မက္ကဆီကိုနိုင်ငံမှာ အကြောဆေးသွင်းတဲ့ အိတ်(IV အိတ်)နဲ့ဆက်နွယ်ပြီး ကလေး ၁၃ ဦး သေဆုံး

 685

ရောင်နီ (NP News) - ဒီဇင်ဘာ ၈

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းရှိ ဆေးရုံလေးခုမှာ အကြောဆေးသွင်းတဲ့ ဆေးအိတ်နဲ့ဆက်နွယ်ပြီး ကလေး ၁၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၄ နှစ် (သို့မဟုတ်) အသက် ၁၄ နှစ်အောက် ကလေးငယ်တွေဖြစ်ကြပြီး Klebsiella oxytoca လို့ခေါ်တဲ့ ပိုးတစ်မျိုး ကူးစက်ခံရပြီး သေဆုံးကြတယ်လို့ မက္ကဆီကို ကျန်းမာရေးအရာရှိတွေက သံသယရှိထားပါတယ်။ Klebsiella oxytoca ဟာ အဆုတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ သွေးဆိပ်တက်ခြင်း တို့ကို မကြာခဏဖြစ်ပေါ်စေတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘတ်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။
မက္ကဆီကို အလယ်ပိုင်းရှိ ပြည်သူ့ကျန်းမာရေးဌာန သုံးခုနဲ့ ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ မက္ကဆီကို ကျန်းမာရေးအတွင်းရေးမှူးရုံးက ကြာသပတေးနေ့(ဒီဇင်ဘာ ၅) ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီရောဂါဖြစ်ပွားမှုက သွေးကြောဆိုင်ရာ အာဟာရဖြေရှင်းချက်တွေကို ညစ်ညမ်းစေနိုင်တဲ့ အကြောဆေးသွင်း အိတ်လို ပြင်ပပစ္စည်းတွေနဲ့ဆက်စပ်မှုရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီရောဂါလက္ခဏာတွေနဲ့ပဲ အခြားကလေး ခုနှစ်ဦး လက်ရှိ ဆေးရုံတင်ထားရပြီး ဆေးဘက်ဆိုင်ရာကိရိယာကုမ္ပဏီ Productos Hospitalarios ရဲ့ သွေးကြောသွင်း ကိရိယာတွေအားလုံး အသုံးမပြုဘဲ ရပ်ဆိုင်းဖို့ ကျန်းမာရေးအာဏာပိုင်တွေက အမိန့်ပေးထားတယ်လို့ သိရပါတယ်။

Zawgyi Version;
မကၠဆီကိုႏိုင္ငံမွာ အေၾကာေဆးသြင္းတဲ့ အိတ္(IV အိတ္)နဲ႔ဆက္ႏြယ္ၿပီး ကေလး ၁၃ ဦး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၈

မကၠဆီကိုႏိုင္ငံ အလယ္ပိုင္းရွိ ေဆး႐ုံေလးခုမွာ အေၾကာေဆးသြင္းတဲ့ ေဆးအိတ္နဲ႔ဆက္ႏြယ္ၿပီး ကေလး ၁၃ ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ေသဆုံးသူေတြဟာ အသက္ ၁၄ ႏွစ္ (သို႔မဟုတ္) အသက္ ၁၄ ႏွစ္ေအာက္ ကေလးငယ္ေတြျဖစ္ၾကၿပီး Klebsiella oxytoca လို႔ေခၚတဲ့ ပိုးတစ္မ်ိဳး ကူးစက္ခံရၿပီး ေသဆုံးၾကတယ္လို႔ မကၠဆီကို က်န္းမာေရးအရာရွိေတြက သံသယရွိထားပါတယ္။ Klebsiella oxytoca ဟာ အဆုတ္ေရာင္ေရာဂါ၊ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း၊ ေသြးဆိပ္တက္ျခင္း တို႔ကို မၾကာခဏျဖစ္ေပၚေစတဲ့ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ ဘတ္တီးရီးယားတစ္မ်ိဳးျဖစ္ပါတယ္။
မကၠဆီကို အလယ္ပိုင္းရွိ ျပည္သူ႔က်န္းမာေရးဌာန သုံးခုနဲ႔ ပုဂၢလိကေဆးခန္းတစ္ခုမွာ အဆိုပါျဖစ္ရပ္ ျဖစ္ပြားခဲ့တာ ျဖစ္တယ္လို႔ မကၠဆီကို က်န္းမာေရးအတြင္းေရးမႉး႐ုံးက ၾကာသပေတးေန႔(ဒီဇင္ဘာ ၅) ရက္မွာ ေဖာ္ျပခဲ့ပါတယ္။ ဒီေရာဂါျဖစ္ပြားမႈက ေသြးေၾကာဆိုင္ရာ အာဟာရေျဖရွင္းခ်က္ေတြကို ညစ္ညမ္းေစႏိုင္တဲ့ အေၾကာေဆးသြင္း အိတ္လို ျပင္ပပစၥည္းေတြနဲ႔ဆက္စပ္မႈရွိတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေရာဂါလကၡဏာေတြနဲ႔ပဲ အျခားကေလး ခုႏွစ္ဦး လက္ရွိ ေဆး႐ုံတင္ထားရၿပီး ေဆးဘက္ဆိုင္ရာကိရိယာကုမၸဏီ Productos Hospitalarios ရဲ႕ ေသြးေၾကာသြင္း ကိရိယာေတြအားလုံး အသုံးမျပဳဘဲ ရပ္ဆိုင္းဖို႔ က်န္းမာေရးအာဏာပိုင္ေတြက အမိန႔္ေပးထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.