မြောက်ကိုရီးယားက ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုချဲ့ထွင်ဖို့ လုပ်ဆောင်နေ

418

Pika (NP News) - ဇန်နဝါရီ ၁
မြောက်ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝပြီးမတူညီတဲ့ ခရီးသွားလုပ်ငန်းပိုင်ဆိုင်မှုတွေကို အသုံးချဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။
ဒါ့ပြင် ခရီးသွားလုပ်ငန်းကဏ္ဍဟာ ဒေသတွင်းပြန်လည်ထိန်းသိမ်းမှုတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ကင်ဂျုံအန်းကပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းဟာ Kalma ကမ်းရိုးတန်းဒေသဧရိယာကို သွားရောက်လည်ပတ်ခဲ့စဉ်အချိန်အတွင်း နိုင်ငံရဲ့ သဘာဝအလှနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ချီးကျူးခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ခရီးသွားနေရာအလှအပတွေဟာ ကမ္ဘာကြီးကို မနာလိုဖြစ်စေပြီး ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အဓိကဖြစ်တယ်လို့ ကင်ဂျုံအန်းက ထပ်မံပြောကြားခဲ့ပါတယ်။
ကင်ဂျုံအန်းက" နိုင်ငံရေးတည်ငြိမ်မှု၊ အဖွဲ့အစည်းဆိုင်ရာ အားသာချက်တွေနဲ့ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ စီးပွားရေးဆိုင်ရာအခြေအနေတွေနဲ့အတူ မြောက်ကိုရီးယားနိုင်ငံမှာ ချမ်းသာကြွယ်ဝပြီး မတူညီတဲ့ ခရီးသွားအရင်းအမြစ်တွေရှိပါ
တယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် တက်ကြွတဲ့ခရီးသွားလုပ်ငန်းကဏ္ဍဟာ ဆိုရှယ်လစ်ယဉ်ကျေးမှုတည်ဆောက်မှုနယ်ပယ်သစ်ကို ဖွင့်လှစ်နိုင်ပြီး ဒေသတွင်းပြန်လည်ထိန်းသိမ်းမှုနဲ့ အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်တယ်လို့ ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အရှေ့ပင်လယ်ရဲ့ Kalma ကျွန်းဆွယ်မှာတည်ရှိတဲ့ Kalma ကမ်းရိုးတန်းခရီးသွားဇုန်ကို (၂၀၂၅)ခုနှစ် ဇွန်လမှာ ဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။Kalma ကမ်းရိုးတန်းခရီးသွားဇုန်မှာ ဟိုတယ်တွေ၊ ဖျော်ဖြေရေးအဆောက်အအုံတွေနဲ့ ဝန်ဆောင်မှုစင်တာတွေပါဝင်မယ်လို့လည်း သိရပါတယ်။ ကင်ဂျုံအန်းဟာ အဲဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ချီးကျူးခဲ့ပြီး အဲဒီဒေသမှာရှိတဲ့ အခြေခံအဆောက်အအုံတွေဟာ နိုင်ငံအဆင့် နိုင်ငံရေးနဲ့ ယဉ်ကျေးမှုပွဲတွေကို လက်ခံကျင်းပဖို့ သင့်လျော်တယ်လို့ ပြောကြားခဲ့ပါတယ်။
zawgyi version
ေျမာက္ကိုရီးယားက ခရီးသြားလုပ္ငန္းက႑ကို ပိုမိုခ်ဲ႕ထြင္ဖို႔ လုပ္ေဆာင္ေန
Pika (NP News) - ဇန္နဝါရီ ၁
ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ခ်မ္းသာႂကြယ္ဝၿပီးမတူညီတဲ့ ခရီးသြားလုပ္ငန္းပိုင္ဆိုင္မႈေတြကို အသုံးခ်ဖို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက တိုက္တြန္းခဲ့တယ္လို႔သိရပါတယ္။
ဒါ့ျပင္ ခရီးသြားလုပ္ငန္းက႑ဟာ ေဒသတြင္းျပန္လည္ထိန္းသိမ္းမႈေတြနဲ႔ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေတြအတြက္ မရွိမျဖစ္လိုအပ္တယ္လို႔ ကင္ဂ်ဳံအန္းကေျပာၾကားခဲ့ပါတယ္။ ကင္ဂ်ဳံအန္းဟာ Kalma ကမ္း႐ိုးတန္းေဒသဧရိယာကို သြားေရာက္လည္ပတ္ခဲ့စဥ္အခ်ိန္အတြင္း ႏိုင္ငံရဲ႕ သဘာဝအလွနဲ႔ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ခ်ီးက်ဴးခဲ့တယ္လို႔ သိရပါတယ္။ ၿပီးေတာ့ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ခရီးသြားေနရာအလွအပေတြဟာ ကမာၻႀကီးကို မနာလိုျဖစ္ေစၿပီး ဖြံ႕ၿဖိဳးတိုးတက္မႈေတြအတြက္ အဓိကျဖစ္တယ္လို႔ ကင္ဂ်ဳံအန္းက ထပ္မံေျပာၾကားခဲ့ပါတယ္။
ကင္ဂ်ဳံအန္းက" ႏိုင္ငံေရးတည္ၿငိမ္မႈ၊ အဖြဲ႕အစည္းဆိုင္ရာ အားသာခ်က္ေတြနဲ႔ ခရီးသြားလုပ္ ငန္းဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ မရွိမျဖစ္လိုအပ္တဲ့ စီးပြားေရးဆိုင္ရာအေျခအေနေတြနဲ႔အတူ ေျမာက္ကိုရီးယားႏိုင္ငံမွာ ခ်မ္းသာႂကြယ္ဝၿပီး မတူညီတဲ့ ခရီးသြားအရင္းအျမစ္ေတြရွိပါ
တယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ တက္ႂကြတဲ့ခရီးသြားလုပ္ငန္းက႑ဟာ ဆိုရွယ္လစ္ယဥ္ေက်းမႈတည္ေဆာက္မႈနယ္ပယ္သစ္ကို ဖြင့္လွစ္ႏိုင္ၿပီး ေဒသတြင္းျပန္လည္ထိန္းသိမ္းမႈနဲ႔ အမ်ိဳးသားစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ျမႇင့္တင္ေပးႏိုင္တယ္လို႔ ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ အေရွ႕ပင္လယ္ရဲ႕ Kalma ကြၽန္းဆြယ္မွာတည္ရွိတဲ့ Kalma ကမ္း႐ိုးတန္းခရီးသြားဇုန္ကို (၂၀၂၅)ခုႏွစ္ ဇြန္လမွာ ဖြင့္လွစ္ဖို႔စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။Kalma ကမ္း႐ိုးတန္းခရီးသြားဇုန္မွာ ဟိုတယ္ေတြ၊ ေဖ်ာ္ေျဖေရးအေဆာက္အအုံေတြနဲ႔ ဝန္ေဆာင္မႈစင္တာေတြပါဝင္မယ္လို႔လည္း သိရပါတယ္။ ကင္ဂ်ဳံအန္းဟာ အဲဒီေဒသရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈေတြကို ခ်ီးက်ဴးခဲ့ၿပီး အဲဒီေဒသမွာရွိတဲ့ အေျခခံအေဆာက္အအုံေတြဟာ ႏိုင္ငံအဆင့္ ႏိုင္ငံေရးနဲ႔ ယဥ္ေက်းမႈပြဲေတြကို လက္ခံက်င္းပဖို႔ သင့္ေလ်ာ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။