ပူတင်နဲ့ဆွေးနွေးပွဲကို တူရကီ၊ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဥရောနိုင်ငံတွေက လက်ခံကျင်းပပေးနိုင်တယ်လို့ ဇီလန်စကီးပြော

170

Pika (NP News)
တူရကီ၊ပင်လယ်ကွေ့နိုင်ငံတွေ ဒါမှမဟုတ် ဥရောပနိုင်ငံတွေဟာ ရုရှားသမ္မတပူတင်နဲ့ ၎င်းကြားလုပ်ဆောင်နိုင်တဲ့ ဆွေးနွေးပွဲတွေအားလုံးကို လက်ခံကျင်းပနိုင်တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ပူတင်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဇီလန်စကီးက တွန်းအားပေးခဲ့ပေမယ့်လည်း အဲ့ဒီလိုမျိုးဆွေးနွေးပွဲအတွက် အစီအစဉ်တကျပြင်ဆင်ထားတာမျိုးမရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဇီလန်စကီးက” ပူတင်နဲ့တွေ့ဆုံဆွေးနွေးမှုတွေကို လက်ခံကျင်းပနိုင်တဲ့ တူရကီ၊ပင်လယ်ကွေ့နိုင်ငံတွေ၊ဥရောပနိုင်ငံတွေနဲ့ ဆက်သွယ်မှုတွေ ဒီသီတင်းပတ်အတွင်း ရှိလာပါလိမ့်မယ်။ကျွန်တော်တို့ဘက်ကတော့ စစ်ပွဲကိုအဆုံးသတ်ဖိုအတွက် အရာအားလုံးကို အမြင့်ဆုံးအထိ ပြင်ဆင်ထားပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ယူကရိန်းသမ္မတရုံးအကြီးအကဲ Andriy Yermakနဲ့ ယူကရိန်းအမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲတို့ဟာ ကာတာနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံဖို့အတွက် ကာတာနိုင်ငံကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားအပေါ် လုံလောက်တဲ့ဖိအားပေးမှုတွေရှိတယ်ဆိုတာ သေချာစေဖို့အတွက် ယူကရိန်းရဲ့မိတ်ဖက်နိုင်ငံတွေ အထူးသဖြင့်အမေရိကန်နိုင်ငံနဲ့ ညှိနှိုင်းမှုတွေအပေါ်မှာ မူတည်တယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ဇီလန်စကီးက”ရုရှားအပေါ် ဖိအားပေးနိုင်ဖို့ အရေးကြီးဆုံးကတော့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ဆန္ဒတွေ အထူးသဖြင့် အမေရိကန်နိုင်ငံအပေါ်မှာ တင်းတင်းကျပ်ကျပ် မူတည်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ပူတင္နဲ႔ေဆြးေႏြးပြဲကို တူရကီ၊ပင္လယ္ေကြ႕ႏိုင္ငံေတြနဲ႔ ဥေရာႏိုင္ငံေတြက လက္ခံက်င္းပေပးႏိုင္တယ္လို႔ ဇီလန္စကီးေျပာ
Pika (NP News)
တူရကီ၊ပင္လယ္ေကြ႕ႏိုင္ငံေတြ ဒါမွမဟုတ္ ဥေရာပႏိုင္ငံေတြဟာ ႐ုရွားသမၼတပူတင္နဲ႔ ၎ၾကားလုပ္ေဆာင္ႏိုင္တဲ့ ေဆြးေႏြးပြဲေတြအားလုံးကို လက္ခံက်င္းပႏိုင္တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ပူတင္နဲ႔ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ဇီလန္စကီးက တြန္းအားေပးခဲ့ေပမယ့္လည္း အဲ့ဒီလိုမ်ိဳးေဆြးေႏြးပြဲအတြက္ အစီအစဥ္တက်ျပင္ဆင္ထားတာမ်ိဳးမရွိဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဇီလန္စကီးက” ပူတင္နဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြကို လက္ခံက်င္းပႏိုင္တဲ့ တူရကီ၊ပင္လယ္ေကြ႕ႏိုင္ငံေတြ၊ဥေရာပႏိုင္ငံေတြနဲ႔ ဆက္သြယ္မႈေတြ ဒီသီတင္းပတ္အတြင္း ရွိလာပါလိမ့္မယ္။ကြၽန္ေတာ္တို႔ဘက္ကေတာ့ စစ္ပြဲကိုအဆုံးသတ္ဖိုအတြက္ အရာအားလုံးကို အျမင့္ဆုံးအထိ ျပင္ဆင္ထားပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ယူကရိန္းသမၼတ႐ုံးအႀကီးအကဲ Andriy Yermakနဲ႔ ယူကရိန္းအမ်ိဳးသားလုံၿခဳံေရးေကာင္စီအႀကီးအကဲတို႔ဟာ ကာတာႏိုင္ငံရဲ႕ ကာကြယ္ေရးဝန္ႀကီးနဲ႔ေတြ႕ဆုံဖို႔အတြက္ ကာတာႏိုင္ငံကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔လည္း ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။႐ုရွားအေပၚ လုံေလာက္တဲ့ဖိအားေပးမႈေတြရွိတယ္ဆိုတာ ေသခ်ာေစဖို႔အတြက္ ယူကရိန္းရဲ႕မိတ္ဖက္ႏိုင္ငံေတြ အထူးသျဖင့္အေမရိကန္ႏိုင္ငံနဲ႔ ညႇိႏႈိင္းမႈေတြအေပၚမွာ မူတည္တယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ဇီလန္စကီးက”႐ုရွားအေပၚ ဖိအားေပးႏိုင္ဖို႔ အေရးႀကီးဆုံးကေတာ့ ကမာၻ႔ေခါင္းေဆာင္ေတြရဲ႕ဆႏၵေတြ အထူးသျဖင့္ အေမရိကန္ႏိုင္ငံအေပၚမွာ တင္းတင္းက်ပ္က်ပ္ မူတည္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။