နေအိမ်ခြံဝန်းအတွင်း အသိမိတ်ဆွေများနှင့် စကားထိုင်ပြောနေသူတစ်ဦးကို အကြမ်းဖက်သမား(၂)ဦးက သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ပဲနွယ်ကုန်းမြို့နယ်တွင် ဖြစ်ပွား

 1428

Pearl (NP News) - မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့တွင် နေအိမ်ခြံဝန်းအတွင်း အသိမိတ်ဆွေများနှင့် စကားထိုင်ပြောနေသူတစ်ဦး ကို အကြမ်းဖက်သမား(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၁ ရက်)၊ ညနေ (၃)နာရီအချိန်ခန့်က ပဲနွယ်ကုန်းမြို့၊ သတိပဌာန်ရပ်ကွက်၊ (၅) လမ်း ရှိ နေအိမ်ခြံဝန်းထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါရပ်ကွက်တွင် နေထိုင်သော အသက် (၄၀) နှစ်အရွယ် ဦးစန်းအောင်ညွန့်(ခ)လူမုန်းသည် ခြံဝန်းတစ်ခု အတွင်း၌ ၎င်း၏ အသိမိတ်ဆွေများနှင့် စကားပြောနေစဉ် အကြမ်းဖက်သမား (၂)ဦးက ရောက်ရှိလာပြီး ဦးစန်းအောင်ညွန့်ကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့အသိအိမ်မှာ စကားပြောနေတုန်း အသတ်ခံရတာ။ သူတစ်ယောက်ပဲ သေနတ်နဲ့အပစ်ခံရတာ။ အဲဒီနေရာမှာပဲ ဆုံးသွားတယ်။ သူက အုပ်ချုပ်ရေးမှူးလည်း မဟုတ်ဘူး။ စစ်မှုထမ်းဥပဒေအတွက် လိုက်ခေါ်တဲ့လူလည်း မဟုတ်ဘူး။ ဘာဖြစ်လို့အသတ်ခံရလည်းတော့ မသိဘူး” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးစန်းအောင်ညွန့်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် တာဝန်ရှိသူများက စုံစမ်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေနအိမ္ၿခံဝန္းအတြင္း အသိမိတ္ေဆြမ်ားႏွင့္ စကားထိုင္ေျပာေနသူတစ္ဦးကို အၾကမ္းဖက္သမား(၂)ဦးက ေသနတ္ ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈ ပဲႏြယ္ကုန္းၿမိဳ႕နယ္တြင္ ျဖစ္ပြား
Pearl (NP News) - မတ္ ၂၂

ပဲခူးတိုင္းေဒသႀကီး၊ ပဲႏြယ္ကုန္းၿမိဳ႕တြင္ ေနအိမ္ၿခံဝန္းအတြင္း အသိမိတ္ေဆြမ်ားႏွင့္ စကားထိုင္ေျပာေနသူတစ္ဦး ကို အၾကမ္းဖက္သမား(၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူ တစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၁ ရက္)၊ ညေန (၃)နာရီအခ်ိန္ခန႔္က ပဲႏြယ္ကုန္းၿမိဳ႕၊ သတိပဌာန္ရပ္ကြက္၊ (၅) လမ္း ရွိ ေနအိမ္ၿခံဝန္းထဲတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါရပ္ကြက္တြင္ ေနထိုင္ေသာ အသက္ (၄၀) ႏွစ္အ႐ြယ္ ဦးစန္းေအာင္ၫြန႔္(ခ)လူမုန္းသည္ ၿခံဝန္းတစ္ခု အတြင္း၌ ၎၏ အသိမိတ္ေဆြမ်ားႏွင့္ စကားေျပာေနစဥ္ အၾကမ္းဖက္သမား (၂)ဦးက ေရာက္ရွိလာၿပီး ဦးစန္းေအာင္ၫြန႔္ကို ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူ႔အသိအိမ္မွာ စကားေျပာေနတုန္း အသတ္ခံရတာ။ သူတစ္ေယာက္ပဲ ေသနတ္နဲ႔အပစ္ခံရတာ။ အဲဒီေနရာမွာပဲ ဆုံးသြားတယ္။ သူက အုပ္ခ်ဳပ္ေရးမႉးလည္း မဟုတ္ဘူး။ စစ္မႈထမ္းဥပေဒအတြက္ လိုက္ေခၚတဲ့လူလည္း မဟုတ္ဘူး။ ဘာျဖစ္လို႔အသတ္ခံရလည္းေတာ့ မသိဘူး” ဟု လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ဦးစန္းေအာင္ၫြန႔္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိႏိုင္ေရးအတြက္ တာဝန္ရွိသူမ်ားက စုံစမ္း စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.