ရည်ရွယ်ချက် မည်မျှကောင်းစေကာမူ လုပ်ရပ်မှားလျှင် ကောင်းသည့်ရည်ရွယ်ချက်ပါပျောက်တတ် သည်ကို ဂရုပြုသင့်သည့် စစ်မှုထမ်းကိစ္စ - အပိုင်း(၇)

630

ကိုနေ(ဥပဒေ) (NP News)
ယခုတစ်ပတ်ဆောင်းပါးကို ဆက်လက် ရေးသားဖော်ပြခြင်းမပြုမီ လက်ရှိ တိုင်းပြည်ကံကြမ္မာ နှင့်ပတ်သက်၍ အင်မတန်မှ လွန်စွာဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ဦးစွာတင်ပြလိုက်ရပါသည်။ အဘက်ဘက်မှကျဆုံးခြင်းများစွာဖြင့် တိုင်းပြည်ဟာ ဆုံးရှုံးမှုပေါင်းများစွာရင်ဆိုင်ကာ တိုးတက်ဖို့အသာ ထား နဂိုအနေအထားပြန်လည်ရောက်ရှိရန်ပင် အင်မတန် အားယူရုန်းထရပေလိမ့်ဦးမည်။ လူမျိုး/ အ သားအရောင်/ဘာသာစကားများတူညီခြင်းမရှိသည့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထား၍ အကူအညီများ ပံ့ပိုးကူညီပေးနေသည်ကိုမြင်တွေ့ရသဖြင့် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်မိသော်လည်း တစ်ဖက်တွင် တစ်နိုင်ငံတည်းသားချင်းများဖြစ်ကြပြီး စိတ်ဝမ်းကွဲမှု ပေါင်းများစွာဖြင့် တိုင်းပြည် အစိတ် စိတ်အမြွှာမြွှာကွဲထွက်သွားနိုင်သည့်ရှေ့ရေးကိုမျှော်တွေးရင်း စိတ်မကောင်းဖြစ်ရပြန်ပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍လည်း အပိုင်း(၁)မှအပိုင်း(၆)အထိ ရေးသားဖော်ပြလာခဲ့ ရာ ယခုတစ်ပတ်တွင် အပိုင်း(၇)သို့ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ရေးသားဖော်ပြခဲ့ပြီးဖြစ်သည့် အပိုင်း (၆)ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၁)၊ ပုံစံ(၂)၊ ပုံစံ(၃-က)၊ ပုံစံ (၃-ခ)၊ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ (၄-ဃ)၊ ပုံစံ(၅)၊ ပုံစံ(၆)၊ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)၊ ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)၊ ပုံစံ(၉) စုစုပေါင်း ပုံစံ(၁၇)မျိုးကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ပတ် အပိုင်း(၇)တွင် ပုံစံ(၁၀)နှင့်ပတ်သက်၍ ဆက် လက်ရေးသား ဖော်ပြလိုက်ရပါသည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၁၀)သည် ပြည်သူ့စစ်မှုထမ်းရန်ဆင့် ခေါ်ရေးအမိန့်စာဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပုံစံ (၁၀)ဖြင့်ဆင့်ခေါ်ခြင်းခံရသည့်အဆင့်ရောက်မှသာ လျှင် ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသည့်အ ဆင့်သို့ရောက်ရှိခြင်းဖြစ်ပါသည်။ မြေပြင်တွင် အဆို ပါ ပုံစံ(၁၀)ဖြင့်ဆင့်ခေါ်သည့်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးဘဲ ပုံစံ(၂)ဖြင့် မှတ်ပုံတင်ရန် ဆင့်ခေါ်ခြင်း/ ပုံစံ(၆)ဖြင့်ဆေးစစ်ဆေးရန်ဆင့်ခေါ်ခြင်းခံရသည့် အဆင့်များတွင်ပင် စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရပြီ ထင်မှတ်၍ ထွက်ပြေးတိမ်းရှောင်သူ အမြောက်အမြားရှိနေကြသည်ကို စိတ်မကောင်းစွာ ကြားသိနေရ သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက် ဆက်တွဲပါ ပုံစံ(၁၀)နှင့်ပတ်သက်၍-
