ဗဟိုဘဏ်က ယခုလအတွင်း နိုင်ငံခြားငွေဈေးကွက်၌ အမေရိကန်ဒေါ်လာ (၈၆)သန်းကျော်နှင့် ထိုင်းဘတ်သန်း(၆၀၀)ကျော် ရောင်းချထား

848

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၉
ယခု(ဖေဖော်ဝါရီလ)အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေး ကွက်၌ အမေရိကန်ဒေါ်လာ(၈၆)သန်းကျော် နှင့် ထိုင်းဘတ်သန်း(၆၀၀) ကျော် ရောင်းချထားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယနေ့(ဖေဖော်ဝါရီလ ၁၉ ရက်) တွင် နိုင်ငံခြားငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ ၈ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုလအတွင်း ဖေဖော်ဝါရီလ ၅ ရက်မှ ဖေဖော်ဝါရီလ ၁၉ ရက်အထိ ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၃၀ သန်း ရောင်းချထားခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက်မှစ၍ ထိုင်းဘတ်ငွေများကို စတင်ရောင်းချပေးခဲ့ရာ နိုင်ငံခြားငွေဈေးကွက်တွင် ယခုဖေဖော်ဝါရီလ ၁၉ ရက်အထိ ထိုင်းဘတ်ငွေ သန်း(၆၀၀)အထိ ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
ယနေ့(ဖေဖော်ဝါရီလ ၁၉ ရက်) တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် (၃၅၅၀)ကျပ်နှင့် ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် မြန်မာငွေ(၉၈ ဒသမ ၁၉)ကျပ်အထိ ပေါက် ဈေးရှိကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း နှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဗဟိုဘဏ္က ယခုလအတြင္း ႏိုင္ငံျခားေငြေဈးကြက္၌ အေမရိကန္ေဒၚလာ (၈၆)သန္းေက်ာ္ႏွင့္ ထိုင္းဘတ္သန္း(၆၀၀)ေက်ာ္ ေရာင္းခ်ထား
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၉
ယခု(ေဖေဖာ္ဝါရီလ)အတြင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ႏိုင္ငံျခားေငြေဈး ကြက္၌ အေမရိကန္ေဒၚလာ(၈၆)သန္းေက်ာ္ ႏွင့္ ထိုင္းဘတ္သန္း(၆၀၀) ေက်ာ္ ေရာင္းခ်ထားခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ယေန႔(ေဖေဖာ္ဝါရီလ ၁၉ ရက္) တြင္ ႏိုင္ငံျခားေငြေၾကးေဈးကြက္၌ အေမရိကန္ေဒၚလာ ၈ သန္း ႏွင့္ ထိုင္းဘတ္ သန္း ၂၀၀ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယခုလအတြင္း ေဖေဖာ္ဝါရီလ ၅ ရက္မွ ေဖေဖာ္ဝါရီလ ၁၉ ရက္အထိ ဗဟိုဘဏ္မွ ႏိုင္ငံျခားေငြေဈးကြက္အတြင္း အေမရိကန္ေဒၚလာ ၈၆ ဒသမ ၃၀ သန္း ေရာင္းခ်ထားခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ ေဖေဖာ္ဝါရီလ ၅ ရက္မွစ၍ ထိုင္းဘတ္ေငြမ်ားကို စတင္ေရာင္းခ်ေပးခဲ့ရာ ႏိုင္ငံျခားေငြေဈးကြက္တြင္ ယခုေဖေဖာ္ဝါရီလ ၁၉ ရက္အထိ ထိုင္းဘတ္ေငြ သန္း(၆၀၀)အထိ ေရာင္းခ်ၿပီးျဖစ္ေၾကာင္း သိရသည္။
ယေန႔(ေဖေဖာ္ဝါရီလ ၁၉ ရက္) တြင္ ႏိုင္ငံျခားေငြေၾကးေဈးကြက္အတြင္း၌ အေမရိကန္ေဒၚလာ တစ္ေဒၚလာလွ်င္ ျမန္မာေငြက်ပ္ (၃၅၅၀)က်ပ္ႏွင့္ ထိုင္းဘတ္ေငြ တစ္ဘတ္လွ်င္ ျမန္မာေငြ(၉၈ ဒသမ ၁၉)က်ပ္အထိ ေပါက္ ေဈးရွိေၾကာင္း သိရသည္။
အလားတူ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂ ရက္တြင္လည္း ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ မ်ားအား Online Trading Platform မွတစ္ဆင့္ အေမရိကန္ေဒၚလာ ၅ သန္း ႏွင့္ ထိုင္းဘတ္ သန္း ၅၀ ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။