ယဉ်ကျေးမူအမွေအနှစ်များစွာနဲ့ ဘာစီလိုနာမြို့

 79

Pika (NP News) - ဇူလိုင် ၄

ဘာစီလိုနာမြို့သည် စပိန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းရိုးတန်းရှိမြို့တစ်မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များ ကြွယ်ဝမှု၊ အရေးပါသောယဉ်ကျေးမှုအချက်အချာနေရာနှင့် အဓိကခရီးသွား နေရာတစ်ခု အဖြစ် နာမည်ကျော်ကြားကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော Catalonia ၏ အကြီးဆုံးမြို့နှင့်မြို့တော်ဖြစ်ပြီး ၎င်းတွင်နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၆)သန်းကျော်ရှိ ကြောင်းသိရသည်။ ထို့ပြင် ဘာစီလိုနာ မြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၅ ဒသမ ၃) သန်း ဝန်း ကျင်ရှိပြီး ပဲရစ်၊ Ruhr area၊ မက်ဒရစ် နှင့် မီလန်မြို့တို့ပြီးလျှင် ဥရောပသမဂ္ဂတွင် (၅)ခု မြောက် လူဦး ရေအထူထပ်ဆုံးမြို့ပြဧရိယာတစ်ခုလည်းဖြစ်သည်။ ဘာစီလိုနာမြို့ပြဧရိယာသည် အနောက်ဘက်တွင် Serra de Collserola တောင်တန်းများဖြင့် နယ်နိမိတ်ချင်းထိစပ်နေသော Llobregat နှင့် Besòs မြစ်များ အကြားကမ်းရိုးတန်းတွင်တည်ရှိပြီး မြေထဲပင်လယ်တွင်းတွင် အကြီး ဆုံးမြို့ပြဧရိယာများထဲမှတစ်ခု ဖြစ် ကြောင်းသိရသည်။

သမိုင်းကြောင်းနှင့် ခေတ်သစ်
အစဉ်အလာများအရ ဘာစီလိုနာမြို့ကို Catalonian ကမ်းရိုးတန်းတစ်လျှောက်တွင် ကုန်သွယ် ရေးစခန်းများရှိသည့် Phoenicians သို့ မဟုတ် Carthaginians လူမျိုးများက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အလယ်ခေတ်များအတွင်း ဘာစီလိုနာမြို့သည် ဘာစီလိုနာ ကောင်တီ၏မြို့ တော် ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ ထို့နောက် ဘာစီလိုနာမြို့သည် Catalan ဘာသာစကားခွဲ ထွက်ရေးအချက်အချာနေရာတစ်ခုဖြစ်လာခဲ့ပြီး (၁၇)ရာစု Reapers' War အတွင်း ပြင်သစ်နိုင်ငံ၏ တစ် စိတ်တစ်ပိုင်းဖြစ်လာခဲ့ကာ (၁၈၁၂)ခုနှစ်မှ (၁၈၁၄)ခုနှစ်အထိ နပိုလီယန်၏ လက်အောက်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။ ဘာစီလိုနာမြို့သည် (၁၉)ရာစုနှင့်(၂၀) ရာစုအစောပိုင်းအတွင်း စက်မှု ထွန်းကားရေးနှင့် အလုပ်သမားလှုပ်ရှားမှုများစွာကို ကြုံတွေ့ခဲ့ရပြီး (၁၉၃၁)ခုနှစ်တွင် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ Catalonia ၏ မြို့တော်ဖြစ်လာခဲ့ကြောင်းသိရ သည်။ ထို့ပြင် ဘာစီလိုနာမြို့သည် ယဉ်ကျေး မှုအမွေအနှစ်များ ကြွယ်ဝပြီး ယနေ့ခေတ်တွင် အရေးပါသော ယဉ်ကျေးမှုအချက်အချာနေရာနှင့် အဓိက ခရီးသွားနေရာတစ်ခုဖြစ်ကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် အထူးသဖြင့် ယူနက်စကိုကမ္ဘာ့အမွေ အနှစ်နေရာများအဖြစ် သတ်မှတ်ခံထားရသော Antoni Gaudí နှင့် Lluís Domènech i Montaner တို့၏ ဗိသုကာလက်ရာများကြောင့် နာမည်ကျော်ကြားကြောင်းလည်းသိရသည်။ ဘာစီလိုနာ မြို့သည် စပိန် နိုင်ငံတွင် အကျော်ကြားဆုံးတက္ကသိုလ်နှစ်ခုဖြစ်သည့် ဘာစီလိုနာတက္ကသိုလ်နှင့် Pompeu Fabra တက္ကသိုလ်တို့ တည်ရှိရာနေရာတစ်ခုလည်းဖြစ်ပြီး မြေထဲပင်လယ်အတွက် သမဂ္ဂ၏ရုံးချုပ်များ အခြေ စိုက်ရာ နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ဘာစီလိုနာမြို့သည် (၁၉၉၂)ခုနှစ် နွေရာသီအိုလံပစ်အပြင် ကမ္ဘာ့အဆင့်မီ ညီလာခံများနှင့်ပြပွဲများကို လက်ခံကျင်းပမှုအတွက် နာမည်ကြီးပြီး ၎င်းတွင် နိုင်ငံတကာ အားကစားပြိုင်ပွဲများစွာကိုလည်း ကျင်းပခဲ့ကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် ဥရောပ အနောက် တောင်ပိုင်းတွင် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဓိကအချက်အချာနေရာ တစ်ခုဖြစ်ပြီး စပိန်တွင် အဓိကဇီဝနည်းပညာဆိုင်ရာအချက် အချာနေရာတစ်ခုလည်းဖြစ်သည်။ ဘာစီလိုနာ ဆိပ်ကမ်း သည် ဥရောပ၏ အဓိကဆိပ်ကမ်းများနှင့် အ လုပ်အများဆုံးဥရောပခရီးသည်တင်ဆိပ်ကမ်း ဖြစ်သည့် အပြင် ၎င်းတွင် နိုင်ငံတကာလေဆိပ်နှင့် ပြင်သစ်နှင့်ဥရောပရှိအခြားသောအစိတ်အပိုင်းများကို ဆက် သွယ်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းများရှိသောကြောင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာ နေရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။

