ငါးမည်ရ ဒေသမှ အခက်ကြုံဘဝများ

1001

သန့်ဇင် (NP News) - ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းမှ ကျေးရွာများစွာတွင် PDF အဖွဲ့တို့ ခြေကုပ်ယူ ကြီးစိုးနေလျက်ရှိရာ ဒေသခံများစွာတို့မှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် အဘက်ဘက်မှ ထိခိုက်နစ်နာမှုများဖြစ်ပွားနေသည်။ ယင်းအပြင် ဘူးလေးရာဖရုံဆင့်ဆိုသကဲ့သို့ လမ်းပန်းဆက်သွယ် ရေးကလည်း စိတ်ချရမှုမရှိပါ။ အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ ရွှေဘိုမြို့ခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး-ရွှေဘိုမြို့နယ်အတွင်းမှာ လက်ရှိဘယ်လိုအခြေအနေတွေဖြစ်နေလဲ အရင်ဆုံးသိပါရစေ ခင်ဗျာ။
ဖြေ- လက်ရှိအခြေအနေကတော့ ဘေးပတ်ဝန်းကျင်တွေက အကုန်လုံးက PDF နယ်မြေတွေချည်းပဲ လေ။ PDF နယ်မြေတွေဆိုတော့ ကျွန်တော်တို့ပြည်သူတွေ ဒုက္ခတော်တော်ရောက်နေကြတယ်။ ဘာ ကြောင့် ဒုက္ခရောက်လဲဆိုတော့ အခုထိလမ်းကြောင်းတွေမဖွင့်သေးဘူး။ PDF က ပိတ်ထားတာလေ။ စလင်းကြီးတို့ဘက်တွေကိုလည်း ပိတ်ထားတယ်။
မေး-ပိတ်ထားတာ ဘယ်လောက်ကြာပြီလဲခင်ဗျ။
ဖြေ-အားလုံး (၇)ရက် (၈)ရက်လောက်ရှိပြီ။ ဇွန်လ (၁၇)ရက်က စပြီးပိတ်ထားတာ။ (၁)ပတ်ကျော် လောက်ရှိသွားပြီ။ ကားလမ်းက မန္တလေးနဲ့ ရွှေဘိုကို (၂)နာရီလောက်ပဲသွားရမယ့်ခရီးက မနက်(၆)နာရီ လောက်တည်းကထွက်ရင် ညနေ(၄)နာရီမှ မန္တလေးရောက်တယ်။ အကုန်လုံးက ထမင်းထုပ်နဲ့သွားနေ ကြရတယ်။ ကျွန်တော်ကိုယ်တိုင် ထမင်းထုပ်နဲ့သွားရတာ။ သူတို့ပိတ်ထားလို့ပဲ သွားလို့လာလို့မရတာ။
မေး- ရွှေဘိုတစ်နယ်လုံးကို PDF တွေကြီးစိုးနေတဲ့သဘောပေါ့။
ဖြေ-ဟုတ်ပါတယ်။ တစ်နယ်လုံးကို သူတို့ပဲ ကြီးစိုးနေတာ။ ကျေးရွာတိုင်း၊ ကျေးရွာတိုင်းမှာက သူတို့ကို မကြိုက်တဲ့သူတွေရှိသလို ကြိုက်တဲ့သူတွေလည်းရှိတာပေါ့။ မကြိုက်တဲ့သူတွေကတော့ ခေါင်းငုံ့ခံနေရ တာပေါ့။ တကယ့်ကို ခေါင်းမော့တောင်မကြည့်ရဲဘူး ဗျာ။ သူတို့မှာက လက်နက်တွေနဲ့လေ။ နောက်ပြီး တော့သွားမယ်ဆိုရင်လည်း ရွှေဘိုကနေ ဆားတောင်ထိပဲ သွားလို့ရတာ။ အဲဒီနောက်သွားလို့မရပြန်ဘူး။ အုန်းတောလမ်းကလည်း သွားလို့မရဘူး။ အဲဒီတော့ ထီးဆောင်းဘက်ကနေပတ်သွားရပြန်ရော။ ရွာသာ ကြီးကနေ ထီးဆောင်းထိသွား၊ အဲဒီကနေ အုန်းတော ဘက်ကနေသွားရတာပေါ့။ အရင်တုန်းက အဲဒီလမ်း တွေကမသွားဘူး။ အခုမှသွားနေရတာ။ ကားသမားတွေကလည်း အဲဒီလမ်းတွေကသွားနေရတော့ မနက် လင်းတာနဲ့ခရီးသွားဖို့ ကားကပျက်နေပြန်ရော။ အဲဒီလိုလမ်းရှိနေတယ်။
မေး-မန္တလေး-ရွှေဘိုလမ်းမကြီးက တောက်လျှောက်သွားလို့မရတော့တာလား။
ဖြေ-ဟုတ်တယ်ခင်ဗျ။ အဲဒီလမ်းက သွားလို့မရဘူး။ ဗျူဟာလမ်းဘက် ပတ်သွားမယ်ဆိုရင်လည်း သွား လို့ မရတော့ဘူး။ အဲဒီမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်း သွားလို့လာလို့မရဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး Emergemcy case တွေသွားဖို့ဆိုရင်လည်း လမ်းတွေက တောက်လျှောက်ပိတ်ထားတဲ့ အတွက် သွားလို့ကိုမရတော့ဘူး။ ရွှေဘိုမှာလည်း ဆေးရုံရှိတယ်ဆိုပေမယ့် သူတို့မနိုင်တဲ့ရောဂါတွေကျ တော့ တော်တော့်ကို ဒုက္ခရောက်တယ်။ အပေါ်ယံလောက်က ကိစ္စမရှိပေမယ့် Emergency တွေကျ တော့ မရတော့ဘူးလေ။