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ-၂၉ တွင် ဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် သို့မဟုတ် ပြည်သူ့စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန် သို့မ ဟုတ် သီးခြားဖော်ပြထားသည့်ကာလအပိုင်း အခြားတစ်ခုအထိ ရွှေ့ဆိုင်းပေးရန်လျှောက်ထားချက်ကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း အကြောင်းကြားစာအားလုံးကို လျှောက်ထားသူများထံသို့ အပြီးသတ်ပေးပို့သည့်နေ့မှစ၍ သတ် မှတ်ရက်အတွင်း အမိန့်စာဆင့်ခေါ်ရမည့် လူစာရင်းကို သက်ဆိုင် ရာ မြို့နယ်အဖွဲ့သို့ ပြန်လည်ပေးပို့ပြီး မိတ္တူကို အဖွဲ့အသီးသီးသို့ပေးပို့ရမည်ဟုလည်းကောင်း၊
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ(၃၀)တွင် မြို့နယ်အဖွဲ့သည် ဗဟိုအဖွဲ့က အ တည်ပြု ပေးသည့်သူများကို အမိန့်စာ ပုံစံ(၁၀)ဖြင့် ပေးပို့ရမည်။ အမိန့်စာတွင် အမိန့်စာလက်ခံရရှိသည့် နေ့မှသတ်မှတ်ရက်အတွင်း သတင်းပို့ရန်နှင့် သတင်းပို့ရမည့် တပ် သို့မဟုတ် ဌာနကို သတ်မှတ်ပေးရ မည်။
ရှင်းလင်းချက်။ အမိန့်စာလက်ခံရရှိသည့်နေ့ဆို သည်မှာ အမိန့်စာဆင့်ခေါ်ခံရသူကိုယ်တိုင်ဖြစ်စေ၊ ယင်း ၏အတူနေ မိသားစုဝင်တစ်ဦးဦးကဖြစ်စေ သက်သေတစ်ဦး၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုး၍ ဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (ခ)ပါ နည်းလမ်းအတိုင်း ပေးပို့သည့်အမိန့်စာကို လက်ခံရယူသည့်နေ့ကိုဆို သည်ဟုလည်းကောင်း၊
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ(၃၁)တွင် မြို့နယ်အဖွဲ့သည်-
(က) နည်းဥပဒေ (၂၉)အရ အမိန့်စာဆင့်ခေါ်ရ မည့်လူစာရင်းအနက် လိုအပ်သည့်အရေအတွက်ပေါ် မူတည်၍ ဆန္ဒပြုသူကို ဦးစားပေးရွေးချယ်ရမည်။
(ခ) ဆန္ဒပြုသူအရေအတွက်သည် လိုအပ်သည့်အရေအတွက်မပြည့်မီလျှင် မဲနှိုက်ရွေးချယ်သည့် နည်း လမ်းဖြင့်ဖြစ်စေ၊ ဗဟိုအဖွဲ့ကသတ်မှတ်ပေးသည့် နည်းလမ်းဖြင့်ဖြစ်စေ ရွေးချယ်ရမည်။
(ဂ) မိသားစုတစ်ခုအတွင်းတွင် ပြည်သူ့စစ်မှုထမ်းရန်အကျုံးဝင်သူ တစ်ဦးထက်ပိုပါက တစ်ဦး တာဝန် ထမ်းဆောင်ပြီးမှ ကျန်သူများကို အလှည့်ကျ ဆင့်ခေါ်ရမည်ဟုလည်းကောင်း အသီးသီးဖော်ပြ ပြဋ္ဌာန်း ထားရှိသည်ကိုတွေ့ရှိရသည်။