စီးပွားရေး
ဘာစီလိုနာမြို့ပြဧရိယာသည် ဥရောပတွင် အချမ်းသာဆုံးဒေသများထဲမှတစ်ခုဖြစ်သော Catalonia လူမျိုးများ၏(၆၆)ရာခိုင်နှုန်းကျော်ဖြင့် ဖွဲ့စည်းထားပြီး တစ်ဦးချင်းဂျီဒီပီမှာ ယူရို(၂၈၄၀ဝ)ရှိ ကြောင်းသိရသည်။ Eurostat ၏ အဆိုအရ (၂၀ဝ၄)ခုနှစ်တွင် ဘာစီလိုနာမြို့၏တစ်ဦးချင်းဂျီဒီပီမှာ ယူရို(၈၀၈၉၄)ထိ မြင့်မားခဲ့ကြောင်းလည်းသိရသည်။ နောက်ထပ်အနေဖြင့် ဘာစီလိုနာမြို့သည် ဥရောပ ၏ လေးခုမြောက်စီးပွားရေးအကောင်းဆုံးမြို့နှင့် ဥရောပတိုက်၏ တိုးတက်မှုအမြန်ဆုံးမြို့ဖြစ်ခဲ့ကာ (၂၀ဝ၉) ခုနှစ်အထိ တစ်နှစ်လျှင် (၁၇)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရသည်။ လူနေမှုပုံစံမဂ္ဂဇင်း Monocle ၏ အဆိုအရ (၂၀၁၅)ခုနှစ်တွင် ဘာစီလိုနာမြို့သည် ကမ္ဘာပေါ်တွင် (၂၄)ခုမြောက် နေထိုင်ရန် အကောင်း ဆုံးမြို့တစ်မြို့ဖြစ်ခဲ့ပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာ လေ့လာဆန်းစစ်သူများ 2thinknow ၏ အဆိုအရ ဘာစီလိုနာမြို့သည် Innovation Cities™ Global Index တွင် ကမ္ဘာ့ အဆင့်(၁၃)နေရာကို ရယူထားကြောင်းသိရသည်။ တစ်ချိန်တည်းတွင်ပင် ဘာစီလိုနာမြို့သည် ဇိမ်ခံ လူနေမှုပုံစံအတွက် ကမ္ဘာပေါ်တွင် ဈေးအသက်သာဆုံးမြို့များထဲမှတစ်မြို့ဖြစ်ခဲ့ကြောင်း Global Wealth and Lifestyle Report 2020 အရ သိရသည်။

