တောင်တရုတ်ပင်လယ်အတွင်း ပြန်လည်ထောက်ပံ့ရေးမစ်ရှင်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတပြော

462

Pika (NP News) - ဒီဇင်ဘာ ၁၀
ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း ၎င်းရဲ့ရေတပ်ကို ဖြန့်ကျက်ချထားတာမျိုး ပြန်လည်ထောက်ပံ့ရေးမစ်ရှင်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဒီဇင်ဘာလ(၁၀)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မကြာသေးခင်အချိန်အတွင်း တရုတ်သင်္ဘောတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပေမယ့်လည်း ပြန်လည်ထောက်ပံ့ရေးမစ်ရှင်တွေ ဆက်လက်လုပ်ဆောင်မှာနဲ့ပတ်သက်ပြီး ၎င်းရဲ့ရေတပ်ကို ဖြန့်ကျက်ချထားဖို့တော့ မလိုအပ်ဘူးလို့ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားခဲ့ပါတယ်။ ဖာဒီနန်မားကို့စ်ဂျူနီယာက "အနောက်ဖိလစ်ပိုင်ပင်လယ်မှာ တင်းမာမှုတွေကြီးထွားလာမှုမှာ ကျွန်တော်တို့ဘယ်တော့မှပါဝင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြန်လည်ထောက်ပံ့ရေးမစ်ရှင်တွေကိုတော့ ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၄)ရက်က တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ ပြန်လည်ထောက်ပံ့ရေးမစ်ရှင်တွေလုပ်ဆောင်နေတဲ့ ဖိလစ်ပိုင်သင်္ဘောတွေကို မီးသတ်ပိုက်နဲ့ထိုးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်အရာရှိတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါ့ပြင် ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေဟာ တရုတ်ရေတပ်သင်္ဘောတွေရဲ့ ပိတ်ဆို့တာတွေ၊နောက် ယောင်ခံလိုက်တာတွေနဲ့ အန္တရာယ်ရှိတဲ့ အပြုအမူလုပ်ရပ်တွေကို ရင်ဆိုင်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း တရုတ်ရေတပ်ရဲ့ရန်စတာတွေကနေ ကာကွယ်ဖို့အတွက် ၎င်းရဲ့ကိုယ်ပိုင်ရေတပ်စစ်သင်္ဘောတွေကိုတော့ ဖြန့်ကျက်ချထားသွားမှာမဟုတ်ဘူးလို့ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆို ထားပါတယ်။ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ဖိလစ်ပိုင်မှာရှိတဲ့တရုတ်သံရုံးက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
zawgyi version
ေတာင္တ႐ုတ္ပင္လယ္အတြင္း ျပန္လည္ေထာက္ပံ့ေရးမစ္ရွင္ေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ဖိလစ္ပိုင္သမၼတေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၀
ဖိလစ္ပိုင္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ၎ရဲ႕ေရတပ္ကို ျဖန႔္က်က္ခ်ထားတာမ်ိဳး ျပန္လည္ေထာက္ပံ့ေရးမစ္ရွင္ေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက ဒီဇင္ဘာလ(၁၀)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
မၾကာေသးခင္အခ်ိန္အတြင္း တ႐ုတ္သေဘၤာေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈေတြ ျဖစ္ပြားခဲ့ေပမယ့္လည္း ျပန္လည္ေထာက္ပံ့ေရးမစ္ရွင္ေတြ ဆက္လက္လုပ္ေဆာင္မွာနဲ႔ပတ္သက္ၿပီး ၎ရဲ႕ေရတပ္ကို ျဖန႔္က်က္ခ်ထားဖို႔ေတာ့ မလိုအပ္ဘူးလို႔ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက ေျပာၾကားခဲ့ပါတယ္။ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက "အေနာက္ဖိလစ္ပိုင္ပင္လယ္မွာ တင္းမာမႈေတြႀကီးထြားလာမႈမွာ ကြၽန္ေတာ္တို႔ဘယ္ေတာ့မွပါဝင္မွာမဟုတ္ပါဘူး။ ဒါေပမဲ့ ျပန္လည္ေထာက္ပံ့ေရးမစ္ရွင္ေတြကိုေတာ့ ကြၽန္ေတာ္တို႔ဆက္လက္လုပ္ေဆာင္သြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၄)ရက္က တ႐ုတ္ကမ္းေျခေစာင့္သေဘၤာေတြဟာ ျပန္လည္ေထာက္ပံ့ေရးမစ္ရွင္ေတြလုပ္ေဆာင္ေနတဲ့ ဖိလစ္ပိုင္သေဘၤာေတြကို မီးသတ္ပိုက္နဲ႔ထိုးတာေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ဖိလစ္ပိုင္အရာရွိေတြရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။
ဒါ့ျပင္ ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာေတြဟာ တ႐ုတ္ေရတပ္သေဘၤာေတြရဲ႕ ပိတ္ဆို႔တာေတြ၊ေနာက္ ေယာင္ခံလိုက္တာေတြနဲ႔ အႏၲရာယ္ရွိတဲ့ အျပဳအမူလုပ္ရပ္ေတြကို ရင္ဆိုင္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း တ႐ုတ္ေရတပ္ရဲ႕ရန္စတာေတြကေန ကာကြယ္ဖို႔အတြက္ ၎ရဲ႕ကိုယ္ပိုင္ေရတပ္စစ္သေဘၤာေတြကိုေတာ့ ျဖန႔္က်က္ခ်ထားသြားမွာမဟုတ္ဘူးလို႔ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက ေျပာၾကားခဲ့ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆို ထားပါတယ္။ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာရဲ႕ ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုတာကို ဖိလစ္ပိုင္မွာရွိတဲ့တ႐ုတ္သံ႐ုံးက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။