မေး-ဟုတ်ကဲ့။ PDFတွေတော်တော်များများကြီးစိုးထားတော့ စီးပွားရေးလုပ်ငန်းတွေမှာကော လုပ်ကိုင် ရတာအဆင်ပြေလား။ ဘယ်လိုအခက်အခဲတွေရှိနေလဲ။
ဖြေ- အခက်အခဲတွေကတော့ ရှိတာပေါ့။ အဲဒီလို PDF တွေက လမ်းတွေပိတ်ထားတော့ မြေဆီဈေး၊ ပိုးသတ်ဆေးကအစ အကုန်ဈေးကြီးနေတယ်။ ပြောပြရရင် အရင်က ကျပ်(၃၀ဝဝ)တန်က အခု (၇၀ဝဝ) ကနေ (၁၀ဝဝဝ)အထိဖြစ်သွားတာလေ။ ပြည်သူတွေကတော့ တော်တော်လေးကို ကသိကအောက်နဲ့ ဒုက္ခရောက်ကြတာ။ သွင်းအားစုတွေက အကုန်ဈေးတက်ကုန်ကြတာပေါ့။
မေး-အဲဒီလိုတွေဖြစ်တော့ တခြားစီးပွားရေးပြောင်းလုပ်ကြတာတွေရှိလား။
ဖြေ-ဒီမှာက အဲဒီလိုလည်းအခြားစီးပွားရေးပြောင်းလုပ်လို့မရဘူးဗျ။ တော်တော်ကို အခြေအနေဆိုးတာ။ ဆန်စက်ပိုင်ရှင်တွေတောင်မှ PDF က သိန်း(၂၀ဝ)အတောင်းခံရတာနဲ့ သိန်း (၃၀ဝ) အတောင်းခံရတာနဲ့ အဲဒီလိုတွေလည်းရှိတယ်။ အခြားအိမ်တွေဆိုရင်လည်း ဒီလိုပဲတောင်းနေတော့ ဓားပြတိုက်သလိုဖြစ်နေ တာပေါ့။
မေး-ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ကော PDF တွေကြီးစိုးတော့ ဘယ်လိုအခက်အခဲတွေရှိနေလဲ။ စိုးရိမ်စိတ်တွေတော်တော်မြင့်တက်နေလား။
ဖြေ-ဌာနဆိုင်ရာဝန်ထမ်းတွေကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ခရီးသွားလာဖို့အဆင်မပြေဘူး။ လမ်း မှာက မှတ်ပုံတင်စစ်ဘာစစ်နဲ့ဆိုတော့ သွားမယ်ဆိုတော့ လမ်းမှာတစ်ခါတည်း အသတ်ခံရတာတွေ လည်းရှိတယ်။ တစ်ခါတလေကျတော့ ပြည်သူတွေ ကားတွေကို သိမ်းလိုသိမ်းနဲ့ သူတို့လုပ်ချင်ရာတွေ လုပ်နေတာ။ နောက်ပြီး ပရဟိတကားတွေကို သိမ်းလိုသိမ်းပြီးရင် အဲဒီကားတွေကိုပဲ PDF တွေတင်ပြီး သုံးလိုသုံးနဲ့ ဖြစ်ချင်တိုင်းကိုဖြစ်နေကြတာ။ ကျွန်တော်တို့ပြည်သူတွေကတော့ တော်တော်ကိုခက်ခဲ နေတာ။ အစိုးရဝန်ထမ်းတွေဆိုရင် တော်တော်ကို ဂရုစိုက်သွားရတယ်။ ဝန်ထမ်းကတ်တွေဘာတွေနဲ့ ခရီးသွားရင် ဖွက်သွားရတယ်။
မေး-အခု အင်တာဗျူးမေးနေရတာတောင် ဖုန်းလိုင်းက မကောင်းဘူးနော်။ ဆက်သွယ်ရေးလိုင်းတွေ ကော ဘယ်လိုအခြေနေရှိလဲ။
ဖြေ-မပြေပါဘူးခင်ဗျ။ MPT ကတော့ ကြောင်တောင်တောင်တွေဖြစ်နေပြီ။ ဖုန်းပြောလို့တောင် မကောင်း ဘူး။ ကျွန်တော်တို့ဘက်မှာ Ooredoo နဲ့ Telenor လောက်ပဲသုံးရတာနည်းနည်း အဆင်ပြေတာ။ အခု ဆိုရင် ဆက်သွယ်ရေးကအစတော်တော်ကို မကောင်းတော့ဘူး။
မေး-ရွှေဘိုနဲ့အနီးက တခြားမြို့နယ်တွေလည်း ဒီလိုပဲလားခင်ဗျ။
ဖြေ-ဟုတ်တယ်။ အဲဒီအတိုင်းတွေချည်းပဲ။ အကုန်လုံး အဆင်မပြေတာ။ ရွှေဘိုကနေ ခင်ဦး၊ ကန့်ကလူ၊ ကျွန်းလှဘက်လည်း သွားလို့မရဘူး။ အဲဒီတော့ ဘယ်မှလည်းသွားလို့မရတော့ဘူးပေါ့။ စီးပွားရေးက အဆင်မပြေတော့ စိတ်ဒဏ်ရာတွေရကုန်ပြီ။ အကုန်ဒုက္ခရောက်ကုန်ပြီ။
မေး-အခုနောက်ပိုင်း ရွှေဘိုဘက်မှာ PDF တွေရဲ့ လှုပ်ရှားမှုက ပိုများလာတယ်လို့ပြောလို့ရလား။
ဖြေ-များလာတာပေါ့ဗျာ။ အဆိုးဆုံးကတော့ ရုန်းပင်တို့ ဆားလင်းကြီးတို့ဘက်မှာဆိုးနေတော့ စစ် ကြောင်းက အဲဒီဘက်တိုးနေတော့ ဒီဘက်ကိုသိပ်ပြီး မတိုးနိုင်ဘူးဖြစ်နေတာ။ ကျွန်တော်တို့ဘက်က လမ်း အားလုံးမှာကလည်း မိုင်းတွေချည်းပဲ။ ရွှေဘို-စစ်ကိုင်းလမ်းတောက်လျှောက်မှာလည်း မိုင်းတွေ ရှိတယ်။