ခရီးသွားလုပ်ငန်း
(၂၀၂၃)ခုနှစ်တွင် ဘာစီလိုနာမြို့သည် ကမ္ဘာပေါ်တွင် (၉)ခုမြောက် နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်မှုအများဆုံးမြို့နှင့် ပဲရစ်၊ မက် ဒရစ်၊ အမ်စတာဒမ်နှင့်ရောမမြို့တို့ပြီးလျှင် ဥရောပ တွင် (၅)ခုမြောက်လာရောက်လည်ပတ်မှုအများဆုံး မြို့တစ်မြို့လည်းဖြစ်ကာ နိုင်ငံတကာမှ လာရောက် လည်ပတ်သူ(၉)သန်းဝန်းကျင်ရှိကြောင်း သိရသည်။ ထို့ပြင် ဘာစီလိုနာမြို့သည် အပန်းဖြေနေရာများစွာ၊ ကမ္ဘာပေါ်တွင်အကောင်းဆုံးကမ်းခြေများထဲမှတစ်ခု၊ ကောင်းမွန်သောရာသီဥတု၊ ယူနက် စကိုကမ္ဘာ့ အမွေအနှစ်နေရာ (၈)ခုအပါအဝင် သမိုင်းဝင်အထိမ်းအမှတ်နေရာများ၊ ဟိုတယ်များ စွာနှင့် တိုးတက် ဖွံ့ဖြိုးသော ခရီးသွားအခြေခံအဆောက်အအုံများနှင့်အတူ နိုင်ငံတကာတွင် ကျော်ကြားသော ခရီးသွား နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ သို့သော်လည်း နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများ ပိုမိုများပြားလာ ခြင်းကြောင့် ဘာစီလိုနာမြို့ သည် အခြားခရီးသွားမြို့တော်များကဲ့သို့ပင် ပိုက်ဆံ အိတ်များနှင့် ပတ်စပို့ များ မကြာခဏ ခိုးယူခံရမှုများနှင့်အတူ ခါးပိုက်နှိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်းလည်းသိရသည်။ ခါးပိုက်နှိုက်ခံရမှုနှုန်း အလယ်အလတ်တွင်ရှိနေသော်လည်း ဘာစီလိုနာမြို့သည် လုံခြုံရေးနှင့် ကိုယ်ရေး ကိုယ်တာလုံခြုံမှု ဆိုင်ရာ အလုံခြုံဆုံးမြို့များထဲမှတစ်မြို့အဖြစ် သတ်မှတ်ခံထားရကြောင်းသိရသည်။ ထို့ပြင် (၃)နှစ်ကျော်အတွင်း ရာဇဝတ်မှု(၃၂)ရာခိုင်နှုန်း ကျဆင်းသွားသည့် ဆန်းပြားသောရဲဘက် မဟာ ဗျူဟာများကြောင့် (၂၀၁၆)ခုနှစ်တွင် ဘာစီလိုနာမြို့ကို ကမ္ဘာ့ (၁၅)ခုမြောက်အလုံခြုံဆုံးမြို့အဖြစ် Business Insider က အဆင့်သတ်မှတ်ခဲ့ ကြောင်း သိရသည်။

zawgyi version
ယဥ္ေက်းမူအေမြအႏွစ္မ်ားစြာနဲ႔ ဘာစီလိုနာၿမိဳ႕
Pika (NP News) - ဇူလိုင္ ၄

