ကာမရာဂလှုံ့ဆော်မှုအပါအဝင် ဆင်ဆာမူဝါဒများကို လိုက်နာခြင်းမရှိဘဲ တေးသီချင်းဗီဒီယိုရိုက်ပါက ဒါရိုက်တာနှင့် သရုပ်ဆောင်များကို အရေးယူသွားမည်ဟု သတိပေး

1519

စော (NP News) - ဧပြီ ၄
ကာမရာဂလှုံ့ဆော်မှုအပါအဝင် ဆင်ဆာမူဝါဒများကို လိုက်နာခြင်းမရှိဘဲ တေးသီချင်းဗီဒီယို ရိုက်ပါက ဒါရိုက်တာ နှင့် သရုပ်ဆောင်များကို အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့(ဧပြီလ ၄ ရက်)တွင် နိုင်ငံပိုင်သတင်းများ၌ အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။ တေးသီချင်းဗီဒီယိုများကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ကိုတင်ပြပြီး စစ်ဆေးခွင့်ပြုချက်ရယူသွားရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ယခုအခါ တေးသီချင်းဗီဒီယိုများကို ထုတ်လုပ်သူများက တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်လိုကြောင်း တင်ပြမှုများရှိသည့်အတွက် ဆင်ဆာမူဝါဒများအား ထိခိုက်နိုင်ခြင်း မရှိစေရေးအတွက် မိမိတို့ကိုယ်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့်စိစစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသနိုင်ကြောင်း နှင့် ခွင့်ပြုချက်ရယူလိုပါကလည်း အမြန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
အဆိုပါဆင်ဆာမူဝါဒများမှာ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေးနှင့် ကာမရာဂလှုံ့ ဆော်မှုများ ပါဝင်မှုမရှိစေရေးတို့ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တေးသီချင်းဗီဒီယိုများကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသသူများအနေဖြင့် ဆင်ဆာမူဝါဒများကို လိုက်နာခြင်းမရှိဘဲ ရိုက်ကူးထုတ်လွှင့်ပြသပါက ရိုက်ကူးသူ ဒါရိုက်တာအပါအဝင် ပါဝင်သရုပ်ဆောင်သူများ၊ ထုတ်လွှင့်ပြသသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ကာမရာဂလႈံ႕ေဆာ္မႈအပါအဝင္ ဆင္ဆာမူဝါဒမ်ားကို လိုက္နာျခင္းမရွိဘဲ ေတးသီခ်င္းဗီဒီယို ႐ိုက္ပါက ဒါ႐ိုက္တာႏွင့္ သ႐ုပ္ေဆာင္မ်ားကို အေရးယူသြားမည္ဟု သတိေပး
ေစာ (NP News)- ဧၿပီ ၄
ကာမရာဂလႈံ႕ေဆာ္မႈအပါအဝင္ ဆင္ဆာမူဝါဒမ်ားကို လိုက္နာျခင္းမရွိဘဲ ေတးသီခ်င္းဗီဒီယို ႐ိုက္ပါက ဒါ႐ိုက္တာ ႏွင့္ သ႐ုပ္ေဆာင္မ်ားကို အေရးယူသြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာနမွ သတိေပးထုတ္ျပန္ထားသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနက ယေန႔(ဧၿပီလ ၄ ရက္)တြင္ ႏိုင္ငံပိုင္သတင္းမ်ား၌ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။ ေတးသီခ်င္းဗီဒီယိုမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ ႐ိုက္ကူးထုတ္လႊင့္ျပသျခင္းမ်ားမျပဳမီ ႐ုပ္ရွင္ဥပေဒ၊ ႐ုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒတို႔အရ ႐ုပ္ရွင္ဆင္ဆာႏွင့္ ဗီဒီယိုဆင္ဆာအဖြဲ႕တို႔ကိုတင္ျပၿပီး စစ္ေဆးခြင့္ျပဳခ်က္ရယူသြားရမည္ျဖစ္ ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
ယခုအခါ ေတးသီခ်င္းဗီဒီယိုမ်ားကို ထုတ္လုပ္သူမ်ားက တာဝန္ယူမႈ၊ တာဝန္ခံမႈမ်ားျဖင့္ ေဆာင္႐ြက္လိုေၾကာင္း တင္ျပမႈမ်ားရွိသည့္အတြက္ ဆင္ဆာမူဝါဒမ်ားအား ထိခိုက္ႏိုင္ျခင္း မရွိေစေရးအတြက္ မိမိတို႔ကိုယ္တိုင္ တာဝန္ယူမႈ၊ တာဝန္ခံမႈျဖင့္စိစစ္ၿပီး ႐ိုက္ကူးထုတ္လႊင့္ျပသႏိုင္ေၾကာင္း ႏွင့္ ခြင့္ျပဳခ်က္ရယူလိုပါကလည္း အျမန္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
အဆိုပါဆင္ဆာမူဝါဒမ်ားမွာ ႏိုင္ငံေရး၊ ဘာသာေရး၊ တိုင္းရင္းသားခ်စ္ၾကည္ေရး၊ အမ်ိဳးသားယဥ္ေက်းမႈထိန္းသိမ္းေရး၊ ရက္စက္ၾကမ္းၾကဳတ္မႈမ်ား ပါဝင္မႈမရွိေစေရးႏွင့္ ကာမရာဂလႈံ႕ ေဆာ္မႈမ်ား ပါဝင္မႈမရွိေစေရးတို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေတးသီခ်င္းဗီဒီယိုမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ ႐ိုက္ကူးထုတ္လႊင့္ျပသသူမ်ားအေနျဖင့္ ဆင္ဆာမူဝါဒမ်ားကို လိုက္နာျခင္းမရွိဘဲ ႐ိုက္ကူးထုတ္လႊင့္ျပသပါက ႐ိုက္ကူးသူ ဒါ႐ိုက္တာအပါအဝင္ ပါဝင္သ႐ုပ္ေဆာင္သူမ်ား၊ ထုတ္လႊင့္ျပသသူမ်ားကို တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။