ရန်ကုန်အိမ်ခြံမြေဈေးကွက်၌ အရောင်းအဝယ်အေးနေပြီး အငှားများနေ

 983

NP News - ဖေဖော်ဝါရီ ၁၉

လတ်တလော ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုများသာ ပိုများနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

ဒေါ်လာဈေးနှုန်း အပြောင်းအလဲ နှင့် အိမ်ဆောက်ပစ္စည်းဈေးနှုန်း ကွာဟ ချက်များကြောင့် အရောင်းထက် အငှားဈေးကွက် ပိုသွက်နေခြင်းဖြစ်ပြီး လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်လိုသူများသည် ရန်ကုန်သို့ လာရောက်နေထိုင်ကြခြင်းကြောင့် အငှားဈေးကွက် ပိုဖြစ်နေကြောင်း သိရသည်။

“အခုက နယ်တွေကနေ ဒီဘက်ကို တိုက်ပွဲရှောင်လာတဲ့ သူတွေများလာတယ်။ ဒါကြောင့် လုံးချင်းအိမ်တွေ၊ တိုက်ခန်းနဲ့ ကွန်ဒိုတွေ အငှားများနေတယ်။ အရောင်းကတော့ မရှိသလောက်ပဲ။ ဒီအချိန်မှာ အရောင်းဖြစ်နေတာက မြေကွက်တွေပဲရှိတယ်”ဟု လင်းလက်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှ သိရသည်။

အိမ်ခြံမြေ ဈေးကွက်အတွင်း မြေကွက် အရောင်းအဝယ်ပိုများပြီး ရန်ကုန် တိုင်းအတွင်းရှိ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) စသော လေးမြို့နယ်အနက် ဒဂုံအရှေ့ပိုင်း ‌၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ်ကွက်များမှ မြေကွက်အလွတ်များ အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ ပေ (၄၀X၆၀) လှင်ငွေကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက်ဈေးအမျိုးမျိုး ရှိနေကြောင်း သိရသည်။

ထို့ပြင် ဆင်ခြင်ခြေဖုံးဒေသများရှိ ငွေကျပ်သိန်း ၂၀၀၀ ဝန်းကျင်တန်ဖိုးရှိ မြေကွက်ကျယ်များသည် လက်ရှိတွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိနေသည့်အပြင် လမ်းမတန်းနှင့် အနီးတဝိုက် မြေကွက်များ သည် ကျပ်သိန်း သောင်းဂဏန်းဝန်းကျင်အထိ ပေါက်ဈေးဖြစ်ပေါ်နေသည်။မြန်မာ့ အိမ်ခြံမြေဈေးကွက်သည် ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်း အလဲနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုများအပေါ်တွင် သက်ရောက်မှုရှိနေခြင်းဖြစ်သည်။ ဘဏ်မှာငွေထုတ်ယူမှု အခက်အခဲများ၊ နိုင်ငံရေး အခြေအနေများကြောင့် လွန်ခဲ့သော ၂၀၂၂ ခုနှစ်မှစတင်ကာ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုများဖြစ်ပေါ်ခဲ့ပြီး အိမ်ခြံမြေ ဝယ်ယူမှုသည်လည်း နှစ်နှစ်ဆက်တိုက် မြင့်တက်လာခဲ့ကြောင်းသိရသည်။

zawgyi version
ရန္ကုန္အိမ္ၿခံေျမေဈးကြက္၌ အေရာင္းအဝယ္ေအးေနၿပီး အငွားမ်ားေန
NP News - ေဖေဖာ္ဝါရီ ၁၉

လတ္တေလာ ရန္ကုန္အိမ္ၿခံေျမေဈးကြက္အတြင္း အေရာင္းအဝယ္ ေအးေနၿပီး ငွားရမ္းမႈမ်ားသာ ပိုမ်ားေနေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားထံမွ သိရသည္။