ဘာစီလိုနာၿမိဳ႕သည္ စပိန္ႏိုင္ငံ အေရွ႕ေျမာက္ဘက္ကမ္း႐ိုးတန္းရွိၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ယဥ္ေက်းမႈ အေမြအႏွစ္မ်ား ႂကြယ္ဝမႈ၊ အေရးပါေသာယဥ္ေက်းမႈအခ်က္အခ်ာေနရာႏွင့္ အဓိကခရီးသြား ေနရာတစ္ခု အျဖစ္ နာမည္ေက်ာ္ၾကားေၾကာင္းသိရသည္။ ဘာစီလိုနာၿမိဳ႕သည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ျဖစ္ေသာ Catalonia ၏ အႀကီးဆုံးၿမိဳ႕ႏွင့္ၿမိဳ႕ေတာ္ျဖစ္ၿပီး ၎တြင္ေနထိုင္သူလူဦးေရမွာ (၁ ဒသမ ၆)သန္းေက်ာ္ရွိ ေၾကာင္းသိရသည္။ ထို႔ျပင္ ဘာစီလိုနာ ၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူလူဦးေရမွာ (၅ ဒသမ ၃) သန္း ဝန္း က်င္ရွိၿပီး ပဲရစ္၊ Ruhr area၊ မက္ဒရစ္ ႏွင့္ မီလန္ၿမိဳ႕တို႔ၿပီးလွ်င္ ဥေရာပသမဂၢတြင္ (၅)ခု ေျမာက္ လူဦး ေရအထူထပ္ဆုံးၿမိဳ႕ျပဧရိယာတစ္ခုလည္းျဖစ္သည္။ ဘာစီလိုနာၿမိဳ႕ျပဧရိယာသည္ အေနာက္ဘက္တြင္ Serra de Collserola ေတာင္တန္းမ်ားျဖင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ Llobregat ႏွင့္ Besòs ျမစ္မ်ား အၾကားကမ္း႐ိုးတန္းတြင္တည္ရွိၿပီး ေျမထဲပင္လယ္တြင္းတြင္ အႀကီး ဆုံးၿမိဳ႕ျပဧရိယာမ်ားထဲမွတစ္ခု ျဖစ္ ေၾကာင္းသိရသည္။

သမိုင္းေၾကာင္းႏွင့္ ေခတ္သစ္
အစဥ္အလာမ်ားအရ ဘာစီလိုနာၿမိဳ႕ကို Catalonian ကမ္း႐ိုးတန္းတစ္ေလွ်ာက္တြင္ ကုန္သြယ္ ေရးစခန္းမ်ားရွိသည့္ Phoenicians သို႔ မဟုတ္ Carthaginians လူမ်ိဳးမ်ားက စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။ အလယ္ေခတ္မ်ားအတြင္း ဘာစီလိုနာၿမိဳ႕သည္ ဘာစီလိုနာ ေကာင္တီ၏ၿမိဳ႕ ေတာ္ ျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ေနာက္ ဘာစီလိုနာၿမိဳ႕သည္ Catalan ဘာသာစကားခြဲ ထြက္ေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္လာခဲ့ၿပီး (၁၇)ရာစု Reapers' War အတြင္း ျပင္သစ္ႏိုင္ငံ၏ တစ္ စိတ္တစ္ပိုင္းျဖစ္လာခဲ့ကာ (၁၈၁၂)ခုႏွစ္မွ (၁၈၁၄)ခုႏွစ္အထိ နပိုလီယန္၏ လက္ေအာက္သို႔ ျပန္လည္ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။ ဘာစီလိုနာၿမိဳ႕သည္ (၁၉)ရာစုႏွင့္(၂၀) ရာစုအေစာပိုင္းအတြင္း စက္မႈ ထြန္းကားေရးႏွင့္ အလုပ္သမားလႈပ္ရွားမႈမ်ားစြာကို ႀကဳံေတြ႕ခဲ့ရၿပီး (၁၉၃၁)ခုႏွစ္တြင္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ ခြင့္ရေဒသ Catalonia ၏ ၿမိဳ႕ေတာ္ျဖစ္လာခဲ့ေၾကာင္းသိရ သည္။ ထို႔ျပင္ ဘာစီလိုနာၿမိဳ႕သည္ ယဥ္ေက်း မႈအေမြအႏွစ္မ်ား ႂကြယ္ဝၿပီး ယေန႔ေခတ္တြင္ အေရးပါေသာ ယဥ္ေက်းမႈအခ်က္အခ်ာေနရာႏွင့္ အဓိက ခရီးသြားေနရာတစ္ခုျဖစ္ေၾကာင္းသိရသည္။ ဘာစီလိုနာၿမိဳ႕သည္ အထူးသျဖင့္ ယူနက္စကိုကမာၻ႔အေမြ အႏွစ္ေနရာမ်ားအျဖစ္ သတ္မွတ္ခံထားရေသာ Antoni Gaudí ႏွင့္ Lluís Domènech i Montaner တို႔၏ ဗိသုကာလက္ရာမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားေၾကာင္းလည္းသိရသည္။ ဘာစီလိုနာ ၿမိဳ႕သည္ စပိန္ ႏိုင္ငံတြင္ အေက်ာ္ၾကားဆုံးတကၠသိုလ္ႏွစ္ခုျဖစ္သည့္ ဘာစီလိုနာတကၠသိုလ္ႏွင့္ Pompeu Fabra တကၠသိုလ္တို႔ တည္ရွိရာေနရာတစ္ခုလည္းျဖစ္ၿပီး ေျမထဲပင္လယ္အတြက္ သမဂၢ၏႐ုံးခ်ဳပ္မ်ား အေျခ စိုက္ရာ ေနရာတစ္ခုလည္း ျဖစ္သည္။ ထို႔ျပင္ ဘာစီလိုနာၿမိဳ႕သည္ (၁၉၉၂)ခုႏွစ္ ေႏြရာသီအိုလံပစ္အျပင္ ကမာၻ႔အဆင့္မီ ညီလာခံမ်ားႏွင့္ျပပြဲမ်ားကို လက္ခံက်င္းပမႈအတြက္ နာမည္ႀကီးၿပီး ၎တြင္ ႏိုင္ငံတကာ အားကစားၿပိဳင္ပြဲမ်ားစြာကိုလည္း က်င္းပခဲ့ေၾကာင္းသိရသည္။ ဘာစီလိုနာၿမိဳ႕သည္ ဥေရာပ အေနာက္ ေတာင္ပိုင္းတြင္ ယဥ္ေက်းမႈ၊ စီးပြားေရးႏွင့္ ဘ႑ာေရးဆိုင္ရာ အဓိကအခ်က္အခ်ာေနရာ တစ္ခုျဖစ္ၿပီး စပိန္တြင္ အဓိကဇီဝနည္းပညာဆိုင္ရာအခ်က္ အခ်ာေနရာတစ္ခုလည္းျဖစ္သည္။ ဘာစီလိုနာ ဆိပ္ကမ္း သည္ ဥေရာပ၏ အဓိကဆိပ္ကမ္းမ်ားႏွင့္ အ လုပ္အမ်ားဆုံးဥေရာပခရီးသည္တင္ဆိပ္ကမ္း ျဖစ္သည့္ အျပင္ ၎တြင္ ႏိုင္ငံတကာေလဆိပ္ႏွင့္ ျပင္သစ္ႏွင့္ဥေရာပရွိအျခားေသာအစိတ္အပိုင္းမ်ားကို ဆက္ သြယ္ထားသည့္ ျမန္ႏႈန္းျမင့္ရထားလမ္းမ်ားရွိေသာေၾကာင့္ သယ္ယူပို႔ေဆာင္ေရးဆိုင္ရာ အခ်က္အခ်ာ ေနရာတစ္ခုလည္းျဖစ္ေၾကာင္းသိရသည္။

