အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ကျင်းပခဲ့ရာ လူဦးရေ(၃ဝဝဝ)ကျော်ပါဝင်ခဲ့

586

ပုံစာ - ဇွန်လ ၂၁ ရက်တွင် သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပခဲ့သည့်
အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနား မြင်ကွင်းများ
သန့်ဇင် (NP News) - ဇွန် ၂၁
အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ကျင်းပခဲ့ရာ လူဦးရေ(၃ဝဝဝ)ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ရန်ကုန်မြို့တွင် (၁၀)ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားကို ယနေ့(ဇွန်လ ၂၁ ရက်)၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ၊ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် ကျင်းပခဲ့ရာ လူဦးရေ (၆၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
(၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ဇွန်လ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့တွင် (၈)ကြိမ်၊ မန္တလေးမြို့တွင် (၅)ကြိမ်၊ နေပြည်တော်တွင် (၂)ကြိမ်၊ ပုဂံတွင် တစ်ကြိမ်နှင့် စစ်တွေမြို့တွင် တစ်ကြိမ် စုစုပေါင်း ယောဂလေ့ကျင့်သည့် အစီအစဉ်(၁၇)ကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ယောဂနေ့ စုပေါင်းယောဂလေ့ကျင့်သည့် အစီအစဉ်ပွဲများကို ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်၊ ကန်တော်ကြီး နှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)၊ မန္တလေးမြို့ရှိ မန္တလေးတောင်၊ ဦးပိန်တံတားနှင့် မန္တလေးနန်းတော်၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ရင်ပြင်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ရင်ပြင်နှင့် ပုဂံမြို့ရှိ ကမ္ဘာ့အမွေနေရာတို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အထင်ကရနေရာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့၊ ပဲခူးတိုင်းဒေသကြီးရှိ ဇေယျဝတီနှင့်ကျောက်တံခါး၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့အပြင် နေရာဒေသအသီးသီးတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အိန္ဒိယ အသိုက်အဝန်း အဖွဲ့အစည်းများကကျင်းပခဲ့ကြောင်း သိရသည်။

zawgyi version
အျပည္ျပည္ဆိုင္ရာ ေယာဂေန႔အခမ္းအနားကို ရန္ကုန္အပါအဝင္ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ က်င္းပခဲ့ရာ လူဦးေရ(၃ဝဝဝ)ေက်ာ္ပါဝင္ခဲ့
သန႔္ဇင္ (NP News) - ဇြန္ ၂၁
အျပည္ျပည္ဆိုင္ရာ ေယာဂေန႔အခမ္းအနားကို ရန္ကုန္အပါအဝင္ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ က်င္းပခဲ့ရာ လူဦးေရ(၃ဝဝဝ)ေက်ာ္ပါဝင္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးက ရန္ကုန္ၿမိဳ႕တြင္ (၁၀)ႀကိမ္ေျမာက္အျဖစ္ က်င္းပျပဳလုပ္ေသာ အျပည္ျပည္ဆိုင္ရာေယာဂေန႔ အခမ္းအနားကို ယေန႔(ဇြန္လ ၂၁ ရက္)၊ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ၊ သုဝဏၰအမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁)တြင္ က်င္းပခဲ့ရာ လူဦးေရ (၆၀၀)ေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
(၁၀)ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ေယာဂေန႔အခမ္းအနားကို ဇြန္လ ၁ ရက္ေန႔မွ ၂၁ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕တြင္ (၈)ႀကိမ္၊ မႏၲေလးၿမိဳ႕တြင္ (၅)ႀကိမ္၊ ေနျပည္ေတာ္တြင္ (၂)ႀကိမ္၊ ပုဂံတြင္ တစ္ႀကိမ္ႏွင့္ စစ္ေတြၿမိဳ႕တြင္ တစ္ႀကိမ္ စုစုေပါင္း ေယာဂေလ့က်င့္သည့္ အစီအစဥ္(၁၇)ႀကိမ္ က်င္းပခဲ့ေၾကာင္း သိရသည္။
အျပည္ျပည္ဆိုင္ရာ ေယာဂေန႔ စုေပါင္းေယာဂေလ့က်င့္သည့္ အစီအစဥ္ပြဲမ်ားကို ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ဥယ်ာဥ္၊ ကန္ေတာ္ႀကီး ႏွင့္ အမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁)(သုဝဏၰ)၊ မႏၲေလးၿမိဳ႕ရွိ မႏၲေလးေတာင္၊ ဦးပိန္တံတားႏွင့္ မႏၲေလးနန္းေတာ္၊ ေနျပည္ေတာ္ရွိ ဥပၸါတသႏၲိေစတီေတာ္ရင္ျပင္၊ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ရင္ျပင္ႏွင့္ ပုဂံၿမိဳ႕ရွိ ကမာၻ႔အေမြေနရာတို႔အပါအဝင္ ျမန္မာႏိုင္ငံတစ္ဝန္းလုံးရွိ အထင္ကရေနရာမ်ားတြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မြန္ျပည္နယ္ရွိ ေမာ္လၿမိဳင္ၿမိဳ႕၊ ပဲခူးတိုင္းေဒသႀကီးရွိ ေဇယ်ဝတီႏွင့္ေက်ာက္တံခါး၊ ဧရာဝတီတိုင္းေဒသႀကီးရွိ ပုသိမ္ၿမိဳ႕အျပင္ ေနရာေဒသအသီးသီးတြင္ ျမန္မာႏိုင္ငံတစ္ဝန္းရွိ အိႏၵိယ အသိုက္အဝန္း အဖြဲ႕အစည္းမ်ားကက်င္းပခဲ့ေၾကာင္း သိရသည္။