ေဒၚလာေဈးႏႈန္း အေျပာင္းအလဲ ႏွင့္ အိမ္ေဆာက္ပစၥည္းေဈးႏႈန္း ကြာဟ ခ်က္မ်ားေၾကာင့္ အေရာင္းထက္ အငွားေဈးကြက္ ပိုသြက္ေနျခင္းျဖစ္ၿပီး လက္ရွိ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားေၾကာင့္ တိုက္ပြဲေရွာင္လိုသူမ်ားသည္ ရန္ကုန္သို႔ လာေရာက္ေနထိုင္ၾကျခင္းေၾကာင့္ အငွားေဈးကြက္ ပိုျဖစ္ေနေၾကာင္း သိရသည္။

“အခုက နယ္ေတြကေန ဒီဘက္ကို တိုက္ပြဲေရွာင္လာတဲ့ သူေတြမ်ားလာတယ္။ ဒါေၾကာင့္ လုံးခ်င္းအိမ္ေတြ၊ တိုက္ခန္းနဲ႔ ကြန္ဒိုေတြ အငွားမ်ားေနတယ္။ အေရာင္းကေတာ့ မရွိသေလာက္ပဲ။ ဒီအခ်ိန္မွာ အေရာင္းျဖစ္ေနတာက ေျမကြက္ေတြပဲရွိတယ္”ဟု လင္းလက္အိမ္ၿခံေျမ အက်ိဳးေဆာင္လုပ္ငန္း မွ သိရသည္။

အိမ္ၿခံေျမ ေဈးကြက္အတြင္း ေျမကြက္ အေရာင္းအဝယ္ပိုမ်ားၿပီး ရန္ကုန္ တိုင္းအတြင္းရွိ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ႏွင့္ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) စေသာ ေလးၿမိဳ႕နယ္အနက္ ဒဂုံအေရွ႕ပိုင္း ‌၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ္ကြက္မ်ားမွ ေျမကြက္အလြတ္မ်ား အေရာင္းအဝယ္ျဖစ္ေနေၾကာင္းသိရသည္။ ေပ (၄၀X၆၀) လွင္ေငြက်ပ္သိန္း ၆၀၀ မွ က်ပ္သိန္း ၁၀၀၀ ေက်ာ္အထိ ေပါက္ေဈးအမ်ိဳးမ်ိဳး ရွိေနေၾကာင္း သိရသည္။

ထို႔ျပင္ ဆင္ျခင္ေျခဖုံးေဒသမ်ားရွိ ေငြက်ပ္သိန္း ၂၀၀၀ ဝန္းက်င္တန္ဖိုးရွိ ေျမကြက္က်ယ္မ်ားသည္ လက္ရွိတြင္ ေငြက်ပ္သိန္း ၃၀၀၀ ေက်ာ္အထိ ျမင့္တက္လ်က္ရွိေနသည့္အျပင္ လမ္းမတန္းႏွင့္ အနီးတဝိုက္ ေျမကြက္မ်ား သည္ က်ပ္သိန္း ေသာင္းဂဏန္းဝန္းက်င္အထိ ေပါက္ေဈးျဖစ္ေပၚေနသည္။ျမန္မာ့ အိမ္ၿခံေျမေဈးကြက္သည္ ျပည္တြင္း ေဒၚလာေဈးႏႈန္း အေျပာင္း အလဲႏွင့္ ျမန္မာက်ပ္ေငြ တန္ဖိုးက်ဆင္းမႈ၊ ေငြေၾကးေဖာင္းပြမႈမ်ားအေပၚတြင္ သက္ေရာက္မႈရွိေနျခင္းျဖစ္သည္။ ဘဏ္မွာေငြထုတ္ယူမႈ အခက္အခဲမ်ား၊ ႏိုင္ငံေရး အေျခအေနမ်ားေၾကာင့္ လြန္ခဲ့ေသာ ၂၀၂၂ ခုႏွစ္မွစတင္ကာ အိမ္ၿခံေျမေဈးႏႈန္း ျမင့္တက္မႈမ်ားျဖစ္ေပၚခဲ့ၿပီး အိမ္ၿခံေျမ ဝယ္ယူမႈသည္လည္း ႏွစ္ႏွစ္ဆက္တိုက္ ျမင့္တက္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.