မေး- မိုင်းဆိုလို့ ဒေသတွင်းကျေးရွာတွေမှာကော မိုင်း အန္တရာယ်စိုးရိမ်ရလား။ စိုက်ပျိုးရာသီဆိုတော့ လယ်ယာစိုက်ပျိုးရေးမှာ မိုင်းတွေကြောင့် အခက်အခဲတွေရှိနေလား။
ဖြေ-ရှိတာပေါ့ဗျာ။ တချို့ဆိုရင် မသွားရမလာရဘူးဆိုပြီးပိတ်ထားတာတွေရှိတယ်။ ရွာတွေဆိုရင်လည်း ညမထွက်ရဘူးဆိုပြီး အမိန့်တွေပေးတယ်။ နောက်ပြီးတော့ ဘယ်ကလူတွေကို ဖမ်းလာတာလဲမသိဘူး သတ်ကြဖြတ်ကြတာတွေလည်းရှိတယ်။ အဲဒါတွေကိုလည်းတွေ့နေရတော့ ကျွန်တော်တို့ကတော့ စိတ် မချမ်းသာဘူး။
မေး-နောက်ပြီး ရွာဘက်တွေမှာ PDF တွေဝင်ရောက်ကြီးစိုးခြယ်လှယ်မှုက တော်တော်အခြေအနေ ဆိုး လာနေလား။
ဖြေ- တော်တော်ကိုဝင်ပြီးလုပ်ချင်တာလုပ်နေတာ။ လက်နက်ကိုင်ထားတော့ကြောက်ရတာပေါ့ဗျာ။ ထမင်းတွေ ချက်ခိုင်းလိုက်၊ ဆန်မရှိလို့ ဆန်လှူပါဦးဆိုပြီး ဆန်လှူခိုင်းပြန်တယ်။ ကြာတော့ ပြည်သူတွေ က စိတ်ညစ်လာပြီ။ ထမင်းချက်ခိုင်းတယ်။ ဆန်တွေလည်း တစ်ခါတလေ ပေးရပြန်တယ်။ ပိုက်ဆံလည်း ပေးရတယ်။ မပေးဘူးပြောရင်လည်း ဒလန်ဆိုပြီး စွပ်စွဲခံရမယ်။ အသတ်ခံရဦးမယ်။ ကြောက်လို့ပေးရ ပြန်ရင်လည်း အကြမ်းဖက်အားပေးဆိုပြီး လုပ်ဦးမယ်။ ကြားညပ်နေတဲ့ဘဝတွေပါ။ နောက်ပြီးရွာတွေမှာ သူတို့သိမ်းထားတဲ့လယ်တွေကို သူတို့ပဲလုပ်တာ။ ကျန်တဲ့သူအလုပ်မခံဘူး။ ကျန်တဲ့သူတွေလုပ်ရင် လည်းသတ်တယ်။ ဖြတ်တယ်ဆိုတော့ ဘယ်သူက လုပ်ရဲမှာလဲ။ အဲဒီလိုတွေလည်းရှိတယ်။
မေး-ရှေ့မှာပြောခဲ့တဲ့အထဲမှာ လမ်းတွေပိတ်ထားခံရတော့ ကုန်ဈေးနှုန်းအပေါ်ရိုက်ခတ်မှုကကော ဘယ်လိုရှိလဲခင်ဗျ။
ဖြေ-ဈေးကတော့ (၂)ဆတက်သွားတာ။ အရောင်းအဝယ်ပိုင်းမှာဆိုရင် နှမ်းဆိုရင်လည်း နှမ်းတွေရောင်း လို့မရတာတွေ။ စပါးတွေလည်း ရောင်းလို့မရတာ တွေနဲ့ ဆန်လည်းတူတူပဲ ရောင်းမရဘူး။ တောင်သူ တွေက ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့လယ်တွေ ယာတွေကထွက်တဲ့ သီးနှံတွေရောင်းနိုင်မှသာလျှင် ပြန်ပြီးတော့ အရင်းအနှီးလုပ်ရတာကိုး။ အဲဒီတော့ ပြန်ပြီးတော့ မရင်းနိုင်တော့ဘူး။ ရွှေဘိုပေါ်ဆန်း ဆိုပြီး နာမည်ကြီးခဲ့တဲ့ဒေသက အခုလယ်ယာလုပ်ဖို့တောင် တော်တော်ကိုအခက်အခဲဖြစ်နေပြီ။
မေး- အခုက ကျောင်းဖွင့်ရာသီရောက်နေပြီဆိုတော့ ပညာရေးပိုင်းမှာကော ကျောင်းတွေစာသင်ကြားရ တဲ့အခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ-ဒေသတွင်းကျောင်းတွေကို ရွာဘက်က ကျောင်းတွေက တော်တော်များများက NUG ကသင်တယ် ဆိုတဲ့ကျောင်းတွေ ဖြစ်နေကြပြီ။ ရွာတိုင်းရွာတိုင်းမှာက NUG ကသင်တဲ့ ကျောင်းတွေကပေးတဲ့ အောင် လက်မှတ်တွေကအဆင်မပြေတော့ အဲဒီကလေးတွေက မြို့ပေါ်ကျောင်းတွေမှာ ပြန်ပြောင်းတက်နေရ တာတွေလည်းရှိတယ်။ အဲဒါကတော့ လက်တွေ့ပါ။ နောက်ပြီး လက်တွေ့တစ်ခုက ရွာဘက်က PDF တွေ ကြီးစိုးတဲ့ရွာက ကလေးတွေက NUG ကျောင်းတွေတက်တယ်။ အဲဒီမှာ သူတို့အောင်လက်မှတ်တွေ က အလုပ်မဖြစ်တဲ့အခါမှာ ရွှေဘိုကကျောင်းတွေမှာ အောင်လက်မှတ်တွေယူ။ အဲဒီအောင်လက်မှတ် ကလည်း အတုတွေ။ အဲဒါတွေနဲ့ တခြားကျောင်းတွေမှာ ပြန်ထား။ အဲဒါတွေကလည်း တချို့လူတွေ လုပ် ကြတာပေါ့။ အဲဒီလိုဆိုတော့ အရင်က NUG ကျောင်းတက်ပြီးတော့ (၁၂)တန်းဆိုပြီးရောက်လာတဲ့ ကလေးတွေကလည်း ဒီဘက်က (၁၂)တန်း ကလေး တွေနဲ့ သွားတူနေရော။ မြို့နယ် ပညာရေးမှူးတွေ ကလည်း မျက်ကွယ်ပြုထားသလိုဖြစ်နေတယ်။ ကိုယ်ပိုင်ကျောင်းတွေကလည်း သေချာမသိတော့ လက် သင့်ခံရင်း ဒုက္ခရောက်တာပေါ့။ တချို့က အစိုးရကျောင်းက လက်မှတ်ရရင်ပြီးရောဆိုပြီးလုပ်ပြီးနိုင်ငံခြား ထွက်မယ်ဆိုပြီးလုပ်တဲ့သူတွေလည်းရှိလာတာပေါ့။ အကြံအဖန်တွေလည်းရှိတယ်။ တဖြည်းဖြည်းနဲ့ အဲဒီ လိုတွေလည်းများလာတာ။
မေး-နောက်ပြီး လက်ရှိကျောင်းတက်နေတဲ့ကလေးတွေကကော အဆင်ပြေကြလား။ သွားရေးလာရေးနဲ့ လုံခြုံရေးပိုင်းမှာကော အခက်ခဲတွေရှိလား။
ဖြေ-ဘယ်အဆင်ပြေမလဲဗျာ။ ဒီလိုပဲ သွားလာတက် နေရတာပေါ့။ အဲဒီမှာ ရွာဘက်ကလေးတွေက မြို့က အစိုးရကျောင်းကိုသွားတက်တယ်ဆိုရင်လည်း မိဘတွေကိုမကြည်ဘူး။ မကြည်လည်း မတတ်နိုင်ဘူး လေ။ သွားထားရမှာကိုး။ NUG ကျောင်းတွေမှာ မတက်ချင်လို့ ကျောင်းထွက်တဲ့ကလေးတွေလည်း အများကြီးပဲ။
မေး- အဲဒီကလေးတွေကကောဘယ်လိုအလုပ်တွေ လုပ်နေကြရလဲ။ တချို့သော PDF တွေကြီးစိုးတဲ့ ဒေသတွေမှာဆိုရင် သူတို့ထိန်းချုပ်ထားတဲ့ ရေနံမှော်တွေမှာလုပ်နေရတာတွေရှိတော့ အဲဒီဘက်က လေးတွေကောသွားလုပ်နေကြတာရှိလား။
ဖြေ-ရှိတာပေါ့ဗျာ။ အများကြီးသွားလုပ်နေတာတွေတွေ့နေရတာပါပဲ။ အကုန်လုံးက ဗရမ်းဗတာတွေဖြစ် ကုန်ကြတာပေါ့။
မေး-ပညာရေးဝန်ထမ်းတွေကကော လုံခြုံရေးအနေနဲ့ စိတ်ပူနေရလား။ ရှေ့မှာလည်း ညောင်ဦးနဲ့ နတ် မောက်ဘက်မှာ ဒီနှစ်ကျောင်းဖွင့်ရာသီ ဆရာ၊ ဆရာမတွေကို PDF တွေက သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေ လည်းရှိနေတော့လေ။
ဖြေ- လုံခြုံရေးကတော့ မပေးနိုင်တာအများကြီးရှိတာပေါ့။ ဆရာ၊ ဆရာမကြီးတွေလည်း အမြဲတမ်းခြိမ်း ခြောက်ခံနေရတာ။ စိုးရိမ်စိတ်တွေတော့ရှိနေတာပေါ့ ဗျာ။ ပြောရရင်တော့ နှစ်ခွနင်းနေရတာပေါ့။ ဟို ဘက် (PDF) လည်းကြောက်ရတော့ ဟိုဘက်ပါသလိုနေရတာပေါ့။ ဒီဘက်ကလည်း လုံခြုံရေးကလည်း မပေးနိုင်တော့ စိတ်ပူရတာပေါ့။ ရှေ့ကာလတွေမှာလည်း ရွှေဘိုမှာက ပညာရေးဝန်ထမ်းတွေ သတ်ဖြတ် ခံရတာတွေ ရှိခဲ့တယ်လေ။ အဲဒါကြောင့်လည်း ကြောက်နေရတာပေါ့။ ပညာရေး ဝန်ထမ်းပဲ မဟုတ်ဘူး။ ကျန်းမာရေး ဝန်ထမ်းတွေလည်း ခြိမ်းခြောက်ခံရတယ်။ ကိုယ့်လောက်တောင် ပညာမတတ်တဲ့လူတွေ က ကိုယ့်ကိုပြန်ပြီး လက်နက်နဲ့ခြိမ်းခြောက်နေတာ။ ရင်နာစရာကောင်းတာပေါ့ဗျာ။ အဓိကက ရွှေဘို-စစ်ကိုင်းလမ်းကို ပြန်ပွင့်အောင်ရှင်းမှရမှာပါ။
မေး-ရွှေဘို-စစ်ကိုင်းလမ်းမှာ PDF ဂိတ်တွေတော်တော်များလားခင်ဗျ။
ဖြေ-များတာပေါ့ဗျာ။ PDF ဂိတ်ပေါင်း(၃၀)ကျော် (၄၀)လောက်ရှိတယ်။ ကုန်ကားသမားတွေဆိုရင် ကျပ်(၁)သိန်းခွဲ။ ဆီဘောက်ဆာကားတွေဆိုရင် (၁၅)သိန်း၊ သိန်း(၂၀) အဲဒီလောက်ထိတောင်းနေတာ။ တော်တော်ကို ဆိုးရွားနေတာ။ တခြားအပိုင်းတွေမှာလည်းငွေတောင်းခံရတာတွေရှိတယ်။ ဟိုတစ်လော ကတောင်မှပဲ ကားသမားတစ်ယောက်ကို ဖမ်းခေါ်သွားပြီး သိန်း(၅၀ဝ)နဲ့ ပြန်ရွေးခိုင်းတာ။ အဲဒီလိုပဲ သိန်း (၅၀ဝ)၊ သိန်း(၁၀ဝဝ)နဲ့ ပြန်ရွေးရတာ တွေအများကြီးပဲ။ တချို့ဆို ကားပါအစဖျောက်ခံလိုက်ရတာတွေ လည်းရှိတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
