ရုရှားနှင့် မြောက်ကိုရီးယားကြား လမ်းတံတားသစ်တစ်ခုကို စတင်တည်ဆောက်

 381

Pika (NP News) - မေ ၂

ရုရှားနှင့်မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းလာ စေရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် Tumen မြစ်ကို ဖြတ်သန်းသွားမည့် လမ်းတံတားတစ်ခု တည်ဆောက် မှုကို ဧပြီလ(၃၀)ရက်တွင် စတင်ခဲ့ကြောင်း ရုရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကိုရီးယားစစ်ပွဲအပြီး (၁၉၅၉) ခုနှစ်တွင် တာဝန်ပေးအပ်ခဲ့သော ရထားလမ်းတံတားတစ်ခုဖြစ်သော လက်ရှိ ချစ်ကြည်ရေးတံတားအနီးတွင် အဆိုပါတံတားအသစ်ကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရုရှားနှင့် မြောက်ကိုရီးယားတံတားသစ်တည်ဆောက်မှုစတင်ခြင်းအတွက် ရည်ရွယ်သည့်အခမ်းအနားကို ရုရှား ဝန်ကြီးချုပ်မီခေးလ်မီရှူစတင်က တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ တံတားသစ်တည်ဆောက်မှုသည် ရုရှား-မြောက်ကိုရီးယားဆက်ဆံရေးတွင် အရေးပါသောလုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း မီခေးလ်မီရှူစတင်က ပြောကြားခဲ့သည်။ မီခေးလ်မီရှူစတင်က “ဒီတံတားသစ်တည်ဆောက်မှု အတွက် အရေးပါမှုက အင်ဂျင်နီယာလုပ်ငန်းတာဝန်တစ်ခုထက် သာလွန်ပါတယ်။ ဒီတံတားအသစ်ဟာ ချစ်ကြည် ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းဆက်ဆံရေး ခိုင်မာစေဖို့ နဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာစေလိုတဲ့ ကျွန်တော်တို့ရဲ့ဘုံဆန္ဒကို ကိုယ်စားပြုပါတယ်” ဟု ပြောခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် ဆွေးနွေးခဲ့ရသော တံတားအသစ်သည် အရှည်(၈၅၀)မီတာရှိမည်ဖြစ်ပြီး ရုရှား အဝေးပြေးလမ်းစနစ် နှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ (၂၀၂၄)ခုနှစ်တွင် မြောက်ကိုရီးယားသို့ ရုရှား သမ္မတပူတင် လာရောက်လည်ပတ်စဉ်အချိန်အတွင်း အဆိုပါတံတားသစ်တည်ဆောက်မှုအတွက် သဘောတူညီခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ရုရှားနှင့် မြောက်ကိုရီးယားကြား ဆက်သွယ်ပေးမည့် တံတားအသစ်သည် (၂၀၂၆) ခုနှစ် နွေရာသီတွင် အဆင်သင့်ဖြစ်လိမ့်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံထုတ် Kommersant သတင်းစာ က ရေးသားဖော်ပြခဲ့သည်။

Zawgyi Version:
႐ုရွားႏွင့္ ေျမာက္ကိုရီးယားၾကား လမ္းတံတားသစ္တစ္ခုကို စတင္တည္ေဆာက္
Pika (NP News) - ေမ ၂

႐ုရွားႏွင့္ေျမာက္ကိုရီးယားတို႔သည္ ႏွစ္ႏိုင္ငံၾကား မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဆက္ဆံေရး ပိုမိုအားေကာင္းလာ ေစရန္ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနျဖင့္ Tumen ျမစ္ကို ျဖတ္သန္းသြားမည့္ လမ္းတံတားတစ္ခု တည္ေဆာက္ မႈကို ဧၿပီလ(၃၀)ရက္တြင္ စတင္ခဲ့ေၾကာင္း ႐ုရွားဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။
ကိုရီးယားစစ္ပြဲအၿပီး (၁၉၅၉) ခုႏွစ္တြင္ တာဝန္ေပးအပ္ခဲ့ေသာ ရထားလမ္းတံတားတစ္ခုျဖစ္ေသာ လက္ရွိ ခ်စ္ၾကည္ေရးတံတားအနီးတြင္ အဆိုပါတံတားအသစ္ကို တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ႐ုရွားႏွင့္ ေျမာက္ကိုရီးယားတံတားသစ္တည္ေဆာက္မႈစတင္ျခင္းအတြက္ ရည္႐ြယ္သည့္အခမ္းအနားကို ႐ုရွား ဝန္ႀကီးခ်ဳပ္မီေခးလ္မီရႉစတင္က တက္ေရာက္ခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါ တံတားသစ္တည္ေဆာက္မႈသည္ ႐ုရွား-ေျမာက္ကိုရီးယားဆက္ဆံေရးတြင္ အေရးပါေသာလုပ္ငန္းစဥ္ တစ္ခုျဖစ္ေၾကာင္း မီေခးလ္မီရႉစတင္က ေျပာၾကားခဲ့သည္။ မီေခးလ္မီရႉစတင္က “ဒီတံတားသစ္တည္ေဆာက္မႈ အတြက္ အေရးပါမႈက အင္ဂ်င္နီယာလုပ္ငန္းတာဝန္တစ္ခုထက္ သာလြန္ပါတယ္။ ဒီတံတားအသစ္ဟာ ခ်စ္ၾကည္ ရင္းႏွီးမႈ၊ အိမ္နီးခ်င္းေကာင္းဆက္ဆံေရး ခိုင္မာေစဖို႔ နဲ႔ ေဒသတြင္းပူးေပါင္းေဆာင္႐ြက္မႈတိုးျမင့္လာေစလိုတဲ့ ကြၽန္ေတာ္တို႔ရဲ႕ဘုံဆႏၵကို ကိုယ္စားျပဳပါတယ္” ဟု ေျပာခဲ့သည္။
ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေဆြးေႏြးခဲ့ရေသာ တံတားအသစ္သည္ အရွည္(၈၅၀)မီတာရွိမည္ျဖစ္ၿပီး ႐ုရွား အေဝးေျပးလမ္းစနစ္ ႏွင့္ ခ်ိတ္ဆက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ (၂၀၂၄)ခုႏွစ္တြင္ ေျမာက္ကိုရီးယားသို႔ ႐ုရွား သမၼတပူတင္ လာေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း အဆိုပါတံတားသစ္တည္ေဆာက္မႈအတြက္ သေဘာတူညီခဲ့ ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ႐ုရွားႏွင့္ ေျမာက္ကိုရီးယားၾကား ဆက္သြယ္ေပးမည့္ တံတားအသစ္သည္ (၂၀၂၆) ခုႏွစ္ ေႏြရာသီတြင္ အဆင္သင့္ျဖစ္လိမ့္မည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံထုတ္ Kommersant သတင္းစာ က ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.