး ကပ်ပြီး ဂူသွင်းလိုက်တာ။ ဂူသွင်းတဲ့နေ့မှာလည်း ပြောတယ်။ အကြောင်းကြောင်းကြောင့် ဖျက်ရရင်လည်း ကျွန်တော်တို့ကို အကြောင်းကြားပါဆိုပြီးပြောထားတာ။ အလှူငွေဆိုရင်တော့ ဖုန်းဆက်ပြီးတော့ အလှူခံတယ်။ ဒါကို သင့်တော်တဲ့နေရာကို ရွေ့ပေးမယ်လို့ မှာခဲ့တာကို မနေ့က ဖျက်လိုက်တာကို ဘာမှ အကြောင်းမကြားဘူး။ အခု အဖေရော အစ်ကို့ဂူရော ပါသွားတယ်။ အစ်ကိုကြီးရဲ့ဂူဆိုရင် အစအန ရှာမရတော့ဘူး” ဟု ကိုနေထူးနိုင်က NP News သို့ပြောသည်။
ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက်သချိုင်းသည် နှစ်ပေါင်း ၁၂ဝ ကျော်ရှိပြီဖြစ်ကာ ဖျက်မည့်ရက်များကို အသိမပေးဘဲ ယခုကဲ့သို့ ဖြိုချဖျက်စီးသည့်အတွက် ၎င်းအနေဖြင့် စိတ်မကောင်းဝမ်းနည်းရကောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်‌ဝေထားသည်။
“သိတာကတော့ သင်္ချိုင်းရွေ့ရင် ကျွန်တော်တို့သိတဲ့ဥပဒေအရ တစ်လကြိုတင်အကြောင်းကြားရမယ်။ အနည်းဆုံး တစ်ပတ် ၊ (၁၀)ရက် အကြောင်းကြားရမယ်ပေါ့။ သက်ဆိုင်ရာ အုတ်ဂူပိုင်ရှင်တွေက ရွေ့တာ ပြောင်းတာလုပ်ရမယ်လေ။ ဒီပုံစံနဲ့ပဲ သွားရမှာကို ဘယ်သူ့ရဲ့ခွင့်ပြုချက်မှန်း မသိ ၊ ဘယ်သူက လုပ်ခိုင်းတာမှန်းမသိ။ ဘာစာမှမထွက်၊ ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ လုပ်တာက မသင့်လျော်ဘူး။ ကိုယ်တင်တယ်ဆိုတာလည်း အစ်ကို့အဖေကိစ္စက ပြီးသွားပြီ။ ဘာမှကိုလုပ်လို့မရတော့ဘူး။ ဒါပေမဲ့ နောင်ကို ဒီလိုမျိုးမဖြစ်ရအောင်လို့ စံပြအနေနဲ့ ပိုစ့်တင်တာ။ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ဒုက္ခရောက်ပါစေဆိုပြီး တင်ထားတာမဟုတ်ဘူး” ဟု ပြောသည်။

