ရန်ကုန်နှင့် မန္တလေးမြို့ရှိဟိုတယ်လုံခြုံရေးဝန်ထမ်းများကို ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းများ ဆက်လက်ပို့ချပေးမည်

167

သန့်ဇင် (NP News) - စက်တင်ဘာ ၁၈
ရန်ကုန်နှင့် မန္တလေးမြို့များရှိဟိုတယ်လုံခြုံရေးဝန်ထမ်းများကို ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းများဆက်လက် ပို့ချပေးမည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားသည်။
ယမန်နေ့( စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းက နေပြည်တော်ဟိုတယ်ဇုန် (၁) ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသော နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်ခဲ့သည့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် လုံခြုံရေးအဓိကတာဝန် ယူထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆက်လက်ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းပညာရပ်သည် ကျန်းမာရေးအရလည်း ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု ရရှိစေနိုင်သည့်အပြင် မိမိကိုယ်ကိုယ် လုံခြုံမှု၊ လျင်မြန်ဖျတ်လတ်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမွန်မှု၊ ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်မှု၊ အပြန်အလှန်လေးစားမှုစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သင်တန်းသားများအနေဖြင့် ကိုယ်ခံပညာကို စနစ်တကျတတ်မြောက်ထားခြင်းဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ယုံကြည်မှုရှိရှိနှင့် ပြည့်ပြည့်ဝဝ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ သိုင်းပညာရပ် ဆက်လက်ပြန့်ပွားနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောခဲ့ကြောင်း သိရသည်။
နေပြည်တော်တွင် ပြုလုပ်သော ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းကို (၄) ပတ်အကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕ရွိဟိုတယ္လုံၿခဳံေရးဝန္ထမ္းမ်ားကို ႐ိုးရာကိုယ္ခံပညာႏွင့္ ျမန္မာ့သိုင္းသင္တန္းမ်ား ဆက္လက္ပို႔ခ်ေပးမည္
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၈
ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားရွိဟိုတယ္လုံၿခဳံေရးဝန္ထမ္းမ်ားကို ႐ိုးရာကိုယ္ခံပညာႏွင့္ ျမန္မာ့သိုင္းသင္တန္းမ်ားဆက္လက္ ပို႔ခ်ေပးမည္ျဖစ္ေၾကာင္း အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာနႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး Jeng Phang ေနာ္ေတာင္က ေျပာၾကားသည္။
ယမန္ေန႔( စက္တင္ဘာ ၁၆ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ဟိုတယ္ဇုန္ (၁) ရွိ ေ႐ႊနန္းေတာ္ဟိုတယ္၌ က်င္းပေသာ ေနျပည္ေတာ္ ဟိုတယ္ဇုန္ရွိ ဟိုတယ္မ်ားတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ လုံၿခဳံေရးဝန္ထမ္းမ်ား၏ စြမ္းေဆာင္ရည္ကို ပိုမိုျမႇင့္တင္ေပးႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ႐ိုးရာကိုယ္ခံပညာႏွင့္ ျမန္မာ့႐ိုးရာသိုင္းသင္တန္းဖြင့္ပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဖြင့္လွစ္ခဲ့သည့္ ႐ိုးရာကိုယ္ခံပညာႏွင့္ ျမန္မာ့သိုင္းသင္တန္းတြင္ ေနျပည္ေတာ္ဟိုတယ္ဇုန္ရွိ ဟိုတယ္မ်ားတြင္ လုံၿခဳံေရးအဓိကတာဝန္ ယူထမ္းေဆာင္ေနၾကသည့္ ဝန္ထမ္းမ်ားအတြက္ ဖြင့္လွစ္ပို႔ခ်ေပးျခင္းျဖစ္ၿပီး ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ ဆက္လက္ဖြင့္လွစ္ပို႔ခ် ေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
႐ိုးရာကိုယ္ခံပညာႏွင့္ ျမန္မာ့သိုင္းပညာရပ္သည္ က်န္းမာေရးအရလည္း ကိုယ္ခႏၶာက်န္းမာသန္စြမ္းမႈ ရရွိေစႏိုင္သည့္အျပင္ မိမိကိုယ္ကိုယ္ လုံၿခဳံမႈ၊ လ်င္ျမန္ဖ်တ္လတ္မႈ၊ ျဖတ္ထိုးဉာဏ္ေကာင္းမြန္မႈ၊ ဆုံးျဖတ္ခ်က္မွန္ကန္စြာ ခ်မွတ္ႏိုင္မႈ၊ အျပန္အလွန္ေလးစားမႈစသည့္ အက်ိဳးေက်းဇူးမ်ားကို ရရွိေစႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
သင္တန္းသားမ်ားအေနျဖင့္ ကိုယ္ခံပညာကို စနစ္တက်တတ္ေျမာက္ထားျခင္းျဖင့္ မိမိတို႔၏ လုပ္ငန္းတာဝန္မ်ားကို ယုံၾကည္မႈရွိရွိႏွင့္ ျပည့္ျပည့္ဝဝ တာဝန္ထမ္းေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း၊ ျမန္မာ့႐ိုးရာ သိုင္းပညာရပ္ ဆက္လက္ျပန႔္ပြားႏိုင္ေရးအတြက္ အားလုံးဝိုင္းဝန္း ပူးေပါင္းေဆာင္႐ြက္ေပးရန္လည္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာခဲ့ေၾကာင္း သိရသည္။
ေနျပည္ေတာ္တြင္ ျပဳလုပ္ေသာ ႐ိုးရာကိုယ္ခံပညာႏွင့္ ျမန္မာ့သိုင္းသင္တန္းကို (၄) ပတ္အၾကာ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။