စာဖတ်သူများနားလည်စေရန် အကျဉ်းချုပ်ပြောဆိုရသော် မြို့နယ်တစ်မြို့နယ်တွင် ပုံစံ(၆)ဖြင့် ဆေးစစ်ဆေးရန်ဆင့်ခေါ်ခြင်းခံရပြီး ဆေးစစ်ဆေးမှုအောင်မြင်ပြီးနောက် သက်ဆိုင်ရာ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်/ လျှော့ပေါ့ခွင့်/ ရွှေ့ဆိုင်းခွင့် အကျုံးဝင်သူများသည် သက်ဆိုင်ရာ ပုံစံ များဖြစ်သည့် ပုံစံ(၇-က)၊ ပုံစံ (၇-ခ)၊ ပုံစံ(၇-ဂ) တို့ဖြင့် အသီးသီးလျှောက်ထားခွင့်ရှိမည်ဖြစ်ပါသည်။ ထိုသို့လျှောက်ထားမှုများအနက် ပုံစံ(၇-က)ကိုခွင့် ပြုပါက ပုံစံ(၈-က)ဖြင့်လည်းကောင်း၊ ပုံစံ(၇-ခ)ကို ခွင့်ပြုပါက ပုံစံ(၈-ခ) ဖြင့်လည်းကောင်း၊ ပုံစံ(၇- ဂ)ကိုခွင့်ပြုပါက ပုံစံ(၈-ဂ)ဖြင့်လည်းကောင်း၊ ပုံစံ (၇-က)၊ (၇-ခ)၊ (၇-ဂ)တို့ကိုငြင်းပယ်ပါက ပုံစံ(၉)ဖြင့်လည်းကောင်း ဗဟိုပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့မှ ပြန်ကြားမည်ဖြစ်ပါသည်။ ထိုသို့ပြန်ကြားခဲ့ပြီးနောက် သတ်မှတ်ရက်အတွင်း ပြည်သူ့စစ်မှုထမ်း ရန် အမိန့်စာဆင့်ခေါ်ရမည့်လူစာရင်းကို ဗဟိုပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ သက်ဆိုင်ရာမြို့နယ် အဖွဲ့သို့ ပေးပို့လာမည်ဖြစ်ပြီး မိတ္တူကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ(သို့မဟုတ်) ခရိုင်အဆင့်/ နေပြည်တော်အဖွဲ့ သို့မဟုတ် သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်အဆင့် အဖွဲ့အသီးသီးသို့ပေးပို့မည်ဖြစ်ပါ သည်။ မြို့နယ်အဖွဲ့သည် ဗဟို့အဖွဲ့မှပေးပို့ လာသည့် ပြည်သူ့စစ်မှုထမ်းရန်အတည်ပြုပေးသူများကို အမိန့် စာပုံစံ(၁၀)ဖြင့် ဆင့်ခေါ်မည်ဖြစ်ပါသည်။ မြို့နယ်အဖွဲ့ကဆင့်ခေါ်သည့် ပုံစံ(၁၀)တွင် ဆင့်ခေါ်ခံရသူသည် သတ်မှတ်ရက်အတွင်း သွားရောက် သတင်းပို့ရမည့် တပ်သို့မဟုတ်ဌာနကိုလည်း ထည့်သွင်းဖော်ပြပေး မည်ဖြစ်သည်။ ဗဟိုအဖွဲ့မှ ပေးပို့လာ သည့် ပြည်သူ့စစ် မှုထမ်းရန်အတည်ပြုပေးသည့်သူများ လူစာရင်းအနက် လိုအပ်သည့်အရေအတွက် ပေါ်မူတည်၍ မြို့ နယ်အဖွဲ့မှဆန္ဒပြုသူကို ဦးစားပေးရွေးချယ်မည်ဖြစ်ပါသည်။ ဆန္ဒပြုသူအရေအတွက် မပြည့်မီလျှင် မဲနှိုက်ရွေးချယ်သည့်နည်းလမ်းဖြင့်ဖြစ်စေ၊ ဗဟိုအဖွဲ့က သတ်မှတ်ပေးသည့်နည်းလမ်း ဖြင့်ဖြစ်စေ ရွေးချယ်မည်ဖြစ်သည်။ မိသားစုတစ်စုအတွင်းတွင် ပြည်သူ့စစ်မှုထမ်းရန်အကျုံးဝင်သူ တစ်ဦး ထက်ပိုပါက တစ်ဦး တာဝန်ထမ်းဆောင်ပြီးမှ ကျန်သူများကို အလှည့်ကျ ဆင့်ခေါ်ရမည်ဖြစ်သည်။ “ဆိုလိုသည်မှာ မြို့နယ်တစ် မြို့နယ်တွင် ပုံစံ(၆)ဖြင့် ဆေးစစ်ပြီးနောက် ဆေးအောင်ခဲ့ကြပြီး သက်ဆိုင် ရာပုံစံများဖြစ်ကြသည့် (၇-က)၊ (၇-ခ)၊ (၇-ဂ)၊ (၈-က)၊ (၈-ခ)၊ (၈-ဂ)၊ (၉) တို့ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်လည်း ပြီးမြောက်ပြီးနောက် ပြည်သူ့စစ်မှုထမ်းရန် ကျန်ရှိသည့် အသင့်ရှိလူဦးရေစာရင်းမှာ (၅၀)ဦးခန့်ရှိပြီး ဗဟိုအ ဖွဲ့မှ အဆိုပါမြို့နယ်အတွက် စစ်မှုထမ်းရန်သတ်မှတ် ပေးသည့်လူစာရင်းမှာ (၂၀)ဦးခန့်သာဖြစ်လျှင် ရှိရင်း လူဦးရေစာရင်း(၅၀)ဦးထဲမှ ဦးစားပေးဆန္ဒပြုသူ လူ စာရင်း (၂၀)ဦးကို ဦးစားပေးရွေးချယ်မည်ဖြစ်ပါသည်။ ပြည်သူ့စစ်မှုထမ်းရန်ဦးစားပေးဆန္ဒပြုသူလူစာရင်း (၂၀)မရှိပါက လိုအပ်သည့်အရေအတွက်အတွက် မဲနှိုက်ရွေးချယ်ခြင်းဖြင့်သော်လည်းကောင်း၊ ဗဟိုအဖွဲ့ကသတ်မှတ် ပေးသည့် နည်းလမ်းဖြင့်သော်လည်း ကောင်း ရွေးချယ်မည်ဖြစ်ပါသည်။ ထိုသို့ရွေးချယ်ရာတွင် မိသားစု တစ်စုအတွင်းတွင် ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူမှာ တစ်ဦးထက်ပိုပါက တစ်ဦးတာဝန်ထမ်းဆောင် ပြီးမှသာ ကျန်သူများကို အလှည့်ကျဆင့်ခေါ်မည်ဖြစ်ပါသည်။}
ထိုသို့ ပုံစံ(၁၀)ဖြင့် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ- ၁၀(က) တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့၏ ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း ခံရသူသည် ဆင့်ခေါ်ရေးအမိန့်စာတွင် ဖော်ပြထားသော တပ် သို့မဟုတ် ဌာနသို့သတ်မှတ်ကာလအတွင်း မပျက်မကွက်သတင်းပို့ရမည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ- ၁၀(ခ)တွင် ဤဥပဒေနှင့်စပ်လျဉ်းသည့် ကိစ္စတစ်ခုခုအတွက် စစ်မှုထမ်းရမည့် အသက်အရွယ် ရောက်သူတစ်ဦးဦးထံသို့ပေးပို့သော ဆင့်ခေါ်ရေး အမိန့်စာကို သက်ဆိုင်ရာပုဂ္ဂိုလ်ထံသို့ပေးပို့ရမည်။ အကယ်၍ ယင်းပုဂ္ဂိုလ်ကိုမတွေ့ရှိပါက အတူနေ မိသားစုဝင် တစ်ဦးဦး၏လက်ဝယ်သို့ သက်သေတစ်ဦး ၏ရှေ့မှောက်တွင် ပေးအပ်ရမည်။ ထိုဆင့်ခေါ်ရေး အမိန့်စာသည် စစ်မှုထမ်းရမည့်သူကို တိုက်ရိုက်ပေးပြီး ဖြစ်သကဲ့သို့ မှတ်ယူရမည်ဟုသတ်မှတ်ပြဋ္ဌာန်း ထားကာ ပြည်သူ့ စစ်မှုထမ်းဥပဒေပုဒ်မ- ၂၃(ဂ)တွင် ဆေးစစ်ခြင်း အောင်မြင်သော်လည်း ပုဒ်မ (၁၀) အရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ချိန်တွင် လာရောက် သတင်းပို့ရန်ပျက်ကွက်ခြင်းကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားရှိသည်ကို တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ များ နောက်ဆက်တွဲပါ ပုံစံ(၁၀) ဖြင့် ပြည်သူ့စစ်မှုထမ်း ရန်ဆင့်ခေါ်ရေးအမိန့်စာဖြင့် ဆင့်ခေါ်ခြင်းခံရလာပါက အဆိုပါ ဆင့်ခေါ်ရေးအမိန့်စာကိုလက်ခံရရှိသည့် နေ့မှစ၍ သတ်မှတ်ရက်အတွင်း အဆိုပါ ဆင့်ခေါ်ရေးအမိန့်စာတွင်ဖော်ပြထားသော သတင်းပို့ရမည့် တပ် သို့မဟုတ် ဌာနသို့ မဖြစ်မနေ သွားရောက်သတင်းပို့ဆက်သွယ်ရမည်ဖြစ်ပြီး အကြောင်းပြချက်ခိုင်လုံမှု မရှိဘဲ ပျက်ကွက်ပါက ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- ၂၃(ဂ) ဖြင့် အမှုဖွင့်တရားစွဲဆိုအရေးယူခြင်းခံရမည် ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများပါ နောက်ဆက်တွဲပုံစံများကို ပြည်သူ့စစ် မှုထမ်း ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အတူ ဆက်လက်ရေးသားဖော်ပြပေးပါဦးမည်။

Zawgyi Version:
