မော်လမြိုင်မြို့တွင် ဈေးရောင်းထွက်လာသည့် လင်မယား(၂)ဦးကို ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ အမျိုးသားဖြစ်သူ ပွဲချင်းပြီးသေဆုံး

1168

သန့်ဇင်(NP News)-မတ် ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဈေးရောင်းထွက်လာသည့် လင်မယား(၂)ဦးကို ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အေးမြကြည်လင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(မတ်လ ၄ရက်)၊ နံနက် ၄နာရီခွဲအချိန်ခန့်တွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ ကွင်းရပ်ထိပ်အနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကားတိုက်ခံရတဲ့ လင်မယား(၂)ယောက်က မောင်ငံဈေးမှာ တွန်းလှည်းလေးတွန်းပြီး ဈေးရောင်းတယ်။ ဈေးရောင်းထွက်လာတဲ့အချိန်မှာ လင်မယား(၂)ယောက်ကို Toyota Hiluxက ဝင်တိုက်တာ။ ကားမောင်းတဲ့သူ ပြောတာတော့ လီဘာနဲ့ ဘရိတ်နဲ့မှားနင်းမိတာလို့တော့ ပြောတယ်” ဟု အေးမြကြည်လင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မောင်ငံရပ်ကွက်တွင် နေထိုင်သည့် အသက်(၅၀)ကျော် လင်မယား(၂)ဦးနက် အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အမျိုးသမီးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ ယာဉ်တိုက်မှုမှာတော့ အမျိုးသမီးက ခေါင်းထိတယ်။ ခေါင်းပေါက်တယ်ပေါ့။ ဘယ်ဘက်ခြေထောက်ကျိုးတယ်။ အမျိုးသားက ပွဲချင်းပြီးဆုံးသွားတယ်။ သူက ကားကြိတ်ခံရတာ။ ဦးခေါင်းပွင့်သွားတာ။ ဝင်တိုက်တဲ့ ကားကလည်း မောင်ငံကပဲ။ အခုတော့ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် အမျိုးသမီးကို အေးမြကြည်လင်လူမှုကူညီရေးအသင်းက မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version
ေမာ္လၿမိဳင္ၿမိဳ႕တြင္ ေဈးေရာင္းထြက္လာသည့္ လင္မယား(၂)ဦးကို ကားတစ္စီးမွ ဝင္တိုက္မိခဲ့ရာ အမ်ိဳးသားျဖစ္သူ ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News)-မတ္ ၄
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ေဈးေရာင္းထြက္လာသည့္ လင္မယား(၂)ဦးကို ကားတစ္စီးမွ ဝင္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေအးျမၾကည္လင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(မတ္လ ၄ရက္)၊ နံနက္ ၄နာရီခြဲအခ်ိန္ခန႔္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေမာင္ငံရပ္ကြက္၊ ကြင္းရပ္ထိပ္အနီး၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ကားတိုက္ခံရတဲ့ လင္မယား(၂)ေယာက္က ေမာင္ငံေဈးမွာ တြန္းလွည္းေလးတြန္းၿပီး ေဈးေရာင္းတယ္။ ေဈးေရာင္းထြက္လာတဲ့အခ်ိန္မွာ လင္မယား(၂)ေယာက္ကို Toyota Hiluxက ဝင္တိုက္တာ။ ကားေမာင္းတဲ့သူ ေျပာတာေတာ့ လီဘာနဲ႔ ဘရိတ္နဲ႔မွားနင္းမိတာလို႔ေတာ့ ေျပာတယ္” ဟု ေအးျမၾကည္လင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ေမာင္ငံရပ္ကြက္တြင္ ေနထိုင္သည့္ အသက္(၅၀)ေက်ာ္ လင္မယား(၂)ဦးနက္ အမ်ိဳးသားျဖစ္သူမွာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး အမ်ိဳးသမီးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ ယာဥ္တိုက္မႈမွာေတာ့ အမ်ိဳးသမီးက ေခါင္းထိတယ္။ ေခါင္းေပါက္တယ္ေပါ့။ ဘယ္ဘက္ေျခေထာက္က်ိဳးတယ္။ အမ်ိဳးသားက ပြဲခ်င္းၿပီးဆုံးသြားတယ္။ သူက ကားႀကိတ္ခံရတာ။ ဦးေခါင္းပြင့္သြားတာ။ ဝင္တိုက္တဲ့ ကားကလည္း ေမာင္ငံကပဲ။ အခုေတာ့ သက္ဆိုင္ရာက စစ္ေဆးေနပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားႏွင့္ အမ်ိဳးသမီးကို ေအးျမၾကည္လင္လူမႈကူညီေရးအသင္းက ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။