ရုရှားက အမေရိကန်ရဲ့စစ်ရေးသြဇာလွှမ်းမိုးမှုတွေကို အကြီးမားဆုံးစိန်ခေါ်နေတဲ့နိုင်ငံဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးပြော

 2248

ဂျန်ဇက် (NP News) - မတ်လ ၃

ရုရှားဟာ အမေရိကန်ရဲ့စစ်ရေးသြဇာလွှမ်းမိုးမှုတွေကို အကြီးမားဆုံးစိန်ခေါ်နိုင်စွမ်းရှိနေတဲ့နိုင်ငံဖြစ်ပြီး အမေရိကန် နိုင်ငံအနေနဲ့ ၎င်းရဲ့နျူကလီးယားတပ်ဖွဲ့များကို ပိုမိုခေတ်မီအောင်လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း အမေရိကန် လေတပ်တပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အန်တိုနီ ကော်တွန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားဟာ နျူကလီးယားလက်နက်အများအပြားပိုင်ဆိုင်ထားပြီး အဲဒီလက်နက်တွေကို ပိုမိုခေတ်မီအောင် လုပ်ဆောင်နေကြောင်း အမေရိကန်လေတပ် ဗိုလ်ချုပ်က ပြောပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေကို စိန်ခေါ်နိုင်ဖို့ ၎င်းတို့ရဲ့ရပ်တည်ချက်တွေကို လျင်မြန်စွာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေကြောင်း ရုရှား၊ တရုတ်နိုင်ငံတို့ရဲ့အပြောင်းအလဲတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်နဲ့နှိုင်းယှဉ်ရင် ပိုမိုလျင်မြန်စွာ တိုးတက်လာနေကြောင်း အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး အန်တိုနီ ကော်တွန်က ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ၎င်းတို့ရဲ့ ရုရှားနျူကလီးယားတပ်ဖွဲ့တွေကို အလုံးစုံခေတ်မီ တိုးတက်အောင်လုပ်ဆောင်မယ်လို့ပြောဆိုခဲ့ဖူးတယ်လို့ အမေရိကန်ဗိုလ်ချုပ်ကြီး ကော်တွန်က ဆိုပါတယ်။ ၎င်းက "ရုရှားဟာ လက်ရှိအချိန်မှာ ကမ္ဘာနိုင်ငံတွေထဲ နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်နေ တယ်" လို့ ပြောပါတယ်။

ရုရှားဟာ လက်ရှိအချိန်မှာ ဆာမတ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားလက်နက်တွေကို တင်ဆောင် ပစ်ခတ်နိုင်စွမ်းရှိတဲ့ရေငုပ်သင်္ဘောအသစ်တွေ ပိုင်ဆိုင်ထားကြောင်း ၎င်းက ဆိုပါတယ်။ အဆိုပါ ဆာမတ် တိုက်ချင်း ပစ်ပဲ့ထိန်းဒုံးကျည်ဟာ အကွာအဝေးမိုင်ပေါင်း ၁၁ဝဝဝ ကျော်ကို ရောက်ရှိ ပစ်ခတ်နိုင်စွမ်းရှိပြီး ဒုံးကျည်ထိပ်ဖူး မှာလည်း ပေါက်ကွဲစေတဲ့ပစ္စည်း တန်နဲ့ချီပြီး တင်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ အမေရိကန်နိုင်ငံတို့ဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ နျူကလီးယားလက်နက်အများဆုံး ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးနေရာတွေက ရပ်တည်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။

Zawgyi Version;
႐ုရွားက အေမရိကန္ရဲ႕စစ္ေရးၾသဇာလႊမ္းမိုးမႈေတြကို အႀကီးမားဆုံးစိန္ေခၚေနတဲ့ႏိုင္ငံျဖစ္ေၾကာင္း အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - မတ္လ ၃