zawgyi version
ငါးမည္ရ ေဒသမွ အခက္ႀကဳံဘဝမ်ား
သန႔္ဇင္ (NP News) - ဇူလိုင္ ၂
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္အတြင္းမွ ေက်း႐ြာမ်ားစြာတြင္ PDF အဖြဲ႕တို႔ ေျခကုပ္ယူ ႀကီးစိုးေနလ်က္ရွိရာ ေဒသခံမ်ားစြာတို႔မွာ ပညာေရး၊ စီးပြားေရး၊ လူမႈေရးအပါအဝင္ အဘက္ဘက္မွ ထိခိုက္နစ္နာမႈမ်ားျဖစ္ပြားေနသည္။ ယင္းအျပင္ ဘူးေလးရာဖ႐ုံဆင့္ဆိုသကဲ့သို႔ လမ္းပန္းဆက္သြယ္ ေရးကလည္း စိတ္ခ်ရမႈမရွိပါ။ အဆိုပါ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေ႐ႊဘိုၿမိဳ႕ခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး-ေ႐ႊဘိုၿမိဳ႕နယ္အတြင္းမွာ လက္ရွိဘယ္လိုအေျခအေနေတြျဖစ္ေနလဲ အရင္ဆုံးသိပါရေစ ခင္ဗ်ာ။
ေျဖ- လက္ရွိအေျခအေနကေတာ့ ေဘးပတ္ဝန္းက်င္ေတြက အကုန္လုံးက PDF နယ္ေျမေတြခ်ည္းပဲ ေလ။ PDF နယ္ေျမေတြဆိုေတာ့ ကြၽန္ေတာ္တို႔ျပည္သူေတြ ဒုကၡေတာ္ေတာ္ေရာက္ေနၾကတယ္။ ဘာ ေၾကာင့္ ဒုကၡေရာက္လဲဆိုေတာ့ အခုထိလမ္းေၾကာင္းေတြမဖြင့္ေသးဘူး။ PDF က ပိတ္ထားတာေလ။ စလင္းႀကီးတို႔ဘက္ေတြကိုလည္း ပိတ္ထားတယ္။
ေမး-ပိတ္ထားတာ ဘယ္ေလာက္ၾကာၿပီလဲခင္ဗ်။
ေျဖ-အားလုံး (၇)ရက္ (၈)ရက္ေလာက္ရွိၿပီ။ ဇြန္လ (၁၇)ရက္က စၿပီးပိတ္ထားတာ။ (၁)ပတ္ေက်ာ္ ေလာက္ရွိသြားၿပီ။ ကားလမ္းက မႏၲေလးနဲ႔ ေ႐ႊဘိုကို (၂)နာရီေလာက္ပဲသြားရမယ့္ခရီးက မနက္(၆)နာရီ ေလာက္တည္းကထြက္ရင္ ညေန(၄)နာရီမွ မႏၲေလးေရာက္တယ္။ အကုန္လုံးက ထမင္းထုပ္နဲ႔သြားေန ၾကရတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ ထမင္းထုပ္နဲ႔သြားရတာ။ သူတို႔ပိတ္ထားလို႔ပဲ သြားလို႔လာလို႔မရတာ။
ေမး- ေ႐ႊဘိုတစ္နယ္လုံးကို PDF ေတြႀကီးစိုးေနတဲ့သေဘာေပါ့။
ေျဖ-ဟုတ္ပါတယ္။ တစ္နယ္လုံးကို သူတို႔ပဲ ႀကီးစိုးေနတာ။ ေက်း႐ြာတိုင္း၊ ေက်း႐ြာတိုင္းမွာက သူတို႔ကို မႀကိဳက္တဲ့သူေတြရွိသလို ႀကိဳက္တဲ့သူေတြလည္းရွိတာေပါ့။ မႀကိဳက္တဲ့သူေတြကေတာ့ ေခါင္းငုံ႔ခံေနရ တာေပါ့။ တကယ့္ကို ေခါင္းေမာ့ေတာင္မၾကည့္ရဲဘူး ဗ်ာ။ သူတို႔မွာက လက္နက္ေတြနဲ႔ေလ။ ေနာက္ၿပီး ေတာ့သြားမယ္ဆိုရင္လည္း ေ႐ႊဘိုကေန ဆားေတာင္ထိပဲ သြားလို႔ရတာ။ အဲဒီေနာက္သြားလို႔မရျပန္ဘူး။ အုန္းေတာလမ္းကလည္း သြားလို႔မရဘူး။ အဲဒီေတာ့ ထီးေဆာင္းဘက္ကေနပတ္သြားရျပန္ေရာ။ ႐ြာသာ ႀကီးကေန ထီးေဆာင္းထိသြား၊ အဲဒီကေန အုန္းေတာ ဘက္ကေနသြားရတာေပါ့။ အရင္တုန္းက အဲဒီလမ္း ေတြကမသြားဘူး။ အခုမွသြားေနရတာ။ ကားသမားေတြကလည္း အဲဒီလမ္းေတြကသြားေနရေတာ့ မနက္ လင္းတာနဲ႔ခရီးသြားဖို႔ ကားကပ်က္ေနျပန္ေရာ။ အဲဒီလိုလမ္းရွိေနတယ္။
ေမး-မႏၲေလး-ေ႐ႊဘိုလမ္းမႀကီးက ေတာက္ေလွ်ာက္သြားလို႔မရေတာ့တာလား။
ေျဖ-ဟုတ္တယ္ခင္ဗ်။ အဲဒီလမ္းက သြားလို႔မရဘူး။ ဗ်ဴဟာလမ္းဘက္ ပတ္သြားမယ္ဆိုရင္လည္း သြား လို႔ မရေတာ့ဘူး။ အဲဒီမွာ က်န္းမာေရးနဲ႔ပတ္သက္ၿပီးေတာ့လည္း သြားလို႔လာလို႔မရဘူး။ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး Emergemcy case ေတြသြားဖို႔ဆိုရင္လည္း လမ္းေတြက ေတာက္ေလွ်ာက္ပိတ္ထားတဲ့ အတြက္ သြားလို႔ကိုမရေတာ့ဘူး။ ေ႐ႊဘိုမွာလည္း ေဆး႐ုံရွိတယ္ဆိုေပမယ့္ သူတို႔မႏိုင္တဲ့ေရာဂါေတြက် ေတာ့ ေတာ္ေတာ့္ကို ဒုကၡေရာက္တယ္။ အေပၚယံေလာက္က ကိစၥမရွိေပမယ့္ Emergency ေတြက် ေတာ့ မရေတာ့ဘူးေလ။
