လားရှိုးသို့ ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်ဝင်ရောက်လာပြီး အချို့လုပ်ငန်းများ စတင်လည်ပတ်

500

Pearl (NP News) - မေ ၁
လားရှိုးမြို့သို့ ဌာနဆိုင်ရာဝန်ထမ်းများ စတင်၍ ပြန်လည်ဝင်ရောက်လာပြီဖြစ်ပြီး ပြည်သူ့ဆေးရုံ အပါအဝင် အချို့ ဌာနဆိုင်ရာလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်း မြို့ခံများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က တပ်မတော်လုံခြုံရေးအဖွဲ့က စတင် ဝင်ရောက်လာခဲ့ပြီး လက်ရှိတွင် အရပ်ဘက်ဌာနဆိုင်ရာဝန်ထမ်းများပါ အပြည့်အဝနီးပါး ဝင်ရောက်လာပြီဖြစ် ကြောင်း သိရသည်။
ယမန်နေ့ (ဧပြီလ ၃ဝ ရက်) က ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ယာဉ်တန်းများဖြင့် ထပ်မံ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကာ တပ်မတော်လုံခြုံရေးအဖွဲ့က လုံခြုံရေးယူပေးခဲ့ကြောင်းလည်း သိရသည်။
“ဝန်ထမ်းတွေရောက်ပြီ။ ယာဉ်တန်းတွေနဲ့လာတာ။ စစ်ကားနဲ့သွားကြိုကြတယ်။ ရှေ့ကလည်း စစ်ကားတစ်စီး၊ နောက်ကလည်း စစ်ကားတစ်စီး ယာဉ်တန်းနဲ့လာတယ်။ အရပ်ဘက်ဝန်ထမ်းတွေ ဝင်လာကြတာပေါ့” ဟု လားရှိုး မြို့ခံအမျိုးသမီးတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ဆေးရုံဝန်ထမ်းများအနေဖြင့် လားရှိုးပြည်သူ့ဆေးရုံ၌ ဆေးရုံလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး အခြားဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို အပြည့်အဝ မလည်ပတ်နိုင်သေးသော်လည်း အမြန်ဆုံး လည်ပတ်ရန် မြို့ခံများ မျှော်လင့်နေကြောင်းလည်း သိရသည်။
“ဆေးရုံဝန်ထမ်းတွေလည်း ပြန်ပြီးအလုပ်ဝင်နေတာတွေ့တယ်။ ထွေအုပ်လည်း ပေါ်ပေါ်တင်တင်တော့ လုပ်တာ တွေ ထိုင်တာတွေတော့ မတွေ့သေးဘူး။ အားလုံးတော့ ဝင်နေကြပြီ။ လုပ်ငန်းတော့ တအားမလည်ပတ်သေးဘူး။ မြန်မြန်လည်ပတ်နိုင်ရင်တော့ကောင်းတာပေါ့” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
လားရှိုးမှ ထွက်ခွာသွားသည့် ကိုးကန့်တပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံမှ ကုတင်များ၊ မီးစက်များ၊ ဆေးပစ္စည်းများ၊ မီးသတ်ဌာနမှ မီးသတ်ကားများနှင့် အခြားပြည်သူပိုင်ပစ္စည်းများကိုပါ တစ်ပါတည်း သယ်ယူသွားကြောင်း သိရသည်။

Zawgyi Version:
လားရႈိးသို႔ ဌာနဆိုင္ရာဝန္ထမ္းမ်ား ျပန္လည္ဝင္ေရာက္လာၿပီး အခ်ိဳ႕လုပ္ငန္းမ်ား စတင္လည္ပတ္
Pearl (NP News) - ေမ ၁
လားရႈိးၿမိဳ႕သို႔ ဌာနဆိုင္ရာဝန္ထမ္းမ်ား စတင္၍ ျပန္လည္ဝင္ေရာက္လာၿပီျဖစ္ၿပီး ျပည္သူ႔ေဆး႐ုံ အပါအဝင္ အခ်ိဳ႕ ဌာနဆိုင္ရာလုပ္ငန္းမ်ား စတင္လည္ပတ္ေနၿပီျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕သို႔ ၿပီးခဲ့သည့္ ဧၿပီလ ၂၂ ရက္က တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က စတင္ ဝင္ေရာက္လာခဲ့ၿပီး လက္ရွိတြင္ အရပ္ဘက္ဌာနဆိုင္ရာဝန္ထမ္းမ်ားပါ အျပည့္အဝနီးပါး ဝင္ေရာက္လာၿပီျဖစ္ ေၾကာင္း သိရသည္။
ယမန္ေန႔ (ဧၿပီလ ၃ဝ ရက္) က ဌာနဆိုင္ရာဝန္ထမ္းမ်ားအေနျဖင့္ ယာဥ္တန္းမ်ားျဖင့္ ထပ္မံ ဝင္ေရာက္လာခဲ့ျခင္း ျဖစ္ကာ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က လုံၿခဳံေရးယူေပးခဲ့ေၾကာင္းလည္း သိရသည္။
“ဝန္ထမ္းေတြေရာက္ၿပီ။ ယာဥ္တန္းေတြနဲ႔လာတာ။ စစ္ကားနဲ႔သြားႀကိဳၾကတယ္။ ေရွ႕ကလည္း စစ္ကားတစ္စီး၊ ေနာက္ကလည္း စစ္ကားတစ္စီး ယာဥ္တန္းနဲ႔လာတယ္။ အရပ္ဘက္ဝန္ထမ္းေတြ ဝင္လာၾကတာေပါ့” ဟု လားရႈိး ၿမိဳ႕ခံအမ်ိဳးသမီးတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ေဆး႐ုံဝန္ထမ္းမ်ားအေနျဖင့္ လားရႈိးျပည္သူ႔ေဆး႐ုံ၌ ေဆး႐ုံလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ေနၿပီး အျခားဌာနဆိုင္ရာဝန္ထမ္းမ်ားအေနျဖင့္ လုပ္ငန္းမ်ားကို အျပည့္အဝ မလည္ပတ္ႏိုင္ေသးေသာ္လည္း အျမန္ဆုံး လည္ပတ္ရန္ ၿမိဳ႕ခံမ်ား ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။
“ေဆး႐ုံဝန္ထမ္းေတြလည္း ျပန္ၿပီးအလုပ္ဝင္ေနတာေတြ႕တယ္။ ေထြအုပ္လည္း ေပၚေပၚတင္တင္ေတာ့ လုပ္တာ ေတြ ထိုင္တာေတြေတာ့ မေတြ႕ေသးဘူး။ အားလုံးေတာ့ ဝင္ေနၾကၿပီ။ လုပ္ငန္းေတာ့ တအားမလည္ပတ္ေသးဘူး။ ျမန္ျမန္လည္ပတ္ႏိုင္ရင္ေတာ့ေကာင္းတာေပါ့” ဟု ၿမိဳ႕ခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
လားရႈိးမွ ထြက္ခြာသြားသည့္ ကိုးကန႔္တပ္ဖြဲ႕ဝင္မ်ားက ျပည္သူ႔ေဆး႐ုံမွ ကုတင္မ်ား၊ မီးစက္မ်ား၊ ေဆးပစၥည္းမ်ား၊ မီးသတ္ဌာနမွ မီးသတ္ကားမ်ားႏွင့္ အျခားျပည္သူပိုင္ပစၥည္းမ်ားကိုပါ တစ္ပါတည္း သယ္ယူသြားေၾကာင္း သိရသည္။