တိုက်ခန်းတွင် ရေမလာသဖြင့် မြေအောက်ရေကန်သို့ ရေသွားခပ်ရာမှ ဓာတ်လိုက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး၍ မိခင်ဖြစ်သူ သတိလစ်

 12594

သန့်ဇင် (NP News) - မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် တိုက်ခန်း၌ရေမလာသဖြင့် မြေအောက်ရေကန်သို့ ရေသွားခပ်ရာမှ ဓာတ်လိုက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး၍ မိခင်ဖြစ်သူ သတိလစ်သွားခဲ့ကြောင်း နှင်းဆီသုခ စေတနာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၁၈ ရက်)၊ မွန်းတည့် ၁၂ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ နှင်းဆီအိမ်ရာဝန်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက နှစ်ဆီအိမ်ရာမှာဖြစ်တာ။ အဲဒီတိုက်ခန်းတွေကို ရေပို့တဲ့အောက်က ရေကန်ရှိတယ်။ အဲဒီဖြစ်တဲ့ ကန်ထဲမှာက မော်တာ ရှိတယ်။ ကလေးမလေးက ရေသွားပြီးခပ်တဲ့အချိန်မှာ ရေကပြည့်နေတဲ့အချိန် မီးကလာ တော့ ဓာတ်လိုက်ပြီး ကန်ထဲဆွဲချသလို ဖြစ်သွားတာ။ အဲဒီမှာ အမေက သွားဆွဲရင်းနဲ့ အမေပါ ဓာတ်လိုက်ပြီး သတိလစ်သွားတာပါ” ဟု နှင်းဆီသုခစေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဓာတ်လိုက်သေဆုံးသည့် အမျိုးသမီးငယ်မှာ အသက်(၁၂)နှစ်အရွယ်ဖြစ်ပြီး နှင်းဆီအိမ်ရာ တိုက်နံပါတ်(၁၂)၏ (၅)လွှာတွင်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“အဲဒီကန်က အနက်က ၁၃ ပေနဲ့ အကျယ်က ၁၂ ပေဝန်းကျင်လောက်ရှိတယ်။ အဲဒီလိုဖြစ်တော့ မီးသတ်တပ်ဖွဲ့ တွေနဲ့ပေါင်းပြီး နာရီဝက်လောက် ရေတွေထုတ်ပစ်ရတာ။ ပြီးတော့မှ ကလေးမလေး အလောင်းကို ကောက်လို့ရ တာပါ။ သူ့အမေကတော့ အသက်(၄၅)နှစ်လောက်ရှိတယ် ဆေးရုံပို့လိုက်ပြီး နောက်တော့ သတိပြန်ရလာပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီးငယ်၏ ရုပ်အလောင်းကို နှင်းဆီသုခစေတနာလူမှုကူညီရေးအသင်းက မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည့် နှင်းဆီအိမ်ယာ၏ ခေါင်မိုးထပ်ရှိ ဖိုက်ဘာရေသိုလှောင်ကန်များမှာ နှစ်အတန်ကြာပြီဖြစ်ရာ ပေါက်ပြဲ ဆွေးမြေ့နေသောကြောင့် သုံးရေနှင့် ချိုးရေများအတွက် တိုက်ခန်းတွင် နေထိုင်သူများက မြေအောက်ရေသိုလှောင်ကန်သို့ သွားရောက် အသုံးပြုနေရကြောင်း သိရသည်။

Zawgyi Version;
တိုက္ခန္းတြင္ ေရမလာသျဖင့္ ေျမေအာက္ေရကန္သို႔ ေရသြားခပ္ရာမွ ဓာတ္လိုက္မႈေၾကာင့္ အမ်ိဳးသမီးငယ္တစ္ဦး ေသဆုံး၍ မိခင္ျဖစ္သူ သတိလစ္
သန႔္ဇင္ (NP News) - ေမ ၁၉

