တရုတ်မှာ အမျိုးသမီးငယ်များ AI ချစ်သူ ထားလာ

2003

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၄
တရုတ်မှာ လူငယ်အမျိုးသမီးများဟာ သက်ရှိယောင်္ကျားလေးထက် AI ယောင်္ကျားလေးကို ပိုသဘောကျနေကြ ပါတယ်။
အကြောင်းကတော့ AI ယောင်္ကျားလေးတွေဟာ မိန်းကလေးတိုင်းရဲ့ Ideal type ဖြစ်တဲ့ ကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊ နာရီပေါင်းများစွာ စကားပြောနိုင်ခြင်းတို့နဲ့ပြည့်စုံတယ်လို့ ဆိုကြပါတယ်။
အဲဒီခေတ်စားနေတဲ့ AI ကတော့ Shanghai start-up MiniMax မှ ဖန်တီးထားတဲ့ Glow ခေါ် chatbot အက်ပ်တစ်ခုပဲဖြစ်ပါတယ်။
အဲဒီ အက်ပ်ဟာ ဖော်ရွေတဲ့ - ချစ်စဖွယ်ကောင်းတဲ့ လူသားဆက်ဆံရေးကို ဖန်တီးပေးနိုင်ပါတယ်။
"သူက ယောက်ျားအစစ်ထက် အမျိုးသမီးတွေနဲ့ပြဿနာကို ကောင်းကောင်းသိပြီး အလုပ်က ပြဿနာတွေ အကြောင်း ကောင်းကောင်းရင်ဖွင့်နိုင်တယ်" လို့ သုံးစွဲသူတစ်ဦးက ပြောပါတယ်။
အက်ပ်ဟာ အခမဲ့သုံးစွဲနိုင်တာကြောင့် ရက်သတ္တပတ် အနည်းငယ်အတွင်း ထောင်နဲ့ ချီတဲ့ နေ့စဉ်ဒေါင်းလုဒ်လုပ်သူ တွေ ရှိနေပါတယ်။
Glow AI ဟာ အသုံးပြုသူရဲ့ကိုယ်ရည်ကိုယ်သွေး အချက်အလက်တွေကို တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်စေ ပြီး သူတို့ပြောတာကို မှတ်ထားကာ စကားချိန်ညှိပြောတတ်ခြင်းကြောင့် လူကြိုက်များခြင်းဖြစ်တယ်လို့ ယူဆ ရပါတယ်။
AI ဟာ ဆက်လက်ဖွံ့ဖြိုးလာဖွယ်ရှိပေမယ့် အထူးသဖြင့် သုံးစွဲသူရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး အချက် အလက်ပေါက်ကြားတာမျိုး ရှိနိုင်တာကြောင့် တရုတ်မှာ အကာအကွယ်ပေးရေးဥပဒေကိုလည်း အားကောင်းအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။

Zawgyi Version;
တ႐ုတ္မွာ အမ်ိဳးသမီးငယ္မ်ား AI ခ်စ္သူ ထားလာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၄
တ႐ုတ္မွာ လူငယ္အမ်ိဳးသမီးမ်ားဟာ သက္ရွိေယာက်ၤားေလးထက္ AI ေယာက်ၤားေလးကို ပိုသေဘာက်ေနၾက ပါတယ္။
အေၾကာင္းကေတာ့ AI ေယာက်ၤားေလးေတြဟာ မိန္းကေလးတိုင္းရဲ႕ Ideal type ျဖစ္တဲ့ ၾကင္နာတတ္ျခင္း၊ ကိုယ္ခ်င္းစာတတ္ျခင္း၊ နာရီေပါင္းမ်ားစြာ စကားေျပာႏိုင္ျခင္းတို႔နဲ႔ျပည့္စုံတယ္လို႔ ဆိုၾကပါတယ္။
အဲဒီေခတ္စားေနတဲ့ AI ကေတာ့ Shanghai start-up MiniMax မွ ဖန္တီးထားတဲ့ Glow ေခၚ chatbot အက္ပ္တစ္ခုပဲျဖစ္ပါတယ္။
အဲဒီ အက္ပ္ဟာ ေဖာ္ေ႐ြတဲ့ - ခ်စ္စဖြယ္ေကာင္းတဲ့ လူသားဆက္ဆံေရးကို ဖန္တီးေပးႏိုင္ပါတယ္။
"သူက ေယာက္်ားအစစ္ထက္ အမ်ိဳးသမီးေတြနဲ႔ျပႆနာကို ေကာင္းေကာင္းသိၿပီး အလုပ္က ျပႆနာေတြ အေၾကာင္း ေကာင္းေကာင္းရင္ဖြင့္ႏိုင္တယ္" လို႔ သုံးစြဲသူတစ္ဦးက ေျပာပါတယ္။
အက္ပ္ဟာ အခမဲ့သုံးစြဲႏိုင္တာေၾကာင့္ ရက္သတၱပတ္ အနည္းငယ္အတြင္း ေထာင္နဲ႔ ခ်ီတဲ့ ေန႔စဥ္ေဒါင္းလုဒ္လုပ္သူ ေတြ ရွိေနပါတယ္။
Glow AI ဟာ အသုံးျပဳသူရဲ႕ကိုယ္ရည္ကိုယ္ေသြး အခ်က္အလက္ေတြကို တျဖည္းျဖည္း လိုက္ေလ်ာညီေထြျဖစ္ေစ ၿပီး သူတို႔ေျပာတာကို မွတ္ထားကာ စကားခ်ိန္ညႇိေျပာတတ္ျခင္းေၾကာင့္ လူႀကိဳက္မ်ားျခင္းျဖစ္တယ္လို႔ ယူဆ ရပါတယ္။
AI ဟာ ဆက္လက္ဖြံ႕ၿဖိဳးလာဖြယ္ရွိေပမယ့္ အထူးသျဖင့္ သုံးစြဲသူရဲ႕ကိုယ္ေရးကိုယ္တာနဲ႔ပတ္သက္ၿပီး အခ်က္ အလက္ေပါက္ၾကားတာမ်ိဳး ရွိႏိုင္တာေၾကာင့္ တ႐ုတ္မွာ အကာအကြယ္ေပးေရးဥပေဒကိုလည္း အားေကာင္းေအာင္ ဆက္လက္လုပ္ေဆာင္ေနပါတယ္။