ကျောက်ဖြူ SEZ ကနဦးလုပ်ငန်းစဉ်အဖြစ် ရေချိုလှောင်ကန် တည်ဆောက်ရေးကို စတင်သင့်ကြောင်း အကြံပြု

 490

Pearl (NP News) - စက်တင်ဘာလ ၂၄
ကျောက်ဖြူ SEZ ကနဦးလုပ်ငန်းအဖြစ် ရေချိုလှောင်ကန်တည်ဆောက်ရေးကို စတင်သင့် ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက NP News မှတစ်ဆင့် အကြံပြုပြောကြား ထားသည်။
ကျောက်ဖြူ‌ရေနက်ဆိပ်ကမ်းစီမံကိန်း တွင်အသုံးပြုရန် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်၌ ရေချိုလှောင်ကန် (၂)ခုကို တည် ဆောက်မည်ဖြစ်ရာ ရန်ပုံငွေနှင့် ကန်ထရိုက်ယူထား သူများ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
“မြန်မာပြည်ဘက်အခြမ်းက လွတ်လွတ် ကင်းကင်းနဲ့စပြီး လုပ်နိုင်တဲ့အလုပ်က SEZ အ တွက် မဒေးကျွန်းပေါ်မှာ ရေချိုသိုလှောင်ကန် ဆောက်တဲ့အလုပ်က စလုပ်လို့ရပြီ။ ရေလှောင်ကန် ဆောက်တာက သူရဲ့ ဏမသခနျ က နံပါတ် (၁) ရေ ချိုလှောင်ကန်ဧရိယာအတွက် မြေရာတွေ နိုင်ငံ တော်ကရယူရမှာပေါ့နော်။ သိမ်းဆည်းလို့ပဲ ခေါ်တာ ပေါ့။ လျော်ကြေးပေးရမှာပေါ့နော်။ အဲဒီအတွက် အားလုံးစီစဉ်ပြီးသား။ ဘယ်လောက်နှုန်းနဲ့လျော် မယ်။ ဒေသခံတွေကလည်း သဘောတူပြီးသား။ နိုင်ငံတော်ကလည်း ငွေကြေးအဆင်သင့်ဖြစ်နေပြီ။ အဲဒီရေလှောင်တမံဆောက်မယ့် ကန်ထရိုက်တာ တွေကလည်း အဆင်သင့်ဖြစ်နေပြီ။ စပြီးလုပ်ဖို့ပဲ ရှိတော့တယ်။ မြေရာလျော်ကြေးပေးလိုက်ပြီဆိုရင် ဒေသခံတွေကလည်း ကျေကျေနပ်နပ်နဲ့ဆိုတော့ အစိုးရက စပြီးလုပ်လို့ရပြီ။ ဒါကြောင့်မို့လို့ မြေရာ လျော်ကြေးပေးပြီး ရေချိုလှောင်ကန်ကို SEZ ကနဦးလုပ်ငန်းအဖြစ်စတင်ပြီးတော့ ဆောင်ရွက် သင့်ပါတယ်။ ဆောင်ရွက်ဖို့လည်း အလေးအနက် ထားပြီးတိုက်တွန်းပါတယ်။ ဒီအလုပ်ကို စလုပ်ဖို့ ဘာအနှောင့်အယှက် ပရောဂမှမရှိဘူး။ တပ်မ တော်ကစိုးမိုးထားတဲ့နေရာဆိုတော့ အန္တရာယ်မ ရှိဘူး။ မြေရာလျော်ကြေးကလည်း သိပ်တော့မရှိ လောက်ပါဘူး။ မြေရာလျော်ကြေးပေးဖို့ကို သတ် မှတ်ထားပြီးသားနဲ့ ခွင့်ပြုထားပြီးသား ငွေက ရှိထား ပြီးသား။ အခုက လျော်ကြေးပေးလိုက်တော့ဆိုတဲ့ အမိန့်ချဖို့နဲ့ ရေလှောင်ကန်ဆက်ဆောက်ဖို့က နိုင်ငံ‌ တော်က ဆုံးဖြတ်ပေးဖို့ပဲကျန်တော့တယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
အဆိုပါရေလှောင်ကန်တည်ဆောက် မည့်မြေနေရာအတွက် သက်ဆိုင်ရာ မြေပိုင်ရှင်များ ကို မြေရာလျော်ကြေးပေးချေရန်နှုန်းထားများကို ဒေသခံများနှင့် ကနဦးသဘောတူပြီးဖြစ်သည့်အ တွက် မြေရာလျော်ကြေးပေးပြီး ရေချိုလှောင်ကန်ကို SEZ ၏ကနဦးလုပ်ငန်းအဖြစ် စတင်တည်ဆောက် သင့်ကြောင်းလည်း ၎င်းကအကြံပြုထားသည်။
ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ် ခရီးစဉ်အတွင်း တရုတ်သမ္မတကြီးနှင့်တွေ့ဆုံကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် မီး ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း၊ မန္တလေး-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေသည့်စီမံကိန်းများနှင့် ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