ရည္႐ြယ္ခ်က္ မည္မွ်ေကာင္းေစကာမူ လုပ္ရပ္မွားလွ်င္ ေကာင္းသည့္ရည္႐ြယ္ခ်က္ပါေပ်ာက္တတ္ သည္ကို ဂ႐ုျပဳသင့္သည့္ စစ္မႈထမ္းကိစၥ - အပိုင္း(၇)
ကိုေန(ဥပေဒ) (NP News)
ယခုတစ္ပတ္ေဆာင္းပါးကို ဆက္လက္ ေရးသားေဖာ္ျပျခင္းမျပဳမီ လက္ရွိ တိုင္းျပည္ကံၾကမၼာ ႏွင့္ပတ္သက္၍ အင္မတန္မွ လြန္စြာဝမ္းနည္း စိတ္မေကာင္းျဖစ္ရေၾကာင္း ဦးစြာတင္ျပလိုက္ရပါသည္။ အဘက္ဘက္မွက်ဆုံးျခင္းမ်ားစြာျဖင့္ တိုင္းျပည္ဟာ ဆုံးရႈံးမႈေပါင္းမ်ားစြာရင္ဆိုင္ကာ တိုးတက္ဖို႔အသာ ထား နဂိုအေနအထားျပန္လည္ေရာက္ရွိရန္ပင္ အင္မတန္ အားယူ႐ုန္းထရေပလိမ့္ဦးမည္။ လူမ်ိဳး/ အ သားအေရာင္/ဘာသာစကားမ်ားတူညီျခင္းမရွိသည့္ ႏိုင္ငံတကာမွ လူသားခ်င္းစာနာေထာက္ထား၍ အကူအညီမ်ား ပံ့ပိုးကူညီေပးေနသည္ကိုျမင္ေတြ႕ရသျဖင့္ လြန္စြာဝမ္းေျမာက္ဝမ္းသာျဖစ္မိေသာ္လည္း တစ္ဖက္တြင္ တစ္ႏိုင္ငံတည္းသားခ်င္းမ်ားျဖစ္ၾကၿပီး စိတ္ဝမ္းကြဲမႈ ေပါင္းမ်ားစြာျဖင့္ တိုင္းျပည္ အစိတ္ စိတ္အႁမႊာႁမႊာကြဲထြက္သြားႏိုင္သည့္ေရွ႕ေရးကိုေမွ်ာ္ေတြးရင္း စိတ္မေကာင္းျဖစ္ရျပန္ပါသည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ပတ္သက္၍လည္း အပိုင္း(၁)မွအပိုင္း(၆)အထိ ေရးသားေဖာ္ျပလာခဲ့ ရာ ယခုတစ္ပတ္တြင္ အပိုင္း(၇)သို႔ေရာက္ရွိလာခဲ့ၿပီျဖစ္ပါသည္။ ေရးသားေဖာ္ျပခဲ့ၿပီးျဖစ္သည့္ အပိုင္း (၆)ပိုင္းတြင္ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၁)၊ ပုံစံ(၂)၊ ပုံစံ(၃-က)၊ ပုံစံ (၃-ခ)၊ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ (၄-ဃ)၊ ပုံစံ(၅)၊ ပုံစံ(၆)၊ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)၊ ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)၊ ပုံစံ(၉) စုစုေပါင္း ပုံစံ(၁၇)မ်ိဳးကို သက္ဆိုင္ရာဥပေဒ၊ နည္းဥပေဒပါ ျပ႒ာန္းခ်က္မ်ား ႏွင့္အညီ ေရးသားေဖာ္ျပခဲ့ၿပီးျဖစ္ပါသည္။ ယခုတစ္ပတ္ အပိုင္း(၇)တြင္ ပုံစံ(၁၀)ႏွင့္ပတ္သက္၍ ဆက္ လက္ေရးသား ေဖာ္ျပလိုက္ရပါသည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၁၀)သည္ ျပည္သူ႔စစ္မႈထမ္းရန္ဆင့္ ေခၚေရးအမိန႔္စာျဖစ္ပါသည္။ တစ္နည္းအားျဖင့္ ပုံစံ (၁၀)ျဖင့္ဆင့္ေခၚျခင္းခံရသည့္အဆင့္ေရာက္မွသာ လွ်င္ ျပည္သူ႔စစ္မႈထမ္းရန္ဆင့္ေခၚျခင္းခံရသည့္အ ဆင့္သို႔ေရာက္ရွိျခင္းျဖစ္ပါသည္။ ေျမျပင္တြင္ အဆို ပါ ပုံစံ(၁၀)ျဖင့္ဆင့္ေခၚသည့္အဆင့္သို႔ ေရာက္ရွိျခင္း မရွိေသးဘဲ ပုံစံ(၂)ျဖင့္ မွတ္ပုံတင္ရန္ ဆင့္ေခၚျခင္း/ ပုံစံ(၆)ျဖင့္ေဆးစစ္ေဆးရန္ဆင့္ေခၚျခင္းခံရသည့္ အဆင့္မ်ားတြင္ပင္ စစ္မႈထမ္းရန္ဆင့္ေခၚျခင္းခံရၿပီ ထင္မွတ္၍ ထြက္ေျပးတိမ္းေရွာင္သူ အေျမာက္အျမားရွိေနၾကသည္ကို စိတ္မေကာင္းစြာ ၾကားသိေနရ သည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ ဆက္တြဲပါ ပုံစံ(၁၀)ႏွင့္ပတ္သက္၍-