ေမး-ဟုတ္ကဲ့။ PDFေတြေတာ္ေတာ္မ်ားမ်ားႀကီးစိုးထားေတာ့ စီးပြားေရးလုပ္ငန္းေတြမွာေကာ လုပ္ကိုင္ ရတာအဆင္ေျပလား။ ဘယ္လိုအခက္အခဲေတြရွိေနလဲ။
ေျဖ- အခက္အခဲေတြကေတာ့ ရွိတာေပါ့။ အဲဒီလို PDF ေတြက လမ္းေတြပိတ္ထားေတာ့ ေျမဆီေဈး၊ ပိုးသတ္ေဆးကအစ အကုန္ေဈးႀကီးေနတယ္။ ေျပာျပရရင္ အရင္က က်ပ္(၃၀ဝဝ)တန္က အခု (၇၀ဝဝ) ကေန (၁၀ဝဝဝ)အထိျဖစ္သြားတာေလ။ ျပည္သူေတြကေတာ့ ေတာ္ေတာ္ေလးကို ကသိကေအာက္နဲ႔ ဒုကၡေရာက္ၾကတာ။ သြင္းအားစုေတြက အကုန္ေဈးတက္ကုန္ၾကတာေပါ့။
ေမး-အဲဒီလိုေတြျဖစ္ေတာ့ တျခားစီးပြားေရးေျပာင္းလုပ္ၾကတာေတြရွိလား။
ေျဖ-ဒီမွာက အဲဒီလိုလည္းအျခားစီးပြားေရးေျပာင္းလုပ္လို႔မရဘူးဗ်။ ေတာ္ေတာ္ကို အေျခအေနဆိုးတာ။ ဆန္စက္ပိုင္ရွင္ေတြေတာင္မွ PDF က သိန္း(၂၀ဝ)အေတာင္းခံရတာနဲ႔ သိန္း (၃၀ဝ) အေတာင္းခံရတာနဲ႔ အဲဒီလိုေတြလည္းရွိတယ္။ အျခားအိမ္ေတြဆိုရင္လည္း ဒီလိုပဲေတာင္းေနေတာ့ ဓားျပတိုက္သလိုျဖစ္ေန တာေပါ့။
ေမး-ဌာနဆိုင္ရာဝန္ထမ္းေတြအေနနဲ႔ေကာ PDF ေတြႀကီးစိုးေတာ့ ဘယ္လိုအခက္အခဲေတြရွိေနလဲ။ စိုးရိမ္စိတ္ေတြေတာ္ေတာ္ျမင့္တက္ေနလား။
ေျဖ-ဌာနဆိုင္ရာဝန္ထမ္းေတြကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ခရီးသြားလာဖို႔အဆင္မေျပဘူး။ လမ္း မွာက မွတ္ပုံတင္စစ္ဘာစစ္နဲ႔ဆိုေတာ့ သြားမယ္ဆိုေတာ့ လမ္းမွာတစ္ခါတည္း အသတ္ခံရတာေတြ လည္းရွိတယ္။ တစ္ခါတေလက်ေတာ့ ျပည္သူေတြ ကားေတြကို သိမ္းလိုသိမ္းနဲ႔ သူတို႔လုပ္ခ်င္ရာေတြ လုပ္ေနတာ။ ေနာက္ၿပီး ပရဟိတကားေတြကို သိမ္းလိုသိမ္းၿပီးရင္ အဲဒီကားေတြကိုပဲ PDF ေတြတင္ၿပီး သုံးလိုသုံးနဲ႔ ျဖစ္ခ်င္တိုင္းကိုျဖစ္ေနၾကတာ။ ကြၽန္ေတာ္တို႔ျပည္သူေတြကေတာ့ ေတာ္ေတာ္ကိုခက္ခဲ ေနတာ။ အစိုးရဝန္ထမ္းေတြဆိုရင္ ေတာ္ေတာ္ကို ဂ႐ုစိုက္သြားရတယ္။ ဝန္ထမ္းကတ္ေတြဘာေတြနဲ႔ ခရီးသြားရင္ ဖြက္သြားရတယ္။
ေမး-အခု အင္တာဗ်ဴးေမးေနရတာေတာင္ ဖုန္းလိုင္းက မေကာင္းဘူးေနာ္။ ဆက္သြယ္ေရးလိုင္းေတြ ေကာ ဘယ္လိုအေျခေနရွိလဲ။
ေျဖ-မေျပပါဘူးခင္ဗ်။ MPT ကေတာ့ ေၾကာင္ေတာင္ေတာင္ေတြျဖစ္ေနၿပီ။ ဖုန္းေျပာလို႔ေတာင္ မေကာင္း ဘူး။ ကြၽန္ေတာ္တို႔ဘက္မွာ Ooredoo နဲ႔ Telenor ေလာက္ပဲသုံးရတာနည္းနည္း အဆင္ေျပတာ။ အခု ဆိုရင္ ဆက္သြယ္ေရးကအစေတာ္ေတာ္ကို မေကာင္းေတာ့ဘူး။
ေမး-ေ႐ႊဘိုနဲ႔အနီးက တျခားၿမိဳ႕နယ္ေတြလည္း ဒီလိုပဲလားခင္ဗ်။
ေျဖ-ဟုတ္တယ္။ အဲဒီအတိုင္းေတြခ်ည္းပဲ။ အကုန္လုံး အဆင္မေျပတာ။ ေ႐ႊဘိုကေန ခင္ဦး၊ ကန႔္ကလူ၊ ကြၽန္းလွဘက္လည္း သြားလို႔မရဘူး။ အဲဒီေတာ့ ဘယ္မွလည္းသြားလို႔မရေတာ့ဘူးေပါ့။ စီးပြားေရးက အဆင္မေျပေတာ့ စိတ္ဒဏ္ရာေတြရကုန္ၿပီ။ အကုန္ဒုကၡေရာက္ကုန္ၿပီ။
ေမး-အခုေနာက္ပိုင္း ေ႐ႊဘိုဘက္မွာ PDF ေတြရဲ႕ လႈပ္ရွားမႈက ပိုမ်ားလာတယ္လို႔ေျပာလို႔ရလား။
ေျဖ-မ်ားလာတာေပါ့ဗ်ာ။ အဆိုးဆုံးကေတာ့ ႐ုန္းပင္တို႔ ဆားလင္းႀကီးတို႔ဘက္မွာဆိုးေနေတာ့ စစ္ ေၾကာင္းက အဲဒီဘက္တိုးေနေတာ့ ဒီဘက္ကိုသိပ္ၿပီး မတိုးႏိုင္ဘူးျဖစ္ေနတာ။ ကြၽန္ေတာ္တို႔ဘက္က လမ္း အားလုံးမွာကလည္း မိုင္းေတြခ်ည္းပဲ။ ေ႐ႊဘို-စစ္ကိုင္းလမ္းေတာက္ေလွ်ာက္မွာလည္း မိုင္းေတြ ရွိတယ္။