စီးပြားေရး
ဘာစီလိုနာၿမိဳ႕ျပဧရိယာသည္ ဥေရာပတြင္ အခ်မ္းသာဆုံးေဒသမ်ားထဲမွတစ္ခုျဖစ္ေသာ Catalonia လူမ်ိဳးမ်ား၏(၆၆)ရာခိုင္ႏႈန္းေက်ာ္ျဖင့္ ဖြဲ႕စည္းထားၿပီး တစ္ဦးခ်င္းဂ်ီဒီပီမွာ ယူ႐ို(၂၈၄၀ဝ)ရွိ ေၾကာင္းသိရသည္။ Eurostat ၏ အဆိုအရ (၂၀ဝ၄)ခုႏွစ္တြင္ ဘာစီလိုနာၿမိဳ႕၏တစ္ဦးခ်င္းဂ်ီဒီပီမွာ ယူ႐ို(၈၀၈၉၄)ထိ ျမင့္မားခဲ့ေၾကာင္းလည္းသိရသည္။ ေနာက္ထပ္အေနျဖင့္ ဘာစီလိုနာၿမိဳ႕သည္ ဥေရာပ ၏ ေလးခုေျမာက္စီးပြားေရးအေကာင္းဆုံးၿမိဳ႕ႏွင့္ ဥေရာပတိုက္၏ တိုးတက္မႈအျမန္ဆုံးၿမိဳ႕ျဖစ္ခဲ့ကာ (၂၀ဝ၉) ခုႏွစ္အထိ တစ္ႏွစ္လွ်င္ (၁၇)ရာခိုင္ႏႈန္းတိုးတက္ခဲ့ေၾကာင္းသိရသည္။ လူေနမႈပုံစံမဂၢဇင္း Monocle ၏ အဆိုအရ (၂၀၁၅)ခုႏွစ္တြင္ ဘာစီလိုနာၿမိဳ႕သည္ ကမာၻေပၚတြင္ (၂၄)ခုေျမာက္ ေနထိုင္ရန္ အေကာင္း ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ၿပီး ဆန္းသစ္တီထြင္မႈဆိုင္ရာ ေလ့လာဆန္းစစ္သူမ်ား 2thinknow ၏ အဆိုအရ ဘာစီလိုနာၿမိဳ႕သည္ Innovation Cities™ Global Index တြင္ ကမာၻ႔ အဆင့္(၁၃)ေနရာကို ရယူထားေၾကာင္းသိရသည္။ တစ္ခ်ိန္တည္းတြင္ပင္ ဘာစီလိုနာၿမိဳ႕သည္ ဇိမ္ခံ လူေနမႈပုံစံအတြက္ ကမာၻေပၚတြင္ ေဈးအသက္သာဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္း Global Wealth and Lifestyle Report 2020 အရ သိရသည္။