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ-၂၉ တြင္ ဗဟိုအဖြဲ႕သည္ ျပည္သူ႔စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ျပဳရန္ သို႔မဟုတ္ ျပည္သူ႔စစ္မႈထမ္းရမည့္ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ေပးရန္ သို႔မ ဟုတ္ သီးျခားေဖာ္ျပထားသည့္ကာလအပိုင္း အျခားတစ္ခုအထိ ေ႐ႊ႕ဆိုင္းေပးရန္ေလွ်ာက္ထားခ်က္ကို ခြင့္ျပဳေၾကာင္း သို႔မဟုတ္ ျငင္းပယ္ေၾကာင္း အေၾကာင္းၾကားစာအားလုံးကို ေလွ်ာက္ထားသူမ်ားထံသို႔ အၿပီးသတ္ေပးပို႔သည့္ေန႔မွစ၍ သတ္ မွတ္ရက္အတြင္း အမိန႔္စာဆင့္ေခၚရမည့္ လူစာရင္းကို သက္ဆိုင္ ရာ ၿမိဳ႕နယ္အဖြဲ႕သို႔ ျပန္လည္ေပးပို႔ၿပီး မိတၱဴကို အဖြဲ႕အသီးသီးသို႔ေပးပို႔ရမည္ဟုလည္းေကာင္း၊
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ(၃၀)တြင္ ၿမိဳ႕နယ္အဖြဲ႕သည္ ဗဟိုအဖြဲ႕က အ တည္ျပဳ ေပးသည့္သူမ်ားကို အမိန႔္စာ ပုံစံ(၁၀)ျဖင့္ ေပးပို႔ရမည္။ အမိန႔္စာတြင္ အမိန႔္စာလက္ခံရရွိသည့္ ေန႔မွသတ္မွတ္ရက္အတြင္း သတင္းပို႔ရန္ႏွင့္ သတင္းပို႔ရမည့္ တပ္ သို႔မဟုတ္ ဌာနကို သတ္မွတ္ေပးရ မည္။
ရွင္းလင္းခ်က္။ အမိန႔္စာလက္ခံရရွိသည့္ေန႔ဆို သည္မွာ အမိန႔္စာဆင့္ေခၚခံရသူကိုယ္တိုင္ျဖစ္ေစ၊ ယင္း ၏အတူေန မိသားစုဝင္တစ္ဦးဦးကျဖစ္ေစ သက္ေသတစ္ဦး၏ေရွ႕ေမွာက္တြင္ လက္မွတ္ေရးထိုး၍ ဥပေဒ ပုဒ္မ ၁၀ ပုဒ္မခြဲ (ခ)ပါ နည္းလမ္းအတိုင္း ေပးပို႔သည့္အမိန႔္စာကို လက္ခံရယူသည့္ေန႔ကိုဆို သည္ဟုလည္းေကာင္း၊
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ(၃၁)တြင္ ၿမိဳ႕နယ္အဖြဲ႕သည္-
(က) နည္းဥပေဒ (၂၉)အရ အမိန႔္စာဆင့္ေခၚရ မည့္လူစာရင္းအနက္ လိုအပ္သည့္အေရအတြက္ေပၚ မူတည္၍ ဆႏၵျပဳသူကို ဦးစားေပးေ႐ြးခ်ယ္ရမည္။
(ခ) ဆႏၵျပဳသူအေရအတြက္သည္ လိုအပ္သည့္အေရအတြက္မျပည့္မီလွ်င္ မဲႏႈိက္ေ႐ြးခ်ယ္သည့္ နည္း လမ္းျဖင့္ျဖစ္ေစ၊ ဗဟိုအဖြဲ႕ကသတ္မွတ္ေပးသည့္ နည္းလမ္းျဖင့္ျဖစ္ေစ ေ႐ြးခ်ယ္ရမည္။
(ဂ) မိသားစုတစ္ခုအတြင္းတြင္ ျပည္သူ႔စစ္မႈထမ္းရန္အက်ဳံးဝင္သူ တစ္ဦးထက္ပိုပါက တစ္ဦး တာဝန္ ထမ္းေဆာင္ၿပီးမွ က်န္သူမ်ားကို အလွည့္က် ဆင့္ေခၚရမည္ဟုလည္းေကာင္း အသီးသီးေဖာ္ျပ ျပ႒ာန္း ထားရွိသည္ကိုေတြ႕ရွိရသည္။
စာဖတ္သူမ်ားနားလည္ေစရန္ အက်ဥ္းခ်ဳပ္ေျပာဆိုရေသာ္ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္တြင္ ပုံစံ(၆)ျဖင့္ ေဆးစစ္ေဆးရန္ဆင့္ေခၚျခင္းခံရၿပီး ေဆးစစ္ေဆးမႈေအာင္ျမင္ၿပီးေနာက္ သက္ဆိုင္ရာ ျပည္သူ႔စစ္မႈ ထမ္းေဆာင္ျခင္းမွ ကင္းလြတ္ခြင့္/ ေလွ်ာ့ေပါ့ခြင့္/ ေ႐ႊ႕ဆိုင္းခြင့္ အက်ဳံးဝင္သူမ်ားသည္ သက္ဆိုင္ရာ ပုံစံ မ်ားျဖစ္သည့္ ပုံစံ(၇-က)၊ ပုံစံ (၇-ခ)၊ ပုံစံ(၇-ဂ) တို႔ျဖင့္ အသီးသီးေလွ်ာက္ထားခြင့္ရွိမည္ျဖစ္ပါသည္။ ထိုသို႔ေလွ်ာက္ထားမႈမ်ားအနက္ ပုံစံ(၇-က)ကိုခြင့္ ျပဳပါက