ယခုနှစ်အကယ်ဒမီတွင် ထိုင်ခုံနေရာကန့်သတ်ချက်ကြောင့် ရုံတင်ကားပါဝင်သူတွေသာ ဦးစားပေးအဆင့်လိုက် ရွေးချယ်ဖိတ်ကြားခြင်းဖြစ်

 583

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၃

ယခုနှစ်အကယ်ဒမီတွင် ထိုင်ခုံနေရာကန့်သတ်ချက်ကြောင့် ရုံတင်ကား ပါဝင်သူတွေသာ ဦးစားပေးအဆင့်လိုက် ရွေး ချယ်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဦးချမ်းသာကြည်စိုး က ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားထားသည်။
ယခု နှစ် အကယ်ဒမီပေးပွဲကို ဖေဖော်ဝါရီ(၇)ရက်တွင် ကျင်းပမည်ဖြစ်ရာ အကယ်ဒမီပေးပွဲနှင့်ပတ်သက်၍ ယခင် နှစ်များက ဖိတ်ကြားခံရသူများ ယခုနှစ်တွင် အဖိတ်မခံရသည့်အတွက် မကျေနပ်ချက်များကြုံနေရကြေင်း ၎င်း၏ ရေးသားချက်အရ သိရသည်။
“အရင်နှစ်တွေက တက်ဖူးပြီးသားမို့ မတက်ဖူးသေးတဲ့သူတွေကို နေရာပေးတယ်လို့ သဘောထားကြီးပေးပါ ခင်ဗျာ” ဟု ဦးချမ်းသာကြည်စိုး က ပြောကြားထားသည်။
အကယ်ဒမီ ရုံတင်ကားများထဲတွင် ပါဝင်သော်လည်း ဖိတ်ကြားခံရခြင်းမရှိသူများအတွက်လည်း ဦးချမ်းသာ ကြည်စိုး က ဖြေရှင်းချက် ရေးသားထားသည်။
“ထိုင်ခုံနေရာကန့်သတ်ချက်ကြောင့် ရုံတင်ကားပါသူတွေကို ဦးစားပေးအဆင့်လိုက်သာ ရွေးဖိတ်ပါတယ်” ဟု ရေးသားထားသည်။
ထိုသို့ဦးစားပေးအဆင့်တွင် ခေါင်းဆောင်ပါဝင်သရုပ်ဆောင်သူများ၊ ဒါရိုက်တာ၊ အရေးပါသော ဇာတ်ပို့ သရုပ်ဆောင်များ၊ ဇာတ်ညွှန်း၊ ဓာတ်ပုံ တည်းဖြတ်၊ တေးဂီတအသံပညာရှင်များဖြစ်ပြီး ရုပ်ရှင် အစည်းအရုံးဝင်များသာဖြစ်ကြောင်းလည်း ၎င်းက ဆိုထားသည်။

Zawgyi Version;
ယခုႏွစ္အကယ္ဒမီတြင္ ထိုင္ခုံေနရာကန႔္သတ္ခ်က္ေၾကာင့္ ႐ုံတင္ကားပါဝင္သူေတြသာ ဦးစားေပးအဆင့္လိုက္ ေ႐ြးခ်ယ္ဖိတ္ၾကားျခင္းျဖစ္
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၃
ယခုႏွစ္အကယ္ဒမီတြင္ ထိုင္ခုံေနရာကန႔္သတ္ခ်က္ေၾကာင့္ ႐ုံတင္ကား ပါဝင္သူေတြသာ ဦးစားေပးအဆင့္လိုက္ ေ႐ြး ခ်ယ္ဖိတ္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ တြဲဖက္အတြင္းေရးမႉး ဦးခ်မ္းသာၾကည္စိုး က ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။
ယခု ႏွစ္ အကယ္ဒမီေပးပြဲကို ေဖေဖာ္ဝါရီ(၇)ရက္တြင္ က်င္းပမည္ျဖစ္ရာ အကယ္ဒမီေပးပြဲႏွင့္ပတ္သက္၍ ယခင္ ႏွစ္မ်ားက ဖိတ္ၾကားခံရသူမ်ား ယခုႏွစ္တြင္ အဖိတ္မခံရသည့္အတြက္ မေက်နပ္ခ်က္မ်ားႀကဳံေနရေၾကင္း ၎၏ ေရးသားခ်က္အရ သိရသည္။
“အရင္ႏွစ္ေတြက တက္ဖူးၿပီးသားမို႔ မတက္ဖူးေသးတဲ့သူေတြကို ေနရာေပးတယ္လို႔ သေဘာထားႀကီးေပးပါ ခင္ဗ်ာ” ဟု ဦးခ်မ္းသာၾကည္စိုး က ေျပာၾကားထားသည္။
အကယ္ဒမီ ႐ုံတင္ကားမ်ားထဲတြင္ ပါဝင္ေသာ္လည္း ဖိတ္ၾကားခံရျခင္းမရွိသူမ်ားအတြက္လည္း ဦးခ်မ္းသာ ၾကည္စိုး က ေျဖရွင္းခ်က္ ေရးသားထားသည္။
“ထိုင္ခုံေနရာကန႔္သတ္ခ်က္ေၾကာင့္ ႐ုံတင္ကားပါသူေတြကို ဦးစားေပးအဆင့္လိုက္သာ ေ႐ြးဖိတ္ပါတယ္” ဟု ေရးသားထားသည္။
ထိုသို႔ဦးစားေပးအဆင့္တြင္ ေခါင္းေဆာင္ပါဝင္သ႐ုပ္ေဆာင္သူမ်ား၊ ဒါ႐ိုက္တာ၊ အေရးပါေသာ ဇာတ္ပို႔ သ႐ုပ္ေဆာင္မ်ား၊ ဇာတ္ၫႊန္း၊ ဓာတ္ပုံ တည္းျဖတ္၊ ေတးဂီတအသံပညာရွင္မ်ားျဖစ္ၿပီး ႐ုပ္ရွင္ အစည္းအ႐ုံးဝင္မ်ားသာျဖစ္ေၾကာင္းလည္း ၎က ဆိုထားသည္။

Related news

© 2021. All rights reserved.