AI နည်းပညာ ကျယ်ပြန့်စွာအသုံးပြုလာသည်နှင့်အမျှ လွဲမှားစွာ အသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် နိုင်ငံတော်ဝန်ကြီးချုပ်ပြော

301

သန့်ဇင်(NP News)-စက်တင်ဘာ ၁၈
AI နည်းပညာ ကျယ်ပြန့်စွာအသုံးပြုလာသည်နှင့်အမျှ လွဲမှားစွာ အသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြောကြားခဲ့သည်။
ယမန်နေ့(စက်တင်ဘာ ၁၇ရက်)၊ မွန်းလွဲပိုင်းက နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပသော “အာဆီယံကို ဉာဏ်ရည်တုနည်း ပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်ဖြင့် တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
AI နည်းပညာကို နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာအသုံးပြုလာသည်နှင့်အမျှ လွဲမှားစွာ အသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေး ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး မှန်ကန်သည့် နယ်ပယ်များတွင် မျှတစွာအသုံးပြုသွားရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန် ကြီးချုပ်က ဆိုသည်။
တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။
ယခုဖိုရမ်သည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးကဏ္ဍတွင် ဦးဆောင်နေကြသည့် ကုန်သည်အသင်းအဖွဲ့များအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများကိုရရှိနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုသည်။
ယခုအခါ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area-ACFTA) ကို ACFTA (အက်ဖ်တာ) ဗားရှင်း ၃.၀ သို့ အဆင့်မြှင့်တင်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူကာကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ စသည့်နယ်ပယ်သစ်များတွင် နက်နက်ရှိုင်းရှိုင်းပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုသည်။
ထို့ကြောင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း များကို မျှဝေခံစားသွားနိုင်ကြမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန် ဖရင့်ဥက္ကဋ္ဌ မစ္စတာစွမ်းသဝေ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr. Kao Kim Hourn တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့် တင်ရေးကောင်စီ (CCPIT) မှ ဒုတိယအကြီးအကဲ၊ ASEAN- China Centre မှ အထွေထွေအတွင်းရေးမှူး၊ တရုတ်အာဆီယံနိုင်ငံများမှ ကုန်သည်အသင်းဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
AI နည္းပညာ က်ယ္ျပန႔္စြာအသုံးျပဳလာသည္ႏွင့္အမွ် လြဲမွားစြာ အသုံးခ်မႈႏွင့္ ဆိုက္ဘာလုံၿခဳံေရးကိုလည္း ထည့္သြင္းစဥ္းစားရန္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ေျပာ
သန႔္ဇင္(NP News)-စက္တင္ဘာ ၁၈
AI နည္းပညာ က်ယ္ျပန႔္စြာအသုံးျပဳလာသည္ႏွင့္အမွ် လြဲမွားစြာ အသုံးခ်မႈႏွင့္ ဆိုက္ဘာလုံၿခဳံေရးကိုလည္း ထည့္သြင္းစဥ္းစားရန္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာ ေျပာၾကားခဲ့သည္။