ပုံစံ(၈-က)ျဖင့္လည္းေကာင္း၊ ပုံစံ(၇-ခ)ကို ခြင့္ျပဳပါက ပုံစံ(၈-ခ) ျဖင့္လည္းေကာင္း၊ ပုံစံ(၇- ဂ)ကိုခြင့္ျပဳပါက ပုံစံ(၈-ဂ)ျဖင့္လည္းေကာင္း၊ ပုံစံ (၇-က)၊ (၇-ခ)၊ (၇-ဂ)တို႔ကိုျငင္းပယ္ပါက ပုံစံ(၉)ျဖင့္လည္းေကာင္း ဗဟိုျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး အဖြဲ႕မွ ျပန္ၾကားမည္ျဖစ္ပါသည္။ ထိုသို႔ျပန္ၾကားခဲ့ၿပီးေနာက္ သတ္မွတ္ရက္အတြင္း ျပည္သူ႔စစ္မႈထမ္း ရန္ အမိန႔္စာဆင့္ေခၚရမည့္လူစာရင္းကို ဗဟိုျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မွ သက္ဆိုင္ရာၿမိဳ႕နယ္ အဖြဲ႕သို႔ ေပးပို႔လာမည္ျဖစ္ၿပီး မိတၱဴကို သက္ဆိုင္ရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း (သို႔မဟုတ္) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရေဒသ(သို႔မဟုတ္) ခ႐ိုင္အဆင့္/ ေနျပည္ေတာ္အဖြဲ႕ သို႔မဟုတ္ သက္ဆိုင္ရာတိုင္း ေဒသႀကီး/ ျပည္နယ္အဆင့္ အဖြဲ႕အသီးသီးသို႔ေပးပို႔မည္ျဖစ္ပါ သည္။ ၿမိဳ႕နယ္အဖြဲ႕သည္ ဗဟို႔အဖြဲ႕မွေပးပို႔ လာသည့္ ျပည္သူ႔စစ္မႈထမ္းရန္အတည္ျပဳေပးသူမ်ားကို အမိန႔္ စာပုံစံ(၁၀)ျဖင့္ ဆင့္ေခၚမည္ျဖစ္ပါသည္။ ၿမိဳ႕နယ္အဖြဲ႕ကဆင့္ေခၚသည့္ ပုံစံ(၁၀)တြင္ ဆင့္ေခၚခံရသူသည္ သတ္မွတ္ရက္အတြင္း သြားေရာက္ သတင္းပို႔ရမည့္ တပ္သို႔မဟုတ္ဌာနကိုလည္း ထည့္သြင္းေဖာ္ျပေပး မည္ျဖစ္သည္။ ဗဟိုအဖြဲ႕မွ ေပးပို႔လာ သည့္ ျပည္သူ႔စစ္ မႈထမ္းရန္အတည္ျပဳေပးသည့္သူမ်ား လူစာရင္းအနက္ လိုအပ္သည့္အေရအတြက္ ေပၚမူတည္၍ ၿမိဳ႕ နယ္အဖြဲ႕မွဆႏၵျပဳသူကို ဦးစားေပးေ႐ြးခ်ယ္မည္ျဖစ္ပါသည္။ ဆႏၵျပဳသူအေရအတြက္ မျပည့္မီလွ်င္ မဲႏႈိက္ေ႐ြးခ်ယ္သည့္နည္းလမ္းျဖင့္ျဖစ္ေစ၊ ဗဟိုအဖြဲ႕က သတ္မွတ္ေပးသည့္နည္းလမ္း ျဖင့္ျဖစ္ေစ ေ႐ြးခ်ယ္မည္ျဖစ္သည္။ မိသားစုတစ္စုအတြင္းတြင္ ျပည္သူ႔စစ္မႈထမ္းရန္အက်ဳံးဝင္သူ တစ္ဦး ထက္ပိုပါက တစ္ဦး တာဝန္ထမ္းေဆာင္ၿပီးမွ က်န္သူမ်ားကို အလွည့္က် ဆင့္ေခၚရမည္ျဖစ္သည္။ “ဆိုလိုသည္မွာ ၿမိဳ႕နယ္တစ္ ၿမိဳ႕နယ္တြင္ ပုံစံ(၆)ျဖင့္ ေဆးစစ္ၿပီးေနာက္ ေဆးေအာင္ခဲ့ၾကၿပီး သက္ဆိုင္ ရာပုံစံမ်ားျဖစ္ၾကသည့္ (၇-က)၊ (၇-ခ)၊ (၇-ဂ)၊ (၈-က)၊ (၈-ခ)၊ (၈-ဂ)၊ (၉) တို႔ျဖင့္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္လည္း ၿပီးေျမာက္ၿပီးေနာက္ ျပည္သူ႔စစ္မႈထမ္းရန္ က်န္ရွိသည့္ အသင့္ရွိလူဦးေရစာရင္းမွာ (၅၀)ဦးခန႔္ရွိၿပီး ဗဟိုအ ဖြဲ႕မွ အဆိုပါၿမိဳ႕နယ္အတြက္ စစ္မႈထမ္းရန္သတ္မွတ္ ေပးသည့္လူစာရင္းမွာ (၂၀)ဦးခန႔္သာျဖစ္လွ်င္ ရွိရင္း လူဦးေရစာရင္း(၅၀)ဦးထဲမွ ဦးစားေပးဆႏၵျပဳသူ လူ စာရင္း (၂၀)ဦးကို ဦးစားေပးေ႐ြးခ်ယ္မည္ျဖစ္ပါသည္။ ျပည္သူ႔စစ္မႈထမ္းရန္ဦးစားေပးဆႏၵျပဳသူလူစာရင္း (၂၀)မရွိပါက လိုအပ္သည့္အေရအတြက္အတြက္ မဲႏႈိက္ေ႐ြးခ်ယ္ျခင္းျဖင့္ေသာ္လည္းေကာင္း၊ ဗဟိုအဖြဲ႕ကသတ္မွတ္ ေပးသည့္ နည္းလမ္းျဖင့္ေသာ္လည္း ေကာင္း ေ႐ြးခ်ယ္မည္ျဖစ္ပါသည္။ ထိုသို႔ေ႐ြးခ်ယ္ရာတြင္ မိသားစု တစ္စုအတြင္းတြင္ ျပည္သူ႔စစ္မႈထမ္းရန္ အက်ဳံးဝင္သူမွာ တစ္ဦးထက္ပိုပါက တစ္ဦးတာဝန္ထမ္းေဆာင္ ၿပီးမွသာ က်န္သူမ်ားကို အလွည့္က်ဆင့္ေခၚမည္ျဖစ္ပါသည္။}
