အလုပ်ဖြုတ်ခံရသည့် ထိုင်းရောက်မြန်မာလုပ်သား (၁၅၀၀) နီးပါး၏ ရပိုင်ခွင့်များအတွက် ညှိနှိုင်းဆွေးနွေး

492

Pearl (NP News) - အောက်တိုဘာ ၁
အလုပ်ဖြုတ်ခံရသည့် ထိုင်းရောက်မြန်မာလုပ်သား (၁၅၀၀) နီးပါး၏ ရပိုင်ခွင့်များအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ Cal-Comp စက်ရုံတာဝန်ရှိသူများက မြန်မာလုပ်သား (၁၄၅၀)ဦး အား အလုပ်ဖြုတ် ရမှုနှင့်ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးမှ ယမန်နေ့ (စက်တင်ဘာ ၃၀ရက်) က သွားရောက်ခဲ့ရာ စက်ရုံသည် ကုန်အမှာစာကျဆင်းသဖြင့် အလုပ်ရပ်စဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် လုပ်သားများ၏ တောင်းဆိုချက်များနှင့် စပ်လျဉ်း၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ အလုပ်အကိုင်ဌာနရုံး၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊ စက်ရုံရှိ အမှုဆောင်အရာရှိနှင့် တာဝန်ခံများအား တွေ့ဆုံဆွေးနွေးခဲ့ရာ ဥပဒေနှင့် အညီ အလုပ်ရပ်စဲရန်၊ အလုပ်ထုတ်နစ်နာကြေး အပြင် ဂရုဏာကြေး ဘတ်တစ်သောင်းအား ဘဏ်အကောင့် သို့မဟုတ် ငွေသားဖြင့် အောက်တိုဘာ (၁)ရက်မှ စတင်ထုတ်ပေးရန် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
အလားတူ အလုပ်ရှင်သစ်ထံ လုပ်ကိုင်နိုင်သော အလုပ်ပြောင်းရွှေ့စာ (ကျန့်အော်ကျန့်ခေါက်)အား သွေးစစ်ကုန်းဈေးတွင် ဖွင့်လှစ်မည့် စင်တာ၌ ဌာနဆိုင်ရာပူးပေါင်း အဖွဲ့ထံမှ ထုတ်ယူရန်အချက်များကို အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် လက်ခံ သဘောတူညီခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
အလုပ္ျဖဳတ္ခံရသည့္ ထိုင္းေရာက္ျမန္မာလုပ္သား (၁၅၀၀) နီးပါး၏ ရပိုင္ခြင့္မ်ားအတြက္ ညႇိႏႈိင္းေဆြးေႏြး
Pearl (NP News) - ေအာက္တိုဘာ ၁
အလုပ္ျဖဳတ္ခံရသည့္ ထိုင္းေရာက္ျမန္မာလုပ္သား (၁၅၀၀) နီးပါး၏ ရပိုင္ခြင့္မ်ားအတြက္ ညႇိႏႈိင္းေဆြးေႏြးခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ထိုင္းႏိုင္ငံ၊ ဖစ္ဘူရီခ႐ိုင္ရွိ Cal-Comp စက္႐ုံတာဝန္ရွိသူမ်ားက ျမန္မာလုပ္သား (၁၄၅၀)ဦး အား အလုပ္ျဖဳတ္ ရမႈႏွင့္ပတ္သက္၍ အလုပ္သမားသံအရာရွိ႐ုံးမွ ယမန္ေန႔ (စက္တင္ဘာ ၃၀ရက္) က သြားေရာက္ခဲ့ရာ စက္႐ုံသည္ ကုန္အမွာစာက်ဆင္းသျဖင့္ အလုပ္ရပ္စဲခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ လုပ္သားမ်ား၏ ေတာင္းဆိုခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ ရဲတပ္ဖြဲ႕မႉး၊ အလုပ္အကိုင္ဌာန႐ုံး၊ အလုပ္သမားကာကြယ္ေစာင့္ေရွာက္ေရး႐ုံး၊ စက္႐ုံရွိ အမႈေဆာင္အရာရွိႏွင့္ တာဝန္ခံမ်ားအား ေတြ႕ဆုံေဆြးေႏြးခဲ့ရာ ဥပေဒႏွင့္ အညီ အလုပ္ရပ္စဲရန္၊ အလုပ္ထုတ္နစ္နာေၾကး အျပင္ ဂ႐ုဏာေၾကး ဘတ္တစ္ေသာင္းအား ဘဏ္အေကာင့္ သို႔မဟုတ္ ေငြသားျဖင့္ ေအာက္တိုဘာ (၁)ရက္မွ စတင္ထုတ္ေပးရန္ ေဆြးေႏြးခဲ့ေၾကာင္းလည္း သိရသည္။
အလားတူ အလုပ္ရွင္သစ္ထံ လုပ္ကိုင္ႏိုင္ေသာ အလုပ္ေျပာင္းေ႐ႊ႕စာ (က်န႔္ေအာ္က်န႔္ေခါက္)အား ေသြးစစ္ကုန္းေဈးတြင္ ဖြင့္လွစ္မည့္ စင္တာ၌ ဌာနဆိုင္ရာပူးေပါင္း အဖြဲ႕ထံမွ ထုတ္ယူရန္အခ်က္မ်ားကို အလုပ္ရွင္၊ အလုပ္သမားႏွစ္ဖက္ လက္ခံ သေဘာတူညီခဲ့ၾကေၾကာင္း သိရသည္။