နိုင်ငံတကာအဆင့်မှီ ရွှေအရည်အသွေး စစ်ဆေးရန် ဓါတ်ခွဲခန်း တည်ဆောက်မည်

1080

NP News - ဒီဇင်ဘာ ၈
မြန်မာ့ရွှေကို ကမ္ဘာရွှေစံချိန်စံညွှန်းနဲ့အညီ အရည်အသွေးပြည့်မီဖို့ ဓာတ်ခွဲခန်းတစ်ခုဖွင့်လှစ်မည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
မြန်မာ့ရွှေဟာ ကမ္ဘာ့ရွှေဈေးကွက်မှာ စံချိန်စံညွှန်းပြည့်မီဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှတဆင့် ရွှေအရည်အသွေးပြည့်မီရန် ဓာတ်ခွဲခန်းများ ဖွင့်လှစ်သွားမည်ဖြစ်သည်။
"ရွှေဓါတ်ခွဲခန်းဖွင့်ဖို့အတွက် နိုင်ငံတကာ iso အဲဒါရဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက် နိုင်ငံတကာအသိအမှတ်ပြုတဲ့အဖွဲ့တွေ လာရောက်ပြီးတော့ စစ်ဆေးမှာဖြစ်ပါတယ်။ ချိန်လိုက်တဲ့ အလေးချိန်အားလုံးက မှန်မှန်ကန်ကန်ရှိရပါမယ်။ တစ်ကမ္ဘာလုံးမှာ ဘယ်မှာပဲသွားချိန်ချိန်၊ မှန်မှန်ကန်ကန်ဖြစ်ရပါမယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာ ဝင်နိုင်တဲ့အရည်အသွေးပြည့်မီဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
လက်ရှိမှာ ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်တဲ့ အမိန့်ကြေညာစာထွက်လာပြီဖြစ်တာကြောင့် မကြာမီမှာ အမိန့်ကြေညာစာအတိုင်းပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
Zawgyi Version;
ႏိုင္ငံတကာအဆင့္မွီ ေ႐ႊအရည္အေသြး စစ္ေဆးရန္ ဓါတ္ခြဲခန္း တည္ေဆာက္မည္
NP News - ဒီဇင္ဘာ ၈
ျမန္မာ့ေ႐ႊကို ကမာၻေ႐ႊစံခ်ိန္စံၫႊန္းနဲ႔အညီ အရည္အေသြးျပည့္မီဖို႔ ဓာတ္ခြဲခန္းတစ္ခုဖြင့္လွစ္မည္ဟု ရန္ကုန္တိုင္း ေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။
ျမန္မာ့ေ႐ႊဟာ ကမာၻ႔ေ႐ႊေဈးကြက္မွာ စံခ်ိန္စံၫႊန္းျပည့္မီဖို႔အတြက္ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းမွတဆင့္ ေ႐ႊအရည္အေသြးျပည့္မီရန္ ဓာတ္ခြဲခန္းမ်ား ဖြင့္လွစ္သြားမည္ျဖစ္သည္။
"ေ႐ႊဓါတ္ခြဲခန္းဖြင့္ဖို႔အတြက္ ႏိုင္ငံတကာ iso အဲဒါရဖို႔ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ေနပါတယ္။ အဲဒီအတြက္ ႏိုင္ငံတကာအသိအမွတ္ျပဳတဲ့အဖြဲ႕ေတြ လာေရာက္ၿပီးေတာ့ စစ္ေဆးမွာျဖစ္ပါတယ္။ ခ်ိန္လိုက္တဲ့ အေလးခ်ိန္အားလုံးက မွန္မွန္ကန္ကန္ရွိရပါမယ္။ တစ္ကမာၻလုံးမွာ ဘယ္မွာပဲသြားခ်ိန္ခ်ိန္၊ မွန္မွန္ကန္ကန္ျဖစ္ရပါမယ္။ ကမာၻ႔ေ႐ႊေဈးကြက္မွာ ဝင္ႏိုင္တဲ့အရည္အေသြးျပည့္မီဖို႔ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္" လို႔ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။
လက္ရွိမွာ ေ႐ႊေရာင္းဝယ္မႈကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္သတ္မွတ္တဲ့ အမိန႔္ေၾကညာစာထြက္လာၿပီျဖစ္တာေၾကာင့္ မၾကာမီမွာ အမိန႔္ေၾကညာစာအတိုင္းျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္႐ြက္သြားမည္ဟု ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။