ထိုသို႔ ပုံစံ(၁၀)ျဖင့္ ျပည္သူ႔စစ္မႈထမ္းရန္ ဆင့္ေခၚျခင္းႏွင့္ပတ္သက္၍ ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ- ၁၀(က) တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး ၿမိဳ႕နယ္အဖြဲ႕၏ ျပည္သူ႔စစ္မႈထမ္းရန္ဆင့္ေခၚျခင္း ခံရသူသည္ ဆင့္ေခၚေရးအမိန႔္စာတြင္ ေဖာ္ျပထားေသာ တပ္ သို႔မဟုတ္ ဌာနသို႔သတ္မွတ္ကာလအတြင္း မပ်က္မကြက္သတင္းပို႔ရမည္။ ျပည္သူ႔စစ္မႈထမ္း ဥပေဒပုဒ္မ- ၁၀(ခ)တြင္ ဤဥပေဒႏွင့္စပ္လ်ဥ္းသည့္ ကိစၥတစ္ခုခုအတြက္ စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ ေရာက္သူတစ္ဦးဦးထံသို႔ေပးပို႔ေသာ ဆင့္ေခၚေရး အမိန႔္စာကို သက္ဆိုင္ရာပုဂၢိဳလ္ထံသို႔ေပးပို႔ရမည္။ အကယ္၍ ယင္းပုဂၢိဳလ္ကိုမေတြ႕ရွိပါက အတူေန မိသားစုဝင္ တစ္ဦးဦး၏လက္ဝယ္သို႔ သက္ေသတစ္ဦး ၏ေရွ႕ေမွာက္တြင္ ေပးအပ္ရမည္။ ထိုဆင့္ေခၚေရး အမိန႔္စာသည္ စစ္မႈထမ္းရမည့္သူကို တိုက္႐ိုက္ေပးၿပီး ျဖစ္သကဲ့သို႔ မွတ္ယူရမည္ဟုသတ္မွတ္ျပ႒ာန္း ထားကာ ျပည္သူ႔ စစ္မႈထမ္းဥပေဒပုဒ္မ- ၂၃(ဂ)တြင္ ေဆးစစ္ျခင္း ေအာင္ျမင္ေသာ္လည္း ပုဒ္မ (၁၀) အရ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးၿမိဳ႕နယ္အဖြဲ႕က ျပည္သူ႔စစ္မႈထမ္းရန္ဆင့္ေခၚခ်ိန္တြင္ လာေရာက္ သတင္းပို႔ရန္ပ်က္ကြက္ျခင္းကို ခိုင္လုံေသာ အေၾကာင္းျပခ်က္မရွိဘဲ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစခ်မွတ္ ရမည္ဟု သတ္မွတ္ျပ႒ာန္းထားရွိသည္ကို ေတြ႕ရွိရပါသည္။
သို႔ျဖစ္ပါ၍ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒ မ်ား ေနာက္ဆက္တြဲပါ ပုံစံ(၁၀) ျဖင့္ ျပည္သူ႔စစ္မႈထမ္း ရန္ဆင့္ေခၚေရးအမိန႔္စာျဖင့္ ဆင့္ေခၚျခင္းခံရလာပါက အဆိုပါ ဆင့္ေခၚေရးအမိန႔္စာကိုလက္ခံရရွိသည့္ ေန႔မွစ၍ သတ္မွတ္ရက္အတြင္း အဆိုပါ ဆင့္ေခၚေရးအမိန႔္စာတြင္ေဖာ္ျပထားေသာ သတင္းပို႔ရမည့္ တပ္ သို႔မဟုတ္ ဌာနသို႔ မျဖစ္မေန သြားေရာက္သတင္းပို႔ဆက္သြယ္ရမည္ျဖစ္ၿပီး အေၾကာင္းျပခ်က္ခိုင္လုံမႈ မရွိဘဲ ပ်က္ကြက္ပါက ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ- ၂၃(ဂ) ျဖင့္ အမႈဖြင့္တရားစြဲဆိုအေရးယူျခင္းခံရမည္ ျဖစ္ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါသည္။
ဆက္လက္၍ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ားပါ ေနာက္ဆက္တြဲပုံစံမ်ားကို ျပည္သူ႔စစ္ မႈထမ္း ဥပေဒ၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အတူ ဆက္လက္ေရးသားေဖာ္ျပေပးပါဦးမည္။