မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အမှုဆောင်သစ် ရွေးချယ်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်

310

စော(NP News)- အောက်တိုဘာ ၉
မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၁ ရက်တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ အသင်းချုပ်၏ ၂၀၂၅-၂၀၂၈ ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ် ရွေးချယ်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။
အဆိုပါ ရွေးချယ်တင်မြှောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်၊ နံနက် (၉)နာရီမှ မွန်းလွဲ (၁)နာရီအထိ
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၂၉)၊ မင်္ဂလာခန်းမ၊ ပထမ ထပ်၊ ကုန်သည်စက်မှုအသင်းချုပ်ရုံး(UMFCCI)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ရွေးချယ်တင်မြှောက်ပွဲတွင် သတ်မှတ်ချက်နှင့်ပြည့်စုံသော အသင်းသားများအနေဖြင့် ဆန္ဒမဲပေးခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် Online Registration ဖြင့် ယနေ့ (အောက်တိုဘာ ၉ ရက်)မှ (အောက်တိုဘာ ၂၉ ရက်)အထိ ကြိုတင်မှတ်ပုံတင် စာရင်းပေးသွင်းနိုင်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ပြင် အလုပ်အမှုဆောင်အဖြစ် အဆိုပြုရွေးချယ်ခံလိုသော အသင်းသားများသည် လိုအပ်သောစာရွက် စာတမ်းများနှင့်အတူ ယနေ့ (အောက်တိုဘာ ၉ ရက်) မှ (အောက်တိုဘာ ၂၈) ရက်အထိ ရုံးချိန်အတွင်း အသင်းချုပ်သို့ လာရောက်စာရင်းပေးသွင်း နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version;
ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ အမႈေဆာင္သစ္ ေ႐ြးခ်ယ္ပြဲကို ႏိုဝင္ဘာလတြင္ က်င္းပမည္
ေစာ(NP News)- ေအာက္တိုဘာ ၉
ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(UMFCCI)၏ ၂၀၂၅ ခုႏွစ္ ဩဂုတ္လ ၂၁ ရက္တြင္ က်င္းပျပဳလုပ္ေသာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕အစည္းအေဝး ဆုံးျဖတ္ခ်က္အရ အသင္းခ်ဳပ္၏ ၂၀၂၅-၂၀၂၈ ခုႏွစ္သက္တမ္းအတြက္ အမႈေဆာင္သစ္ ေ႐ြးခ်ယ္ပြဲကို ႏိုဝင္ဘာလတြင္ က်င္းပမည္ ျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာတြင္ ေၾကညာထားသည္။
အဆိုပါ ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲကို လာမည့္ ႏိုဝင္ဘာလ ၈ ရက္၊ နံနက္ (၉)နာရီမွ မြန္းလြဲ (၁)နာရီအထိ
ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕နယ္၊ မင္းရဲေက်ာ္စြာလမ္း၊ အမွတ္(၂၉)၊ မဂၤလာခန္းမ၊ ပထမ ထပ္၊ ကုန္သည္စက္မႈအသင္းခ်ဳပ္႐ုံး(UMFCCI)တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ေ႐ြးခ်ယ္တင္ေျမႇာက္ပြဲတြင္ သတ္မွတ္ခ်က္ႏွင့္ျပည့္စုံေသာ အသင္းသားမ်ားအေနျဖင့္ ဆႏၵမဲေပးျခင္းကို အဆင္ေျပေခ်ာေမြ႕စြာ ေဆာင္႐ြက္ႏိုင္ရန္ အတြက္ Online Registration ျဖင့္ ယေန႔ (ေအာက္တိုဘာ ၉ ရက္)မွ (ေအာက္တိုဘာ ၂၉ ရက္)အထိ ႀကိဳတင္မွတ္ပုံတင္ စာရင္းေပးသြင္းႏိုင္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ျပင္ အလုပ္အမႈေဆာင္အျဖစ္ အဆိုျပဳေ႐ြးခ်ယ္ခံလိုေသာ အသင္းသားမ်ားသည္ လိုအပ္ေသာစာ႐ြက္ စာတမ္းမ်ားႏွင့္အတူ ယေန႔ (ေအာက္တိုဘာ ၉ ရက္) မွ (ေအာက္တိုဘာ ၂၈) ရက္အထိ ႐ုံးခ်ိန္အတြင္း အသင္းခ်ဳပ္သို႔ လာေရာက္စာရင္းေပးသြင္း ႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။