Zawgyi Version:
ေက်ာက္ျဖဴ SEZ ကနဦးလုပ္ငန္းစဥ္အျဖစ္ ေရခ်ိဳေလွာင္ကန္ တည္ေဆာက္ေရးကို စတင္သင့္ေၾကာင္း အႀကံျပဳ
Pearl (NP News) - စက္တင္ဘာလ ၂၄
ေက်ာက္ျဖဴ SEZ ကနဦးလုပ္ငန္းအျဖစ္ ေရခ်ိဳေလွာင္ကန္တည္ေဆာက္ေရးကို စတင္သင့္ ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကား ထားသည္။
ေက်ာက္ျဖဴ‌ေရနက္ဆိပ္ကမ္းစီမံကိန္း တြင္အသုံးျပဳရန္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ မေဒးကြၽန္းေပၚ၌ ေရခ်ိဳေလွာင္ကန္ (၂)ခုကို တည္ ေဆာက္မည္ျဖစ္ရာ ရန္ပုံေငြႏွင့္ ကန္ထ႐ိုက္ယူထား သူမ်ား အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း သိရသည္။
“ျမန္မာျပည္ဘက္အျခမ္းက လြတ္လြတ္ ကင္းကင္းနဲ႔စၿပီး လုပ္ႏိုင္တဲ့အလုပ္က SEZ အ တြက္ မေဒးကြၽန္းေပၚမွာ ေရခ်ိဳသိုေလွာင္ကန္ ေဆာက္တဲ့အလုပ္က စလုပ္လို႔ရၿပီ။ ေရေလွာင္ကန္ ေဆာက္တာက သူရဲ႕ ဏမသခန် က နံပါတ္ (၁) ေရ ခ်ိဳေလွာင္ကန္ဧရိယာအတြက္ ေျမရာေတြ ႏိုင္ငံ ေတာ္ကရယူရမွာေပါ့ေနာ္။ သိမ္းဆည္းလို႔ပဲ ေခၚတာ ေပါ့။ ေလ်ာ္ေၾကးေပးရမွာေပါ့ေနာ္။ အဲဒီအတြက္ အားလုံးစီစဥ္ၿပီးသား။ ဘယ္ေလာက္ႏႈန္းနဲ႔ေလ်ာ္ မယ္။ ေဒသခံေတြကလည္း သေဘာတူၿပီးသား။ ႏိုင္ငံေတာ္ကလည္း ေငြေၾကးအဆင္သင့္ျဖစ္ေနၿပီ။ အဲဒီေရေလွာင္တမံေဆာက္မယ့္ ကန္ထ႐ိုက္တာ ေတြကလည္း အဆင္သင့္ျဖစ္ေနၿပီ။ စၿပီးလုပ္ဖို႔ပဲ ရွိေတာ့တယ္။ ေျမရာေလ်ာ္ေၾကးေပးလိုက္ၿပီဆိုရင္ ေဒသခံေတြကလည္း ေက်ေက်နပ္နပ္နဲ႔ဆိုေတာ့ အစိုးရက စၿပီးလုပ္လို႔ရၿပီ။ ဒါေၾကာင့္မို႔လို႔ ေျမရာ ေလ်ာ္ေၾကးေပးၿပီး ေရခ်ိဳေလွာင္ကန္ကို SEZ ကနဦးလုပ္ငန္းအျဖစ္စတင္ၿပီးေတာ့ ေဆာင္႐ြက္ သင့္ပါတယ္။ ေဆာင္႐ြက္ဖို႔လည္း အေလးအနက္ ထားၿပီးတိုက္တြန္းပါတယ္။ ဒီအလုပ္ကို စလုပ္ဖို႔ ဘာအေႏွာင့္အယွက္ ပေရာဂမွမရွိဘူး။ တပ္မ ေတာ္ကစိုးမိုးထားတဲ့ေနရာဆိုေတာ့ အႏၲရာယ္မ ရွိဘူး။ ေျမရာေလ်ာ္ေၾကးကလည္း သိပ္ေတာ့မရွိ ေလာက္ပါဘူး။ ေျမရာေလ်ာ္ေၾကးေပးဖို႔ကို သတ္ မွတ္ထားၿပီးသားနဲ႔ ခြင့္ျပဳထားၿပီးသား ေငြက ရွိထား ၿပီးသား။ အခုက ေလ်ာ္ေၾကးေပးလိုက္ေတာ့ဆိုတဲ့ အမိန႔္ခ်ဖို႔နဲ႔ ေရေလွာင္ကန္ဆက္ေဆာက္ဖို႔က ႏိုင္ငံ‌ ေတာ္က ဆုံးျဖတ္ေပးဖို႔ပဲက်န္ေတာ့တယ္” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါေရေလွာင္ကန္တည္ေဆာက္ မည့္ေျမေနရာအတြက္ သက္ဆိုင္ရာ ေျမပိုင္ရွင္မ်ား ကို ေျမရာေလ်ာ္ေၾကးေပးေခ်ရန္ႏႈန္းထားမ်ားကို ေဒသခံမ်ားႏွင့္ ကနဦးသေဘာတူၿပီးျဖစ္သည့္အ တြက္ ေျမရာေလ်ာ္ေၾကးေပးၿပီး ေရခ်ိဳေလွာင္ကန္ကို SEZ ၏ကနဦးလုပ္ငန္းအျဖစ္ စတင္တည္ေဆာက္ သင့္ေၾကာင္းလည္း ၎ကအႀကံျပဳထားသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ရက္ပိုင္းက ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ တ႐ုတ္ ခရီးစဥ္အတြင္း တ႐ုတ္သမၼတႀကီးႏွင့္ေတြ႕ဆုံကာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းအပါအဝင္ မီး ရထားလမ္းသစ္ေဖာက္လုပ္ေရးစီမံကိန္း၊ မႏၲေလး-ေက်ာက္ျဖဴ မီးရထားလမ္းစီမံကိန္းႏွင့္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေနသည့္စီမံကိန္းမ်ားႏွင့္ ပတ္သက္၍လည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.