ရုရှားနဲ့ယူကရိန်းတို့အပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ်သွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်သတိပေး

 241

Pika(NP News)
ရုရှားနဲ့ ယူကရိန်းတို့ဟာ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခနဲ့ပတ်သက်ပြီး တိုးတက်မှုတွေမလုပ်ဆောင်နိုင်ဘူးဆိုရင် နှစ်နိုင်ငံစလုံးအပေါ် ပိတ်ဆို့အရေးယူမှုတွေနဲ့ အခွန်စည်းကြပ်မှုတွေ ချမှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ရုရှား-ယူကရိန်းစစ်ပွဲကြောင့် သီတင်းပတ်တစ်ပတ်တိုင်းမှာ လူငယ်တွေထောင်ချီသေဆုံးနေပါတယ်။သေဆုံးနေတာတွေ မရပ်တန့်သွားဘူးဆိုရင် အမေရိကန်က ရုရှားနဲ့ယူကရိန်းတို့အပေါ် ပိတ်ဆို့အရေးယူမှုတွေနဲ့ အခွန်စည်းကြပ်မှုတွေ ချမှတ်သွားနိုင်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရုရှားအ‌ပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားဖို့ ၎င်းရဲ့အဆင့်သင့်ဖြစ်မှုတွေကို ဒေါ်နယ်ထရမ့်က ထပ်မံအတည်ပြုပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ကျွန်တော်တို့မှာ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေရှိပါတယ်။ကမ္ဘာစစ်ကြီးထဲမှာ မပါနိုင်တာမလို့ စီးပွားရေးအရပိတ်ဆို့အရေးယူမှုတွေကို ကျွန်တော်ပြောနေတာပဲဖြစ်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရုရှား-ယူကရိန်းပဋိပက္ခ ပေါ်ပေါက်လာစေမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ကို ဒေါ်နယ်ထရမ့်က ထပ်မံပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်ဟာ ရုရှား-ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန်ကို ပြစ်တင်ဝေဖန်မှုတွေ မကြာခဏလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းတို႔အေပၚ ပိတ္ဆို႔အေရးယူမႈေတြခ်မွတ္သြားႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္သတိေပး
Pika(NP News)
႐ုရွားနဲ႔ ယူကရိန္းတို႔ဟာ လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡနဲ႔ပတ္သက္ၿပီး တိုးတက္မႈေတြမလုပ္ေဆာင္ႏိုင္ဘူးဆိုရင္ ႏွစ္ႏိုင္ငံစလုံးအေပၚ ပိတ္ဆို႔အေရးယူမႈေတြနဲ႔ အခြန္စည္းၾကပ္မႈေတြ ခ်မွတ္သြားႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”႐ုရွား-ယူကရိန္းစစ္ပြဲေၾကာင့္ သီတင္းပတ္တစ္ပတ္တိုင္းမွာ လူငယ္ေတြေထာင္ခ်ီေသဆုံးေနပါတယ္။ေသဆုံးေနတာေတြ မရပ္တန႔္သြားဘူးဆိုရင္ အေမရိကန္က ႐ုရွားနဲ႔ယူကရိန္းတို႔အေပၚ ပိတ္ဆို႔အေရးယူမႈေတြနဲ႔ အခြန္စည္းၾကပ္မႈေတြ ခ်မွတ္သြားႏိုင္ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ႐ုရွားအ‌ေပၚ ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္သြားဖို႔ ၎ရဲ႕အဆင့္သင့္ျဖစ္မႈေတြကို ေဒၚနယ္ထရမ့္က ထပ္မံအတည္ျပဳေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ကြၽန္ေတာ္တို႔မွာ စီးပြားေရးအရ ပိတ္ဆို႔အေရးယူမႈေတြရွိပါတယ္။ကမာၻစစ္ႀကီးထဲမွာ မပါႏိုင္တာမလို႔ စီးပြားေရးအရပိတ္ဆို႔အေရးယူမႈေတြကို ကြၽန္ေတာ္ေျပာေနတာပဲျဖစ္ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ႐ုရွား-ယူကရိန္းပဋိပကၡ ေပၚေပါက္လာေစမႈနဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္ကို ေဒၚနယ္ထရမ့္က ထပ္မံျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္ဟာ ႐ုရွား-ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ဂ်ိဳးဘိုင္ဒန္ကို ျပစ္တင္ေဝဖန္မႈေတြ မၾကာခဏလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.