မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်ရည်ရွယ်၍ ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲ၌ ပြခန်းဖွင့်လှစ်ပြသခဲ့

 153

Pearl (NP News) - စက်တင်ဘာ (၂၅)

မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲ၌ ပြခန်းဖွင့်လှစ်ပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition) ဖွင့်ပွဲအခမ်းအနားကိုယမန်နေ့ (စက်တင်ဘာလ ၂၄ ရက်)၊ နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Specialty Coffee Association of Japan က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့် ညီလာခံသည် အာရှတွင် အကြီးဆုံးကော်ဖီပြပွဲဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့သဖြင့် ယခုအကြိမ်သည် ၂၀ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီးနိုင်ငံပေါင်း ၇၀ မှ ကုမ္ပဏီပေါင်း ၄၅၀ ကျော်က ပြခန်းပေါင်း ၆၅၀ ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း လည်း သိရသည်။

အဆိုပါ ပြပွဲတွင် မြန်မာ့အထူးတန်းဝင်ကော်ဖီအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာဈေးကွက် သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့ကော်ဖီအား ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေး၊ နိုင်ငံတကာဈေးကွက်ချိတ်ဆက်မှုများ ရရှိစေရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲ အတွေ့ အကြုံများရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏ နည်းပညာနှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေ အနေများအား လေ့လာ၍ မြန်မာ့ကော်ဖီထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းကို ဖွင့်လှစ်ပြသခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ပြပွဲ၌ မြန်မာနိုင်ငံ ကော်ဖီအသင်းဝင် ကုမ္ပဏီများက မြန်မာ့အထူးတန်းဝင်ကော်ဖီများအား ပါဝင်ပြသခဲ့ကြပြီး၊ လက်တွေ့သရုပ်ပြ ကော်ဖီဖျော်စပ်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာ့ေကာ္ဖီကို ကမာၻ႔ေဈးကြက္သို႔ ပိုမိုထိုးေဖာက္ႏိုင္ရန္ရည္႐ြယ္၍ ကမာၻ႔အထူးတန္းဝင္ ေကာ္ဖီျပပြဲ၌ ျပခန္းဖြင့္လွစ္ျပသခဲ့

Pearl (NP News) - စက္တင္ဘာ (၂၅)

ျမန္မာ့ေကာ္ဖီကို ကမာၻ႔ေဈးကြက္သို႔ ပိုမိုထိုးေဖာက္ႏိုင္ရန္ ရည္႐ြယ္၍ ကမာၻ႔အထူးတန္းဝင္ ေကာ္ဖီျပပြဲ၌ ျပခန္းဖြင့္လွစ္ျပသခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ကမာၻ႔အထူးတန္းဝင္ ေကာ္ဖီျပပြဲႏွင့္ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition) ဖြင့္ပြဲအခမ္းအနားကိုယမန္ေန႔ (စက္တင္ဘာလ ၂၄ ရက္)၊ နံနက္ပိုင္းတြင္ Tokyo International Exhibition Center ၌ က်င္းပခဲ့ရာ ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးစိုးဟန္မွ အခမ္းအနားကို ဖဲႀကိဳးျဖတ္၍ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

Specialty Coffee Association of Japan က ႀကီးမႉးက်င္းပသည့္ ကမာၻ႔အထူးတန္းဝင္ ေကာ္ဖီျပပြဲႏွင့္ ညီလာခံသည္ အာရွတြင္ အႀကီးဆုံးေကာ္ဖီျပပြဲျဖစ္ၿပီး ၂၀၀၅ ခုႏွစ္မွ စတင္၍ ႏွစ္စဥ္က်င္းပခဲ့သျဖင့္ ယခုအႀကိမ္သည္ ၂၀ ႀကိမ္ေျမာက္ က်င္းပျခင္း ျဖစ္ေၾကာင္း သိရသည္။

ျပပြဲကို ၂၀၂၅ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္ေန႔မွ ၂၇ ရက္ေန႔အထိ ၄ ရက္ၾကာ က်င္းပသြားမည္ ျဖစ္ၿပီးႏိုင္ငံေပါင္း ၇၀ မွ ကုမၸဏီေပါင္း ၄၅၀ ေက်ာ္က ျပခန္းေပါင္း ၆၅၀ ဖြင့္လွစ္ျပသသြားမည္ ျဖစ္ေၾကာင္း လည္း သိရသည္။

အဆိုပါ ျပပြဲတြင္ ျမန္မာ့အထူးတန္းဝင္ေကာ္ဖီအား ဂ်ပန္ႏိုင္ငံႏွင့္ ႏိုင္ငံတကာေဈးကြက္ သို႔ ပိုမိုတိုးျမႇင့္တင္ပို႔ႏိုင္ေရး၊ ျမန္မာ့ေကာ္ဖီအား ကမာၻ႔ေဈးကြက္သို႔ ပိုမိုထိုးေဖာက္ႏိုင္ေရး၊ ႏိုင္ငံတကာေဈးကြက္ခ်ိတ္ဆက္မႈမ်ား ရရွိေစေရး၊ လုပ္ငန္းရွင္မ်ားအား ႏိုင္ငံတကာျပပြဲ အေတြ႕ အႀကဳံမ်ားရရွိေစေရးႏွင့္ အျခားလုပ္ငန္းရွင္မ်ား၏ နည္းပညာႏွင့္ကုန္ထုတ္လုပ္မႈဆိုင္ရာ အေျခ အေနမ်ားအား ေလ့လာ၍ ျမန္မာ့ေကာ္ဖီထုတ္လုပ္မႈက႑ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစရန္ ရည္႐ြယ္၍ ျမန္မာႏိုင္ငံကိုယ္စားျပဳျပခန္းကို ဖြင့္လွစ္ျပသခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ျပပြဲ၌ ျမန္မာႏိုင္ငံ ေကာ္ဖီအသင္းဝင္ ကုမၸဏီမ်ားက ျမန္မာ့အထူးတန္းဝင္ေကာ္ဖီမ်ားအား ပါဝင္ျပသခဲ့ၾကၿပီး၊ လက္ေတြ႕သ႐ုပ္ျပ ေကာ္ဖီေဖ်ာ္စပ္မႈမ်ားကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.