ဒိန်းမတ်နိုင်ငံထံကနေ F-16 တိုက်လေယာဉ် ဒုတိယအသုတ်ကို ယူကရိန်းအစိုးရ လက်ခံရရှိ

 902

Pika (NP News) - ဒီဇင်ဘာ ၈

ယူကရိန်းနိုင်ငံဟာ ဒိန်းမတ်နိုင်ငံဆီကနေ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တွေ ဒုတိယအသုတ်ကို လက်ခံရ ရှိခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီတိုက်လေယာဉ်တွေဟာ ယူကရိန်း ကို ရုရှားနိုင်ငံရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ဇီလန်စကီး က ပြောကြားခဲ့ပါ တယ်။

ဇီလန်စကီးဟာ ဒိန်းမတ်နိုင်ငံကနေ F-16 တိုက်လေယာဉ်တွေ လက်ခံရရှိခဲ့တာကို ဒီဇင်ဘာလ(၇)ရက် နှောင်းပိုင်း မှာ ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း F-16 တိုက်လေယာဉ်တွေ ဘယ်နှစ်စီး လက်ခံရရှိခဲ့ တယ်။ ဒါမှမဟုတ် ဖြန့်ကျက်ချထားမှုတွေ လုပ်ဆောင်ပြီးပြီဆိုတဲ့အချက်တွေကိုတော့ ဇီလန်စကီးက ထုတ်ဖော် ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် ဒိန်းမတ်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ F-16 တိုက်လေယာဉ် ပထမအသုတ်ဟာ ရုရှားရဲ့ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဇီလန်စကီးက "အခုကျွန်တော်တို့ရဲ့လေကြောင်းကာကွယ်ရေးတွေက ပိုမိုအားကောင်းလာပါပြီ" လို့ ပြောခဲ့ပါ တယ်။ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေတဲ့အတွက် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒဲရစ်ဆန်ကို ကျေးဇူးတင်ကြောင်း ဇီလန်စကီးက ထပ်မံပြောကြားခဲ့ပါတယ်။ ဒိန်းမတ် နဲ့ နယ်သာလန် နိုင်ငံတို့ဆီကနေ F-16 တိုက်လေယာဉ်ပထမအသုတ် လက်ခံရရှိမှုကို ပြီးခဲ့တဲ့ဩဂုတ်လမှာ ယူကရိန်းအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီလအတွင်းမှာပဲ လေယာဉ်ပျက်ကျမှုတစ်ခုနဲ့အတူ ဝါရင့်လေယာဉ်မှူးတစ်ဦးနဲ့ F-16 တိုက်လေယာဉ်တစ်စီးကို ယူကရိန်းက ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ပျက်ကျမှုဘာကြောင့်ဖြစ်ပွားရသလဲဆိုတာကို တော့ ယူကရိန်းဘက်က သတင်းထုတ်ပြန်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်အပြီးမှာပဲ ဇီလန်စကီးဟာ ယူကရိန်းလေတပ်မှူးတစ်ဦးကို ရာထူးကနေ ထုတ်ပယ်ပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဒိန္းမတ္ႏိုင္ငံထံကေန F-16 တိုက္ေလယာဥ္ ဒုတိယအသုတ္ကို ယူကရိန္းအစိုးရ လက္ခံရရွိ
Pika (NP News) - ဒီဇင္ဘာ ၈

ယူကရိန္းႏိုင္ငံဟာ ဒိန္းမတ္ႏိုင္ငံဆီကေန အေမရိကန္ထုတ္ F-16 တိုက္ေလယာဥ္ေတြ ဒုတိယအသုတ္ကို လက္ခံရ ရွိခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီတိုက္ေလယာဥ္ေတြဟာ ယူကရိန္း ကို ႐ုရွားႏိုင္ငံရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြကေန ကာကြယ္ေပးႏိုင္လိမ့္မယ္လို႔ ဇီလန္စကီး က ေျပာၾကားခဲ့ပါ တယ္။

ဇီလန္စကီးဟာ ဒိန္းမတ္ႏိုင္ငံကေန F-16 တိုက္ေလယာဥ္ေတြ လက္ခံရရွိခဲ့တာကို ဒီဇင္ဘာလ(၇)ရက္ ေႏွာင္းပိုင္း မွာ ထုတ္ျပန္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း F-16 တိုက္ေလယာဥ္ေတြ ဘယ္ႏွစ္စီး လက္ခံရရွိခဲ့ တယ္။ ဒါမွမဟုတ္ ျဖန႔္က်က္ခ်ထားမႈေတြ လုပ္ေဆာင္ၿပီးၿပီဆိုတဲ့အခ်က္ေတြကိုေတာ့ ဇီလန္စကီးက ထုတ္ေဖာ္ ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဒိန္းမတ္ႏိုင္ငံက ေထာက္ပံ့ေပးထားတဲ့ F-16 တိုက္ေလယာဥ္ ပထမအသုတ္ဟာ ႐ုရွားရဲ႕ဒုံးက်ည္ေတြကို ၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။

ဇီလန္စကီးက "အခုကြၽန္ေတာ္တို႔ရဲ႕ေလေၾကာင္းကာကြယ္ေရးေတြက ပိုမိုအားေကာင္းလာပါၿပီ" လို႔ ေျပာခဲ့ပါ တယ္။ ယူကရိန္းကို ကူညီေထာက္ပံ့ေပးမႈေတြ ဆက္လက္လုပ္ေဆာင္ေပးေနတဲ့အတြက္ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ မက္တီဖရက္ဒဲရစ္ဆန္ကို ေက်းဇူးတင္ေၾကာင္း ဇီလန္စကီးက ထပ္မံေျပာၾကားခဲ့ပါတယ္။ ဒိန္းမတ္ နဲ႔ နယ္သာလန္ ႏိုင္ငံတို႔ဆီကေန F-16 တိုက္ေလယာဥ္ပထမအသုတ္ လက္ခံရရွိမႈကို ၿပီးခဲ့တဲ့ဩဂုတ္လမွာ ယူကရိန္းအစိုးရက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
အဲဒီလအတြင္းမွာပဲ ေလယာဥ္ပ်က္က်မႈတစ္ခုနဲ႔အတူ ဝါရင့္ေလယာဥ္မႉးတစ္ဦးနဲ႔ F-16 တိုက္ေလယာဥ္တစ္စီးကို ယူကရိန္းက ဆုံးရႈံးခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ပ်က္က်မႈဘာေၾကာင့္ျဖစ္ပြားရသလဲဆိုတာကို ေတာ့ ယူကရိန္းဘက္က သတင္းထုတ္ျပန္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္အၿပီးမွာပဲ ဇီလန္စကီးဟာ ယူကရိန္းေလတပ္မႉးတစ္ဦးကို ရာထူးကေန ထုတ္ပယ္ပစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.