ခရီးသြားလုပ္ငန္း
(၂၀၂၃)ခုႏွစ္တြင္ ဘာစီလိုနာၿမိဳ႕သည္ ကမာၻေပၚတြင္ (၉)ခုေျမာက္ ႏိုင္ငံတကာခရီးသြားမ်ား လာေရာက္လည္ပတ္မႈအမ်ားဆုံးၿမိဳ႕ႏွင့္ ပဲရစ္၊ မက္ ဒရစ္၊ အမ္စတာဒမ္ႏွင့္ေရာမၿမိဳ႕တို႔ၿပီးလွ်င္ ဥေရာပ တြင္ (၅)ခုေျမာက္လာေရာက္လည္ပတ္မႈအမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ကာ ႏိုင္ငံတကာမွ လာေရာက္ လည္ပတ္သူ(၉)သန္းဝန္းက်င္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ဘာစီလိုနာၿမိဳ႕သည္ အပန္းေျဖေနရာမ်ားစြာ၊ ကမာၻေပၚတြင္အေကာင္းဆုံးကမ္းေျခမ်ားထဲမွတစ္ခု၊ ေကာင္းမြန္ေသာရာသီဥတု၊ ယူနက္ စကိုကမာၻ႔ အေမြအႏွစ္ေနရာ (၈)ခုအပါအဝင္ သမိုင္းဝင္အထိမ္းအမွတ္ေနရာမ်ား၊ ဟိုတယ္မ်ား စြာႏွင့္ တိုးတက္ ဖြံ႕ၿဖိဳးေသာ ခရီးသြားအေျခခံအေဆာက္အအုံမ်ားႏွင့္အတူ ႏိုင္ငံတကာတြင္ ေက်ာ္ၾကားေသာ ခရီးသြား ေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ႏွစ္စဥ္ကမာၻလွည့္ခရီးသြားမ်ား ပိုမိုမ်ားျပားလာ ျခင္းေၾကာင့္ ဘာစီလိုနာၿမိဳ႕ သည္ အျခားခရီးသြားၿမိဳ႕ေတာ္မ်ားကဲ့သို႔ပင္ ပိုက္ဆံ အိတ္မ်ားႏွင့္ ပတ္စပို႔ မ်ား မၾကာခဏ ခိုးယူခံရမႈမ်ားႏွင့္အတူ ခါးပိုက္ႏႈိက္မႈမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္းလည္းသိရသည္။ ခါးပိုက္ႏႈိက္ခံရမႈႏႈန္း အလယ္အလတ္တြင္ရွိေနေသာ္လည္း ဘာစီလိုနာၿမိဳ႕သည္ လုံၿခဳံေရးႏွင့္ ကိုယ္ေရး ကိုယ္တာလုံၿခဳံမႈ ဆိုင္ရာ အလုံၿခဳံဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရေၾကာင္းသိရသည္။ ထို႔ျပင္ (၃)ႏွစ္ေက်ာ္အတြင္း ရာဇဝတ္မႈ(၃၂)ရာခိုင္ႏႈန္း က်ဆင္းသြားသည့္ ဆန္းျပားေသာရဲဘက္ မဟာ ဗ်ဴဟာမ်ားေၾကာင့္ (၂၀၁၆)ခုႏွစ္တြင္ ဘာစီလိုနာၿမိဳ႕ကို ကမာၻ႔ (၁၅)ခုေျမာက္အလုံၿခဳံဆုံးၿမိဳ႕အျဖစ္ Business Insider က အဆင့္သတ္မွတ္ခဲ့ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.