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ တိုက္ခန္း၌ေရမလာသျဖင့္ ေျမေအာက္ေရကန္သို႔ ေရသြားခပ္ရာမွ ဓာတ္လိုက္မႈေၾကာင့္ အမ်ိဳးသမီးငယ္တစ္ဦး ေသဆုံး၍ မိခင္ျဖစ္သူ သတိလစ္သြားခဲ့ေၾကာင္း ႏွင္းဆီသုခ ေစတနာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၁၈ ရက္)၊ မြန္းတည့္ ၁၂ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္ခန႔္က ေအာင္ေျမသာစံၿမိဳ႕နယ္၊ မင္းတဲအီကင္းရပ္ကြက္၊ ကမ္းနားလမ္း၊ ႏွင္းဆီအိမ္ရာဝန္းအတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္တာက ႏွစ္ဆီအိမ္ရာမွာျဖစ္တာ။ အဲဒီတိုက္ခန္းေတြကို ေရပို႔တဲ့ေအာက္က ေရကန္ရွိတယ္။ အဲဒီျဖစ္တဲ့ ကန္ထဲမွာက ေမာ္တာ ရွိတယ္။ ကေလးမေလးက ေရသြားၿပီးခပ္တဲ့အခ်ိန္မွာ ေရကျပည့္ေနတဲ့အခ်ိန္ မီးကလာ ေတာ့ ဓာတ္လိုက္ၿပီး ကန္ထဲဆြဲခ်သလို ျဖစ္သြားတာ။ အဲဒီမွာ အေမက သြားဆြဲရင္းနဲ႔ အေမပါ ဓာတ္လိုက္ၿပီး သတိလစ္သြားတာပါ” ဟု ႏွင္းဆီသုခေစတနာ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ဓာတ္လိုက္ေသဆုံးသည့္ အမ်ိဳးသမီးငယ္မွာ အသက္(၁၂)ႏွစ္အ႐ြယ္ျဖစ္ၿပီး ႏွင္းဆီအိမ္ရာ တိုက္နံပါတ္(၁၂)၏ (၅)လႊာတြင္ေနထိုင္သူ ျဖစ္ေၾကာင္း သိရသည္။

“အဲဒီကန္က အနက္က ၁၃ ေပနဲ႔ အက်ယ္က ၁၂ ေပဝန္းက်င္ေလာက္ရွိတယ္။ အဲဒီလိုျဖစ္ေတာ့ မီးသတ္တပ္ဖြဲ႕ ေတြနဲ႔ေပါင္းၿပီး နာရီဝက္ေလာက္ ေရေတြထုတ္ပစ္ရတာ။ ၿပီးေတာ့မွ ကေလးမေလး အေလာင္းကို ေကာက္လို႔ရ တာပါ။ သူ႔အေမကေတာ့ အသက္(၄၅)ႏွစ္ေလာက္ရွိတယ္ ေဆး႐ုံပို႔လိုက္ၿပီး ေနာက္ေတာ့ သတိျပန္ရလာပါတယ္” ဟု ၎က ဆက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီးငယ္၏ ႐ုပ္အေလာင္းကို ႏွင္းဆီသုခေစတနာလူမႈကူညီေရးအသင္းက မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဓာတ္လိုက္မႈျဖစ္ပြားခဲ့သည့္ ႏွင္းဆီအိမ္ယာ၏ ေခါင္မိုးထပ္ရွိ ဖိုက္ဘာေရသိုေလွာင္ကန္မ်ားမွာ ႏွစ္အတန္ၾကာၿပီျဖစ္ရာ ေပါက္ၿပဲ ေဆြးေျမ့ေနေသာေၾကာင့္ သုံးေရႏွင့္ ခ်ိဳးေရမ်ားအတြက္ တိုက္ခန္းတြင္ ေနထိုင္သူမ်ားက ေျမေအာက္ေရသိုေလွာင္ကန္သို႔ သြားေရာက္ အသုံးျပဳေနရေၾကာင္း သိရသည္။

Picture

My Mine

20/05/2024 07:04

သနားစရာပါ ....တိုင်းပြည်ကမီး...က...ရက်စက်...နေပြီ...မာန်မာနတွေထက် အဆင်ပြေရေးကို လုပ်သင့်ပါတယ်

Related news

© 2021. All rights reserved.