Zawgyi Version;
ေရနံေခ်ာင္းၿမိဳ႕ တြင္းကုန္းရပ္ကြက္ သခ်ႋဳင္းကို အသိမေပးဘဲၿဖိဳခ်ရာ သ႐ုပ္ေဆာင္ေနထူးႏိုင္၏ ဖခင္အုတ္ဂူလည္း ပါဝင္
Pearl (NP News) - ဇန္နဝါရီ ၂၈
ေရနံေခ်ာင္းၿမိဳ႕ တြင္းကုန္းရပ္ကြက္ သခ်ႋဳင္းကို အသိမေပးဘဲ ၿဖိဳခ်ရာ ဖခင္ ႏွင့္ အစ္ကိုျဖစ္လသူတို႔၏ အုတ္ဂူမ်ား ပါဝင္သြားခဲ့ေၾကာင္း ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေနထူးႏိုင္က NP News သို႔ေျပာသည္။
“အစ္ကို႔ရဲ႕အစ္ကိုအႀကီးဆုံးက ၿပီးခဲ့တဲ့တစ္ႏွစ္ေက်ာ္က ဆုံးတာ။ အေဖက ဆုံးတာ တစ္လေက်ာ္။ အေဖနဲ႔အစ္ကိုနဲ႔ ေျခရင္းေခါင္းရင္းေလး ကပ္ၿပီး ဂူသြင္းလိုက္တာ။ ဂူသြင္းတဲ့ေန႔မွာလည္း ေျပာတယ္။ အေၾကာင္းေၾကာင္းေၾကာင့္ ဖ်က္ရရင္လည္း ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားပါဆိုၿပီးေျပာထားတာ။ အလႉေငြဆိုရင္ေတာ့ ဖုန္းဆက္ၿပီးေတာ့ အလႉခံတယ္။ ဒါကို သင့္ေတာ္တဲ့ေနရာကို ေ႐ြ႕ေပးမယ္လို႔ မွာခဲ့တာကို မေန႔က ဖ်က္လိုက္တာကို ဘာမွ အေၾကာင္းမၾကားဘူး။ အခု အေဖေရာ အစ္ကို႔ဂူေရာ ပါသြားတယ္။ အစ္ကိုႀကီးရဲ႕ဂူဆိုရင္ အစအန ရွာမရေတာ့ဘူး” ဟု ကိုေနထူးႏိုင္က NP News သို႔ေျပာသည္။
ေရနံေခ်ာင္းၿမိဳ႕ တြင္းကုန္းရပ္ကြက္သခ်ိဳင္းသည္ ႏွစ္ေပါင္း ၁၂ဝ ေက်ာ္ရွိၿပီျဖစ္ကာ ဖ်က္မည့္ရက္မ်ားကို အသိမေပးဘဲ ယခုကဲ့သို႔ ၿဖိဳခ်ဖ်က္စီးသည့္အတြက္ ၎အေနျဖင့္ စိတ္မေကာင္းဝမ္းနည္းရေကာင္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားျဖန႔္‌ေဝထားသည္။
“သိတာကေတာ့ သခ်ႋဳင္းေ႐ြ႕ရင္ ကြၽန္ေတာ္တို႔သိတဲ့ဥပေဒအရ တစ္လႀကိဳတင္အေၾကာင္းၾကားရမယ္။ အနည္းဆုံး တစ္ပတ္ ၊ (၁၀)ရက္ အေၾကာင္းၾကားရမယ္ေပါ့။ သက္ဆိုင္ရာ အုတ္ဂူပိုင္ရွင္ေတြက ေ႐ြ႕တာ ေျပာင္းတာလုပ္ရမယ္ေလ။ ဒီပုံစံနဲ႔ပဲ သြားရမွာကို ဘယ္သူ႔ရဲ႕ခြင့္ျပဳခ်က္မွန္း မသိ ၊ ဘယ္သူက လုပ္ခိုင္းတာမွန္းမသိ။ ဘာစာမွမထြက္၊ ဘယ္သူ႔ကိုမွ အေၾကာင္းမၾကားဘဲ လုပ္တာက မသင့္ေလ်ာ္ဘူး။ ကိုယ္တင္တယ္ဆိုတာလည္း အစ္ကို႔အေဖကိစၥက ၿပီးသြားၿပီ။ ဘာမွကိုလုပ္လို႔မရေတာ့ဘူး။ ဒါေပမဲ့ ေနာင္ကို ဒီလိုမ်ိဳးမျဖစ္ရေအာင္လို႔ စံျပအေနနဲ႔ ပိုစ့္တင္တာ။ ဘယ္သူ႔ကိုမွ ရည္႐ြယ္ၿပီး ဒုကၡေရာက္ပါေစဆိုၿပီး တင္ထားတာမဟုတ္ဘူး” ဟု ေျပာသည္။

Related news

© 2021. All rights reserved.