၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်အသစ်တွေကို ဘီလာရုစ်နိုင်ငံမှာ ဖြန့်ကျက်ချထားသွားမယ်လို့ ရုရှားသမ္မတပြော

430

Pika (NP News) - ဒီဇင်ဘာ ၇
၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်တဲ့ ဘီလာရုစ်နိုင်ငံမှာ ရုရှားရဲ့ Oreshnik တာလတ်ပစ် အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်အသစ်တွေကို ဖြန့်ကျက်ချထားသွားမယ်လို့ ရုရှားသမ္မတပူတင်က ဒီဇင်ဘာ (၆) ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Minsk မြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးအတွင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုရဲ့တောင်းဆိုမှုတွေကို ပူတင်က ယခုလို တုံ့ပြန်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ပူတင်နဲ့လူကာရှန်ကိုတို့ဟာ အဲဒီ ထိပ်သီးအစည်းအဝေးအတွင်း အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ လည်း သိရပါတယ်။
ပူတင် က "ဒီနေ့မှာ ကျွန်တော်တို့က လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီဆိုတော့ ဘီလာရုစ်ပိုင်နက်မှာ Oreshnik ဒုံးကျည်လိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့စစ်လက်နက်ပစ္စည်းတွေ ဖြန့်ကျက် ချထားဖို့က ဖြစ်နိုင်ခြေရှိပါတယ်။ ရုရှားမှာ Oreshnik ဒုံးကျည်တွေ ထုတ်လုပ်မှုတိုးလာသလို ဒီဒုံးကျည်တွေက ရုရှားရဲ့မဟာဗျူဟာမြောက်တပ်ဖွဲ့တွေဆီကို အများအပြားရောက်ရှိလာတာနဲ့အမျှ လာမယ့်နှစ်ရဲ့ ဒုတိယနှစ်ဝက် လောက်မှာ ဒီဖြန့်ကျက်ချထားမှုကဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ Oreshnik တာလတ်ပစ် အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်အသစ်နဲ့ပြီးခဲ့တဲ့လမှာ ယူကရိန်းမြို့ တစ်မြို့ကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည် အသစ်ကို တိုက်ခိုက်ရေးအခြေအနေတွေမှာ အသုံးပြုသွားမယ်လို့လည်း ပူတင်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ပြောဆိုခဲ့ ပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်အသစ်ကို ကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ ကြီးမားတဲ့ အဖျက်စွမ်းအားရှိတယ်လို့လည်း ပူတင်က ပြောခဲ့ပါတယ်။
ယူကရိန်းက အနောက်အုပ်စုထုတ်ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားဖက်က အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်အသစ်နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version;
၂၀၂၅ ခုႏွစ္ေႏွာင္းပိုင္းမွာ အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္အသစ္ေတြကို ဘီလာ႐ုစ္ႏိုင္ငံမွာ ျဖန႔္က်က္ခ်ထားသြားမယ္လို႔ ႐ုရွားသမၼတေျပာ
Pika (NP News) - ဒီဇင္ဘာ ၇
၂၀၂၅ ခုႏွစ္ေႏွာင္းပိုင္းမွာ အိမ္နီးခ်င္းမိတ္ဖက္ႏိုင္ငံျဖစ္တဲ့ ဘီလာ႐ုစ္ႏိုင္ငံမွာ ႐ုရွားရဲ႕ Oreshnik တာလတ္ပစ္ အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္အသစ္ေတြကို ျဖန႔္က်က္ခ်ထားသြားမယ္လို႔ ႐ုရွားသမၼတပူတင္က ဒီဇင္ဘာ (၆) ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
Minsk ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ထိပ္သီးအစည္းအေဝးအတြင္း ဘီလာ႐ုစ္သမၼတလူကာရွန္ကိုရဲ႕ေတာင္းဆိုမႈေတြကို ပူတင္က ယခုလို တုံ႔ျပန္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ပူတင္နဲ႔လူကာရွန္ကိုတို႔ဟာ အဲဒီ ထိပ္သီးအစည္းအေဝးအတြင္း အျပန္အလွန္ကာကြယ္ေရးသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ လည္း သိရပါတယ္။
ပူတင္ က "ဒီေန႔မွာ ကြၽန္ေတာ္တို႔က လုံၿခဳံေရးသေဘာတူညီခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ၿပီဆိုေတာ့ ဘီလာ႐ုစ္ပိုင္နက္မွာ Oreshnik ဒုံးက်ည္လိုမ်ိဳး ေၾကာက္မက္ဖြယ္ေကာင္းတဲ့စစ္လက္နက္ပစၥည္းေတြ ျဖန႔္က်က္ ခ်ထားဖို႔က ျဖစ္ႏိုင္ေျခရွိပါတယ္။ ႐ုရွားမွာ Oreshnik ဒုံးက်ည္ေတြ ထုတ္လုပ္မႈတိုးလာသလို ဒီဒုံးက်ည္ေတြက ႐ုရွားရဲ႕မဟာဗ်ဴဟာေျမာက္တပ္ဖြဲ႕ေတြဆီကို အမ်ားအျပားေရာက္ရွိလာတာနဲ႔အမွ် လာမယ့္ႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္ ေလာက္မွာ ဒီျဖန႔္က်က္ခ်ထားမႈကျဖစ္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
႐ုရွားတပ္ဖြဲ႕ေတြဟာ Oreshnik တာလတ္ပစ္ အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္အသစ္နဲ႔ၿပီးခဲ့တဲ့လမွာ ယူကရိန္းၿမိဳ႕ တစ္ၿမိဳ႕ကို ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အသံထက္ျမန္တဲ့ ပဲ့ထိန္းဒုံးက်ည္ အသစ္ကို တိုက္ခိုက္ေရးအေျခအေနေတြမွာ အသုံးျပဳသြားမယ္လို႔လည္း ပူတင္က ၿပီးခဲ့တဲ့လမွာ ထုတ္ျပန္ေျပာဆိုခဲ့ ပါတယ္။ အဲဒီပဲ့ထိန္းဒုံးက်ည္အသစ္ကို ၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ဖို႔ မျဖစ္ႏိုင္ေၾကာင္းနဲ႔ ႀကီးမားတဲ့ အဖ်က္စြမ္းအားရွိတယ္လို႔လည္း ပူတင္က ေျပာခဲ့ပါတယ္။
ယူကရိန္းက အေနာက္အုပ္စုထုတ္ဒုံးက်ည္ေတြကို အသုံးျပဳၿပီး ႐ုရွားပိုင္နက္ေတြကို ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႐ုရွားဖက္က အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္အသစ္နဲ႔ပစ္ခတ္တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။