ဗီယက်နမ်ပြည်သူရေးရာဝန်ကြီးကို ဗီယက်နမ်သမ္မတအသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနေ

593

ဂျန်ဇက် (NP News) - မေ ၁၉
ဗီယက်နမ်အာဏာရပါတီဖြစ်တဲ့ ကွန်မြူနစ်ပါတီဟာ လုံခြုံရေးဝန်ကြီး Comrade To Lam ကို ဗီယက်နမ်နိုင်ငံရဲ့ သမ္မတအသစ်အဖြစ် ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းလိုက်ကြောင်း သိရပါတယ်။
ဗီယက်နမ်အာဏာရပါတီဟာ အစိုးရအဖွဲ့ နဲ့ စီးပွာရေးလုပ်ငန်းရှင်များကို လက်ဆောင်ပေးခြင်း၊ အကျင့်ပျက် လာဘ်စားမှုများနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး တရားစွဲနေရာ ယခင်သမ္မတဟောင်းဟာလည်း အကျင့်ပျက် လာဘ်စားမှုနဲ့ပတ်သက်ပြီး ရာထူးက နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။
ဗီယက်နမ်သတင်းဌာနတွေက "အာဏာရပါတီရဲ့ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဖြစ်သူကို သမ္မတအသစ် ရွေးချယ် ဖို့ အမည်စာရင်းတင်သွင်းခဲ့တယ်" လို့ ဖော်ပြထားပါတယ်။
အသက် ၆၆ နှစ်အရွယ်ရှိ To Lam ဟာ ဗီယက်နမ်ပြည်သူလုံခြုံရေးဝန်ကြီး အဖြစ် ၂ဝ၁၆ ခုနှစ်နောက်ပိုင်းတည်းက တာဝန်ယူခဲ့ပြီး သဘောထားတင်းမာသူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။
ယခင်သမ္မတဟောင်း Vo Van Thuong ဟာ သမ္မတအဖြစ် ၁နှစ်ကြာတာဝန်ယူပြီးနောက် ပြီးခဲ့တဲ့မတ်လမှာ သမ္မတအဖြစ်က နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေဟာ ပြီးခဲ့တဲ့နှစ် အတွင်း အကျင့်ပျက်လာဘ်စားမှု အရှုပ်တော်ပုံတွေကြောင့် ရာထူးကနေနုတ်ထွက်ခဲ့ရကြောင်း သိရပါတယ်။
ဗီယက်နမ်အာဏာရပါတီဟာအစိုးရအဖွဲ့တာဝန်ရှိတွေကို အကျင့်ပျက်လာဘ်စားမှုများဖြစ်အောင် လာဘ်ငွေပေးခဲ့သူတွေကိုလည်း စွဲချက်တင်ပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ပေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Zawgyi Version;
ဗီယက္နမ္ျပည္သူေရးရာဝန္ႀကီးကို ဗီယက္နမ္သမၼတအသစ္အျဖစ္ ခန႔္အပ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ေမ ၁၉
ဗီယက္နမ္အာဏာရပါတီျဖစ္တဲ့ ကြန္ျမဴနစ္ပါတီဟာ လုံၿခဳံေရးဝန္ႀကီး Comrade To Lam ကို ဗီယက္နမ္ႏိုင္ငံရဲ႕ သမၼတအသစ္အျဖစ္ ခန႔္အပ္ဖို႔ အမည္စာရင္းတင္သြင္းလိုက္ေၾကာင္း သိရပါတယ္။
ဗီယက္နမ္အာဏာရပါတီဟာ အစိုးရအဖြဲ႕ နဲ႔ စီးပြာေရးလုပ္ငန္းရွင္မ်ားကို လက္ေဆာင္ေပးျခင္း၊ အက်င့္ပ်က္ လာဘ္စားမႈမ်ားနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆး တရားစြဲေနရာ ယခင္သမၼတေဟာင္းဟာလည္း အက်င့္ပ်က္ လာဘ္စားမႈနဲ႔ပတ္သက္ၿပီး ရာထူးက ႏုတ္ထြက္သြားခဲ့ေၾကာင္း သိရပါတယ္။
ဗီယက္နမ္သတင္းဌာနေတြက "အာဏာရပါတီရဲ႕ျပည္သူေရးရာလုံၿခဳံေရးဝန္ႀကီးျဖစ္သူကို သမၼတအသစ္ ေ႐ြးခ်ယ္ ဖို႔ အမည္စာရင္းတင္သြင္းခဲ့တယ္" လို႔ ေဖာ္ျပထားပါတယ္။
အသက္ ၆၆ ႏွစ္အ႐ြယ္ရွိ To Lam ဟာ ဗီယက္နမ္ျပည္သူလုံၿခဳံေရးဝန္ႀကီး အျဖစ္ ၂ဝ၁၆ ခုႏွစ္ေနာက္ပိုင္းတည္းက တာဝန္ယူခဲ့ၿပီး သေဘာထားတင္းမာသူတစ္ဦးျဖစ္ေၾကာင္း သိရပါတယ္။
ယခင္သမၼတေဟာင္း Vo Van Thuong ဟာ သမၼတအျဖစ္ ၁ႏွစ္ၾကာတာဝန္ယူၿပီးေနာက္ ၿပီးခဲ့တဲ့မတ္လမွာ သမၼတအျဖစ္က ႏုတ္ထြက္ခဲ့ေၾကာင္း သိရပါတယ္။ ဗီယက္နမ္သမၼတေတြနဲ႔ ဝန္ႀကီးခ်ဳပ္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ အတြင္း အက်င့္ပ်က္လာဘ္စားမႈ အရႈပ္ေတာ္ပုံေတြေၾကာင့္ ရာထူးကေနႏုတ္ထြက္ခဲ့ရေၾကာင္း သိရပါတယ္။
ဗီယက္နမ္အာဏာရပါတီဟာအစိုးရအဖြဲ႕တာဝန္ရွိေတြကို အက်င့္ပ်က္လာဘ္စားမႈမ်ားျဖစ္ေအာင္ လာဘ္ေငြေပးခဲ့သူေတြကိုလည္း စြဲခ်က္တင္ၿပီး ႀကီးေလးတဲ့ ျပစ္ဒဏ္ေပးမႈေတြ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။