ေမး- မိုင္းဆိုလို႔ ေဒသတြင္းေက်း႐ြာေတြမွာေကာ မိုင္း အႏၲရာယ္စိုးရိမ္ရလား။ စိုက္ပ်ိဳးရာသီဆိုေတာ့ လယ္ယာစိုက္ပ်ိဳးေရးမွာ မိုင္းေတြေၾကာင့္ အခက္အခဲေတြရွိေနလား။
ေျဖ-ရွိတာေပါ့ဗ်ာ။ တခ်ိဳ႕ဆိုရင္ မသြားရမလာရဘူးဆိုၿပီးပိတ္ထားတာေတြရွိတယ္။ ႐ြာေတြဆိုရင္လည္း ညမထြက္ရဘူးဆိုၿပီး အမိန႔္ေတြေပးတယ္။ ေနာက္ၿပီးေတာ့ ဘယ္ကလူေတြကို ဖမ္းလာတာလဲမသိဘူး သတ္ၾကျဖတ္ၾကတာေတြလည္းရွိတယ္။ အဲဒါေတြကိုလည္းေတြ႕ေနရေတာ့ ကြၽန္ေတာ္တို႔ကေတာ့ စိတ္ မခ်မ္းသာဘူး။
ေမး-ေနာက္ၿပီး ႐ြာဘက္ေတြမွာ PDF ေတြဝင္ေရာက္ႀကီးစိုးျခယ္လွယ္မႈက ေတာ္ေတာ္အေျခအေန ဆိုး လာေနလား။
ေျဖ- ေတာ္ေတာ္ကိုဝင္ၿပီးလုပ္ခ်င္တာလုပ္ေနတာ။ လက္နက္ကိုင္ထားေတာ့ေၾကာက္ရတာေပါ့ဗ်ာ။ ထမင္းေတြ ခ်က္ခိုင္းလိုက္၊ ဆန္မရွိလို႔ ဆန္လႉပါဦးဆိုၿပီး ဆန္လႉခိုင္းျပန္တယ္။ ၾကာေတာ့ ျပည္သူေတြ က စိတ္ညစ္လာၿပီ။ ထမင္းခ်က္ခိုင္းတယ္။ ဆန္ေတြလည္း တစ္ခါတေလ ေပးရျပန္တယ္။ ပိုက္ဆံလည္း ေပးရတယ္။ မေပးဘူးေျပာရင္လည္း ဒလန္ဆိုၿပီး စြပ္စြဲခံရမယ္။ အသတ္ခံရဦးမယ္။ ေၾကာက္လို႔ေပးရ ျပန္ရင္လည္း အၾကမ္းဖက္အားေပးဆိုၿပီး လုပ္ဦးမယ္။ ၾကားညပ္ေနတဲ့ဘဝေတြပါ။ ေနာက္ၿပီး႐ြာေတြမွာ သူတို႔သိမ္းထားတဲ့လယ္ေတြကို သူတို႔ပဲလုပ္တာ။ က်န္တဲ့သူအလုပ္မခံဘူး။ က်န္တဲ့သူေတြလုပ္ရင္ လည္းသတ္တယ္။ ျဖတ္တယ္ဆိုေတာ့ ဘယ္သူက လုပ္ရဲမွာလဲ။ အဲဒီလိုေတြလည္းရွိတယ္။
ေမး-ေရွ႕မွာေျပာခဲ့တဲ့အထဲမွာ လမ္းေတြပိတ္ထားခံရေတာ့ ကုန္ေဈးႏႈန္းအေပၚ႐ိုက္ခတ္မႈကေကာ ဘယ္လိုရွိလဲခင္ဗ်။
ေျဖ-ေဈးကေတာ့ (၂)ဆတက္သြားတာ။ အေရာင္းအဝယ္ပိုင္းမွာဆိုရင္ ႏွမ္းဆိုရင္လည္း ႏွမ္းေတြေရာင္း လို႔မရတာေတြ။ စပါးေတြလည္း ေရာင္းလို႔မရတာ ေတြနဲ႔ ဆန္လည္းတူတူပဲ ေရာင္းမရဘူး။ ေတာင္သူ ေတြက ပြင့္ပြင့္လင္းလင္းေျပာရရင္ သူတို႔လယ္ေတြ ယာေတြကထြက္တဲ့ သီးႏွံေတြေရာင္းႏိုင္မွသာလွ်င္ ျပန္ၿပီးေတာ့ အရင္းအႏွီးလုပ္ရတာကိုး။ အဲဒီေတာ့ ျပန္ၿပီးေတာ့ မရင္းႏိုင္ေတာ့ဘူး။ ေ႐ႊဘိုေပၚဆန္း ဆိုၿပီး နာမည္ႀကီးခဲ့တဲ့ေဒသက အခုလယ္ယာလုပ္ဖို႔ေတာင္ ေတာ္ေတာ္ကိုအခက္အခဲျဖစ္ေနၿပီ။
ေမး- အခုက ေက်ာင္းဖြင့္ရာသီေရာက္ေနၿပီဆိုေတာ့ ပညာေရးပိုင္းမွာေကာ ေက်ာင္းေတြစာသင္ၾကားရ တဲ့အေျခအေနဘယ္လိုရွိပါသလဲ။
ေျဖ-ေဒသတြင္းေက်ာင္းေတြကို ႐ြာဘက္က ေက်ာင္းေတြက ေတာ္ေတာ္မ်ားမ်ားက NUG ကသင္တယ္ ဆိုတဲ့ေက်ာင္းေတြ ျဖစ္ေနၾကၿပီ။ ႐ြာတိုင္း႐ြာတိုင္းမွာက NUG ကသင္တဲ့ ေက်ာင္းေတြကေပးတဲ့ ေအာင္ လက္မွတ္ေတြကအဆင္မေျပေတာ့ အဲဒီကေလးေတြက ၿမိဳ႕ေပၚေက်ာင္းေတြမွာ ျပန္ေျပာင္းတက္ေနရ တာေတြလည္းရွိတယ္။ အဲဒါကေတာ့ လက္ေတြ႕ပါ။ ေနာက္ၿပီး လက္ေတြ႕တစ္ခုက ႐ြာဘက္က PDF ေတြ ႀကီးစိုးတဲ့႐ြာက ကေလးေတြက NUG ေက်ာင္းေတြတက္တယ္။ အဲဒီမွာ သူတို႔ေအာင္လက္မွတ္ေတြ က အလုပ္မျဖစ္တဲ့အခါမွာ ေ႐ႊဘိုကေက်ာင္းေတြမွာ ေအာင္လက္မွတ္ေတြယူ။ အဲဒီေအာင္လက္မွတ္ ကလည္း အတုေတြ။ အဲဒါေတြနဲ႔ တျခားေက်ာင္းေတြမွာ ျပန္ထား။ အဲဒါေတြကလည္း တခ်ိဳ႕လူေတြ လုပ္ ၾကတာေပါ့။ အဲဒီလိုဆိုေတာ့ အရင္က NUG ေက်ာင္းတက္ၿပီးေတာ့ (၁၂)တန္းဆိုၿပီးေရာက္လာတဲ့ ကေလးေတြကလည္း ဒီဘက္က (၁၂)တန္း ကေလး ေတြနဲ႔ သြားတူေနေရာ။ ၿမိဳ႕နယ္ ပညာေရးမႉးေတြ ကလည္း မ်က္ကြယ္ျပဳထားသလိုျဖစ္ေနတယ္။ ကိုယ္ပိုင္ေက်ာင္းေတြကလည္း ေသခ်ာမသိေတာ့ လက္ သင့္ခံရင္း ဒုကၡေရာက္တာေပါ့။ တခ်ိဳ႕က အစိုးရေက်ာင္းက လက္မွတ္ရရင္ၿပီးေရာဆိုၿပီးလုပ္ၿပီးႏိုင္ငံျခား ထြက္မယ္ဆိုၿပီးလုပ္တဲ့သူေတြလည္းရွိလာတာေပါ့။ အႀကံအဖန္ေတြလည္းရွိတယ္။ တျဖည္းျဖည္းနဲ႔ အဲဒီ လိုေတြလည္းမ်ားလာတာ။
ေမး-ေနာက္ၿပီး လက္ရွိေက်ာင္းတက္ေနတဲ့ကေလးေတြကေကာ အဆင္ေျပၾကလား။ သြားေရးလာေရးနဲ႔ လုံၿခဳံေရးပိုင္းမွာေကာ အခက္ခဲေတြရွိလား။
ေျဖ-ဘယ္အဆင္ေျပမလဲဗ်ာ။ ဒီလိုပဲ သြားလာတက္ ေနရတာေပါ့။ အဲဒီမွာ ႐ြာဘက္ကေလးေတြက ၿမိဳ႕က အစိုးရေက်ာင္းကိုသြားတက္တယ္ဆိုရင္လည္း မိဘေတြကိုမၾကည္ဘူး။ မၾကည္လည္း မတတ္ႏိုင္ဘူး ေလ။ သြားထားရမွာကိုး။ NUG ေက်ာင္းေတြမွာ မတက္ခ်င္လို႔ ေက်ာင္းထြက္တဲ့ကေလးေတြလည္း အမ်ားႀကီးပဲ။
ေမး- အဲဒီကေလးေတြကေကာဘယ္လိုအလုပ္ေတြ လုပ္ေနၾကရလဲ။ တခ်ိဳ႕ေသာ PDF ေတြႀကီးစိုးတဲ့ ေဒသေတြမွာဆိုရင္ သူတို႔ထိန္းခ်ဳပ္ထားတဲ့ ေရနံေမွာ္ေတြမွာလုပ္ေနရတာေတြရွိေတာ့ အဲဒီဘက္က ေလးေတြေကာသြားလုပ္ေနၾကတာရွိလား။
ေျဖ-ရွိတာေပါ့ဗ်ာ။ အမ်ားႀကီးသြားလုပ္ေနတာေတြေတြ႕ေနရတာပါပဲ။ အကုန္လုံးက ဗရမ္းဗတာေတြျဖစ္ ကုန္ၾကတာေပါ့။
ေမး-ပညာေရးဝန္ထမ္းေတြကေကာ လုံၿခဳံေရးအေနနဲ႔ စိတ္ပူေနရလား။ ေရွ႕မွာလည္း ေညာင္ဦးနဲ႔ နတ္ ေမာက္ဘက္မွာ ဒီႏွစ္ေက်ာင္းဖြင့္ရာသီ ဆရာ၊ ဆရာမေတြကို PDF ေတြက သတ္ျဖတ္ခဲ့တဲ့ျဖစ္စဥ္ေတြ လည္းရွိေနေတာ့ေလ။
ေျဖ- လုံၿခဳံေရးကေတာ့ မေပးႏိုင္တာအမ်ားႀကီးရွိတာေပါ့။ ဆရာ၊ ဆရာမႀကီးေတြလည္း အၿမဲတမ္းၿခိမ္း ေျခာက္ခံေနရတာ။ စိုးရိမ္စိတ္ေတြေတာ့ရွိေနတာေပါ့ ဗ်ာ။ ေျပာရရင္ေတာ့ ႏွစ္ခြနင္းေနရတာေပါ့။ ဟို ဘက္ (PDF) လည္းေၾကာက္ရေတာ့ ဟိုဘက္ပါသလိုေနရတာေပါ့။ ဒီဘက္ကလည္း လုံၿခဳံေရးကလည္း မေပးႏိုင္ေတာ့ စိတ္ပူရတာေပါ့။ ေရွ႕ကာလေတြမွာလည္း ေ႐ႊဘိုမွာက ပညာေရးဝန္ထမ္းေတြ သတ္ျဖတ္ ခံရတာေတြ ရွိခဲ့တယ္ေလ။ အဲဒါေၾကာင့္လည္း ေၾကာက္ေနရတာေပါ့။ ပညာေရး ဝန္ထမ္းပဲ မဟုတ္ဘူး။ က်န္းမာေရး ဝန္ထမ္းေတြလည္း ၿခိမ္းေျခာက္ခံရတယ္။ ကိုယ့္ေလာက္ေတာင္ ပညာမတတ္တဲ့လူေတြ က ကိုယ့္ကိုျပန္ၿပီး လက္နက္နဲ႔ၿခိမ္းေျခာက္ေနတာ။ ရင္နာစရာေကာင္းတာေပါ့ဗ်ာ။ အဓိကက ေ႐ႊဘို-စစ္ကိုင္းလမ္းကို ျပန္ပြင့္ေအာင္ရွင္းမွရမွာပါ။
ေမး-ေ႐ႊဘို-စစ္ကိုင္းလမ္းမွာ PDF ဂိတ္ေတြေတာ္ေတာ္မ်ားလားခင္ဗ်။
ေျဖ-မ်ားတာေပါ့ဗ်ာ။ PDF ဂိတ္ေပါင္း(၃၀)ေက်ာ္ (၄၀)ေလာက္ရွိတယ္။ ကုန္ကားသမားေတြဆိုရင္ က်ပ္(၁)သိန္းခြဲ။ ဆီေဘာက္ဆာကားေတြဆိုရင္ (၁၅)သိန္း၊ သိန္း(၂၀) အဲဒီေလာက္ထိေတာင္းေနတာ။ ေတာ္ေတာ္ကို ဆိုး႐ြားေနတာ။ တျခားအပိုင္းေတြမွာလည္းေငြေတာင္းခံရတာေတြရွိတယ္။ ဟိုတစ္ေလာ ကေတာင္မွပဲ ကားသမားတစ္ေယာက္ကို ဖမ္းေခၚသြားၿပီး သိန္း(၅၀ဝ)နဲ႔ ျပန္ေ႐ြးခိုင္းတာ။ အဲဒီလိုပဲ သိန္း (၅၀ဝ)၊ သိန္း(၁၀ဝဝ)နဲ႔ ျပန္ေ႐ြးရတာ ေတြအမ်ားႀကီးပဲ။ တခ်ိဳ႕ဆို ကားပါအစေဖ်ာက္ခံလိုက္ရတာေတြ လည္းရွိတယ္။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။