႐ုရွားဟာ အေမရိကန္ရဲ႕စစ္ေရးၾသဇာလႊမ္းမိုးမႈေတြကို အႀကီးမားဆုံးစိန္ေခၚႏိုင္စြမ္းရွိေနတဲ့ႏိုင္ငံျဖစ္ၿပီး အေမရိကန္ ႏိုင္ငံအေနနဲ႔ ၎ရဲ႕န်ဴကလီးယားတပ္ဖြဲ႕မ်ားကို ပိုမိုေခတ္မီေအာင္လုပ္ေဆာင္ဖို႔ လိုအပ္ေနေၾကာင္း အေမရိကန္ ေလတပ္တပ္ဖြဲ႕အႀကီးအကဲတစ္ဦးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီး အန္တိုနီ ေကာ္တြန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားဟာ န်ဴကလီးယားလက္နက္အမ်ားအျပားပိုင္ဆိုင္ထားၿပီး အဲဒီလက္နက္ေတြကို ပိုမိုေခတ္မီေအာင္ လုပ္ေဆာင္ေနေၾကာင္း အေမရိကန္ေလတပ္ ဗိုလ္ခ်ဳပ္က ေျပာပါတယ္။ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ အေမရိကန္ နဲ႔ မဟာမိတ္ႏိုင္ငံေတြကို စိန္ေခၚႏိုင္ဖို႔ ၎တို႔ရဲ႕ရပ္တည္ခ်က္ေတြကို လ်င္ျမန္စြာ တိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ေနေၾကာင္း ႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔ရဲ႕အေျပာင္းအလဲေတြဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္နဲ႔ႏႈိင္းယွဥ္ရင္ ပိုမိုလ်င္ျမန္စြာ တိုးတက္လာေနေၾကာင္း အေမရိကန္ေလတပ္ဗိုလ္ခ်ဳပ္ႀကီး အန္တိုနီ ေကာ္တြန္က ေျပာပါတယ္။

႐ုရွားသမၼတပူတင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ၎တို႔ရဲ႕ ႐ုရွားန်ဴကလီးယားတပ္ဖြဲ႕ေတြကို အလုံးစုံေခတ္မီ တိုးတက္ေအာင္လုပ္ေဆာင္မယ္လို႔ေျပာဆိုခဲ့ဖူးတယ္လို႔ အေမရိကန္ဗိုလ္ခ်ဳပ္ႀကီး ေကာ္တြန္က ဆိုပါတယ္။ ၎က "႐ုရွားဟာ လက္ရွိအခ်ိန္မွာ ကမာၻႏိုင္ငံေတြထဲ န်ဴကလီးယားလက္နက္အမ်ားဆုံးပိုင္ဆိုင္ထားတဲ့ ႏိုင္ငံျဖစ္ေန တယ္" လို႔ ေျပာပါတယ္။

႐ုရွားဟာ လက္ရွိအခ်ိန္မွာ ဆာမတ္ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္နဲ႔ န်ဴကလီးယားလက္နက္ေတြကို တင္ေဆာင္ ပစ္ခတ္ႏိုင္စြမ္းရွိတဲ့ေရငုပ္သေဘၤာအသစ္ေတြ ပိုင္ဆိုင္ထားေၾကာင္း ၎က ဆိုပါတယ္။ အဆိုပါ ဆာမတ္ တိုက္ခ်င္း ပစ္ပဲ့ထိန္းဒုံးက်ည္ဟာ အကြာအေဝးမိုင္ေပါင္း ၁၁ဝဝဝ ေက်ာ္ကို ေရာက္ရွိ ပစ္ခတ္ႏိုင္စြမ္းရွိၿပီး ဒုံးက်ည္ထိပ္ဖူး မွာလည္း ေပါက္ကြဲေစတဲ့ပစၥည္း တန္နဲ႔ခ်ီၿပီး တင္ေဆာင္ႏိုင္စြမ္းရွိတယ္လို႔ ဆိုပါတယ္။

႐ုရွားနဲ႔ အေမရိကန္ႏိုင္ငံတို႔ဟာ ကမာၻ႔ႏိုင္ငံေတြထဲမွာ န်ဴကလီးယားလက္နက္အမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ႏိုင္ငံေတြစာရင္းမွာ ထိပ္ဆုံးေနရာေတြက ရပ္တည္ေနတဲ့ႏိုင္ငံေတြျဖစ္ပါတယ္။

Related news

© 2021. All rights reserved.