ယမန္ေန႔(စက္တင္ဘာ ၁၇ရက္)၊ မြန္းလြဲပိုင္းက နန္နင္းၿမိဳ႕ရွိ Grand Metropark Hotel ၌ က်င္းပေသာ “အာဆီယံကို ဉာဏ္ရည္တုနည္း ပညာျဖင့္ ခ်ိတ္ဆက္၍ ဒစ္ဂ်စ္တယ္အသြင္ ကူးေျပာင္းျခင္းမွတစ္ဆင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအနာဂတ္ကို မွ်ေဝျခင္း” ေဆာင္ပုဒ္ျဖင့္ တ႐ုတ္-အာဆီယံစီးပြားေရးေခါင္းေဆာင္မ်ား ဖိုရမ္ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
AI နည္းပညာကို နယ္ပယ္က႑အသီးသီးတြင္ က်ယ္ျပန႔္စြာအသုံးျပဳလာသည္ႏွင့္အမွ် လြဲမွားစြာ အသုံးခ်မႈႏွင့္ ဆိုက္ဘာလုံၿခဳံေရး ကိုလည္း ထည့္သြင္းစဥ္းစားရန္ လိုအပ္ၿပီး မွန္ကန္သည့္ နယ္ပယ္မ်ားတြင္ မွ်တစြာအသုံးျပဳသြားရန္လိုအပ္ေၾကာင္း ႏိုင္ငံေတာ္ဝန္ ႀကီးခ်ဳပ္က ဆိုသည္။
တ႐ုတ္-အာဆီယံ စီးပြားေရးေခါင္းေဆာင္မ်ားဖိုရမ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံႏွင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား ကုန္သြယ္ေရး၊ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုျမႇင့္တင္ေဆာင္႐ြက္သြားႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္းလည္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ထည့္သြင္းေျပာ ၾကားခဲ့သည္။
ယခုဖိုရမ္သည္ တ႐ုတ္ႏွင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ စီးပြားေရးက႑တြင္ ဦးေဆာင္ေနၾကသည့္ ကုန္သည္အသင္းအဖြဲ႕မ်ားအၾကား စီးပြားေရးဆိုင္ရာကိစၥရပ္မ်ားကို အျမင္ခ်င္းဖလွယ္ေဆြးေႏြးႏိုင္သည့္ အခြင့္အလမ္းမ်ားကိုရရွိႏိုင္မည့္ ပလက္ေဖာင္းတစ္ခုျဖစ္ေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ဆိုသည္။
ယခုအခါ အာဆီယံ-တ႐ုတ္ လြတ္လပ္ေသာကုန္သြယ္မႈေဒသ (ASEAN-China Free Trade Area-ACFTA) ကို ACFTA (အက္ဖ္တာ) ဗားရွင္း ၃.၀ သို႔ အဆင့္ျမႇင့္တင္ႏိုင္ခဲ့ၿပီးျဖစ္သည့္အတြက္ ဒစ္ဂ်စ္တယ္စီးပြားေရး၊ အစိမ္းေရာင္စီးပြားေရး၊ ေထာက္ပံ့ေရးကြင္းဆက္ခ်ိတ္ဆက္မႈ၊ ယွဥ္ၿပိဳင္မႈ၊ စားသုံးသူကာကြယ္ေပးေရးႏွင့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား စသည့္နယ္ပယ္သစ္မ်ားတြင္ နက္နက္ရႈိင္းရႈိင္းပူးေပါင္း ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ဆိုသည္။
ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံႏွင့္ အာဆီယံႏိုင္ငံမ်ားအေနျဖင့္ နယ္ပယ္သစ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ အခြင့္အလမ္း မ်ားကို မွ်ေဝခံစားသြားႏိုင္ၾကမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ဆိုသည္။
အဆိုပါ အခမ္းအနားသို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း၊ ဦးခ်စ္ေဆြ၊ ေဒါက္တာသက္ခိုင္ဝင္း၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးတင္ေမာင္ေဆြႏွင့္ တာဝန္ရွိသူမ်ား၊ ကြမ္ရွီးကြၽမ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ျပည္သူ႔အတိုင္ပင္ကြန္ ဖရင့္ဥကၠ႒ မစၥတာစြမ္းသေဝ၊ အာဆီယံအေထြေထြအတြင္းေရးမႉးခ်ဳပ္ Mr. Kao Kim Hourn တ႐ုတ္အျပည္ျပည္ဆိုင္ရာ ကုန္သြယ္မႈျမႇင့္ တင္ေရးေကာင္စီ (CCPIT) မွ ဒုတိယအႀကီးအကဲ၊ ASEAN- China Centre မွ အေထြေထြအတြင္းေရးမႉး၊ တ႐ုတ္အာဆီယံႏိုင္ငံမ်ားမွ ကုန္သည္အသင္းဥကၠ႒မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။